Friday, February 15, 2008

ငါမဟုတ်ဘူး ငါတို့

ငါတို့ဘာလုပ်ကြမလဲ ?
ငါတို့အခုဘာလုပ်နေကြလဲ ?
ငါတို့ရှေ့ဘာဆက်လုပ်ကြမလဲ ?
ငါတို့ရဲ့ရည်မှန်းချက်ကဘာလဲ ?
ငါတို့ရဲ့အဓိကရန်သူကဘယ်သူလဲ ?
ငါတို့ဘာတွေလုပ်နေလဲ ?
ငါတို့ရဲ့အနာဂတ်ဆိုတာကို ဘယ်တော့ရောက်မှာလဲ ?
ငါတို့ရဲ့ဦးတည်ချက်ကိုဘယ်တော့ရောက်မှာလဲ ?
ငါတို့မျိုးဆက်သစ်တွေကိုပေးဖို့ ဘယ်မှာလဲရောင်ခြည် ?

မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ
အနှစ် ၂၀ ရှိပြီ ဆိုတာသိကြလား
မြန်မာပြည်လူဦးရေ ၅၄ သန်းမှာ
စစ်အစိုးရ ၁၄ သန်းမရှိပါဘူး
ဘယ်သူကညံနေတာလဲ
ဘယ်သူကသာနေတာလဲ
ဘယ်သူကစည်းလုံးမှု မရှိနေတာလဲ
ဒါတွေဒါတွေ ငါတို့ပြန်သုံးသပ်ဖို့ အရမ်းလိုအပ်နေပြီ

1 comments:

နိုင်းနိုင်းစနေ said...

လူဦးရေ တစ်ဝက်က ပြည်ပရောက်နေတယ်လေ
ဟဲ့.. အကြီးမရဲ့း)