Thursday, November 29, 2007

ဟဲလို biggest ၏ဘော်ဒါ ဘော်ကျွတ် သူငယ်ချင်း ရောင်ရင်း နောင်တော် ဘကြီး ဖွားကြီး ကြီးဒေါ် ဒေါ်ကြီး အဒေါ် ဦးလေး ကုန်လောက်ပြီ ထင်ပါတယ် biggest ဘလော့ကိုလာကြည့်သော အချိန်မှာ ကိုယ် စိတ် နှလုံး သုံးပါးလုံး တစ်နေရာထဲ ရှိပါစေလို့ ဆုတောင်းပေးပါတယ်။ အရင်ဆုံးနှုတ်ဆက်ထားတာ လူလိမ္မာလေးမှန်းသိအောင်လို့ပါ။ ဒီလူတွေကို မကျေနပ်ဘူး။ ဇာတိကပြလာပြီ။ ဘယ်လောက်မှတောင်မကြာလိုက်ဘူး။ Heart ကို တည့်တည့်ထိတာ။ ဘယ်သူတွေလဲပြောပြမယ်။ ဒီလူတွေ . . .
၁။ နိုင်းနိုင်းစနေ # သူက “အသည်းတွေ ပလူပျံနေတာဘဲတဲ့” ဆိုလိုတာက လူကတော့ အသည်းပလူမပျံနိုင်ဘူးဆိုတဲ့သဘောပေါ့ ဟုတ်တော့ဟုတ်ပါတယ် ရှိထားတဲ့တစ်ခုတောင် ဘယ်ချောင်ကပ်နေလည်း မသိဘူး။
၂။ ဝကာင်္ပါ # သူက “အနော့်ဘလော့ကပြောင်းတိုင်း လှနေတာဘဲတဲ့” ဆိုလိုတာက လူကပုံစံပြောင်းရင်မလှဘူးဆိုတဲ့သဘောပေါ့။ ဟုတ်တော့လည်းဟုတ်ပါတယ် လူကပုံစံပြောင်းလိုက်ရင် သရဲကတောင်ပြန်ကြောက်ရတဲ့ရုပ်မျိုးပိုင်ဆိုင်တာ။
၃။ လေးမ # သူက “template လှလှလေးဘဲ လိုချင်တယ်တဲ့” ဆိုလိုတာက အနော်ကိုတော့ မလှလို့ မလိုချင်ဘူး ဆိုတဲ့ သဘောပေါ့။
၎။ အလွမ်းအိမ် # သူက “အဲဒီလောက်တောင်ရုပ်ဆိုးတာလားတဲ့” ဆိုလိုတာက တော်တော်ရုပ်ဆိုးပါလားလို့ မပြောချင်လို့ မေးခွန်း မေးသလိုနဲ့ သရဲမလို့ပြောလိုက်သလိုဘဲ။
၅။ မျှားပြား # သူက “အဆင်ပြေပါစေတဲ့” ဆိုလိုတာက လူကကြည့်ရအဆင်မပြေဖြစ်နေလို့ ဆုတောင်းပေးနေသလိုဘဲ။
၆။ မာန်လှိုင်းငယ် # သူက “ဘလော့လေးက လှလိုက်တာတဲ့” ဆိုလိုတာက လူကတော့ ချာတူးလန်ဘဲလို့ပြောလိုက်သလိုဘဲ။
၇။ ကောင်းကင်ကို # သူက “စာတွေကဟာသမြောက်လှချည်လားတဲ့” ဆိုလိုတာက လူက မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုတ်နေတာဘဲလို့ ပြောနေသလိုဘဲ။
၈။ ထားဝယ်သား # သူက “စာရေးကောင်းလှချည်လားတဲ့” ဆိုလိုတာက စာဘဲအရေးကောင်းတယ် ကျန်တာမကောင်းဘူး ဆိုတဲ့သဘောပဲ။
၉။ နေမိုးကြယ် # သူက “စာတွေရေးနေရလို့ မအားဘူးတဲ့” ဆိုလိုတာက အနော်က ၁၀၉ ၁၁၀ ပေါ့။ အနော်မှာအလုပ်ရှိတယ်။ အနော်က လယ်ယာပြန်စားရေးဌာနမှာ အကောင်ဘဲ အနော်ကို ဘယ်သူမှ မကျော်နိုင်ဘူး။ အကူအညီလိုရင်လည်းပြော ကူညီပေးနိုင်တယ်။
၁၀။ ဒီဝိုင်း # သူက “နာမည်မြင်တာနဲ့တင် ဖြုံသွားပြီတဲ့” ဆိုလိုတာက လူမြင်ရင် ကြောက်ပြီးထွက်ပြေးမယ်လို့ ပြောလိုက်သလိုဘဲ။ အနော်က ရုပ်ကလေးဆိုးတာနဲ့ စိတ်ကလေးပုတ်တာက လွဲရင် ကျန်တာအကုန်ကောင်းပါတယ်။

* အားလုံး ခေတ္တာခဏ ပြုံရွှင်နိုင်ကြပါစေ *

Read More...

အဖွားမာသို့မွေးနေ့ဆုတောင်း

အဖွားနေကောင်းပါစ ကျမ်းမာပါစ
အဝေးကနေ နှုတ်ခွန်းဆက်တဲ့
မြေးရဲ့ ကြေကွဲအသံ
အဖွားကြားနိုင်ပါစေ။

အဖွားရဲ့မွေးနေ့မှာ . . .
အဖွားပြည်သူ့မေတ္တာများနဲ့
ရွှင်လန်းပျော်ရွှင်ပါစေလို့လည်း
ရေခြား မြေခြား မိဝေး ဘဝေး
တစ်ခုသောနေရာမှ တိတ်ဆိတ်စွာနှင့်
မြေးဆုတောင်းပေးပါတယ်။

တိုက်ပွဲတိုင်းမှာ ရဲဝင့်ခဲ့တဲ့အဖွား
အမြဲတမ်းရဲဝင့်နိုင်ပါစေလို့လည်း
မြေးဆုတောင်းထောပနာပြုလိုက်ရပါတယ်။

မြန်မာမြေပေါ်မှာရှိတဲ့
အဖွားရဲ့ချွေး
အဖွားရဲ့ရဲရဲတောက်စိတ်ဓါတ်
အဖွားရဲ့မျှော်လင့်ချက်
အဖွားရဲ့ယုံကြည်မှု
အဖွားရဲ့ခံယူချက်
အဖွားရဲ့ပြုမူမှု . . .
များစွာကို
မြေးတို့ရင်ထဲမှာ ထာဝစဉ်
သိမ်းဆည်းပြီး
အကောင်အထည်ဖော်နိုင်အောင်
ကြိုးစားပါမည်ဟု
အဖွားကို လေးစားချစ်ခင်တဲ့
အဝေးတစ်နေရာမှာမြေး ကတိပေးပါတယ်။

Read More...

Wednesday, November 28, 2007


စောင့်ခိုင်းလိုက်တာ တော်တော်ကြာသွားတယ်နော်။ အရမ်းစဉ်းစားရင် ဆံပင်ဖြုသွားမှာစိုးလို့ မစဉ်းစားတော့ဘူး။ နေတိုင်းမြင်နေရတဲ့ သရဲအကြောင်းဘဲရေးတော့မယ်ဆိုပြီး ရေးလိုက်ရပါသည်။ သူငယ်ချင်းများမကြောက်ပါနဲ့နော် အဲ့ဒီသရဲက ကိုက်မစားတက်ဘူး။ အကောင်လိုက်မြိုဘဲချတဲ့သရဲပေါ့။
၁။ Internation High မဟုတ်တော့ ဂျပုပေါ့။ ဂျပုဆိုပြန်တော့လည်း ကိုယ်ထက်ပုတဲ့သူတွေအများကြီးဘဲဆိုတော့
ကိုလိုကန့်လန့်အရပ်ပိုင်ရှင်ပေါ့။
၂။ ကုလားမလောက်မမည်းသလို တရုတ်မလောက်လည်းမဖြူဘူး။ ရွှေအိုရောင်လို့တော့မထင်နဲ့နော်။
တံခါးနားမကပ်ရဲတဲ့အရောင်။ သိလား။ ပြောပြမယ်။ ပေါလစ်မတင်ထားတဲ့ တံခါးနားရပ်နေရင် တခါးနဲ့မှားမှားပြီး
လာလာခေါက်နေလို့။ မမည်း မဖြူ မဝါ မညို အမျိုးကုန်သွားပြီ။ ကြားကာလာပိုင်ရှင်ပေါ့။
၃။ မျက်လုံးကတော့ ကမ္ဘာမှတ်တမ်းဝင်လောက်အောင်မပြုးသလို ဘိန်းစားလောက်လည်းမမှေးတဲ့မျက်လုံးပေါ့။ မပြူး မမှေး တဲ့
မျက်လုံးတော့မဟုတ်ဘူး။ အတော်နေရှိတဲ့မျက်လုံးပိုင်ရှင်ပေါ့။ တခါတခါ လောကကြီးကိုစိတ်ကုန်လို့
တော့ထွက်ဖို့ပြောတာမဟုတ်ဘူးနော် ကိလေသာ၊တဏှာမကုန်နိုင်သေးလို့ ဟီး ဟီး ဘောင်ခတ်ကြည့်တယ်လို့ပြောချင်လို့ပါ။
တနည်းအားဖြင့် မျက်လုံးစပယ်ယာပတ်စ်အပိုပါတယ်။ မျက်လုံးလေးလုံးပိုင်ရှင့်ပေါ့။ မှန်ကြောင်ဆိုလည်းမမှားပါဘူး။
၎။ အနံဆိုးအနံကောင်းတွေကိုရှုနိုင်တဲ့နှာခေါင်းနှစ်ပေါက်ပါတယ်။ အသံမျိုးစုံစကားမျိုးစုံကိုနားထောင်ဖို့ နားပေါက်နှစ်ပေါက်
လည်းပါတယ်။ (ထူးဆန်းတယ်နော် တစ်ပေါက်တောင်မဟုတ်ဘူး နှစ်ပေါက်တောင်ပါတယ်)
၅။ ပြောသမျှစကားတွေကိုတခွန်းမခံပြန်ပြေတက်၊ သူများကိုအားမနာတမ်းဝေဖန်တက်၊ စားတဲ့နေရာမှာလည်းခေသူမဟုတ်တဲ့
ပါးစပ်ပေါက်တစ်ပေါက်ပါတယ်။
၆။ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းအပြင်တခြားအပိုမပါပါဘူး။
ရ။ ပြောဖို့ကျန်သွားလို့ ပြန်စစ်မှတွေ့လို ထည့်လိုက်ရတာ။ တော်ကြာဂတုံးကြီးလိုထင်နေမှာစိုးလို့။ ဆံပင်ကအပေါင်ရှင်းနေတဲ့
ဂတုံးမဟုတ်သလို ခြေဖျားလောက်လည်း မရှည်တဲ့ဆံပင်ပါရှိပါတယ်။ တွန်လိန် ကောက်ကွေး ကြိုးကျေ နံစော် ဆိုတဲ့
အဂါင်္ရပ်တွေနဲ့ပြည်စုံတဲ့ အမည်းရောင်ရှိတဲ့ဆံပင်ပိုင်ရှင်ပေါ့။

Read More...

ဟဲလိုအနော်၏ ဘလော့သူငယ်ချင်းများ အရာအားလုံးပြည့်စုံပါစေလို့ အရင်ဆုံးဆုတောင်းထောပနာပြုလိုက်ပါတယ်။ အနော် biggest တော့ သူငယ်ချင်းတွေဆီလျှောက်ကြည့်နေတာနဲ့ Post တင်ဖို့မလုပ်ရသေးဘူး။ မျက်လုံးညောင်းသွားလောက်အောင်ကို အစာကျွေးနေလို့။ ဘာရေးလို့ဘာရေးရမှန်းမသိဘူး။ ကုန်ကြမ်းလည်းမရ ကုန်ချောဆိုဝေးသေး။ မှုတ်ဖို့ကျတော့လည်း ကိုယ်ကမှုတ်နိုင်လောက်တဲ့အဆင့်မရှိနဲ့။ ခဏလေးစောင့် စဉ်းစားလျှေက်ကြည့်နေလို့။ နားမရှုတ်သွားနဲ့နော်။ လူတွေကိုလျှောက်ကြည့်ပြီး
စဉ်းစားရင်းကုန်ကြမ်းရှာနေရလို့။ waite . . . . . . .

Read More...

Tuesday, November 27, 2007

Hello biggest ရဲ့ သူငယ်ချင်းများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဒီကနေ့ biggest လူတစ်ယောက်အကြောင်း ပြောပြချင်လို့ပါ။ သူနာမည်ကချစ်သားကိုမောင်တဲ့။ ဒေါ်ခင်ခင်ချစ်နဲ့ ဦးကိုမောင်တို့ရဲ့သား...။ သြော် တော်တော် ခက်ခက်ခဲခဲ ပေးထားတဲ့နာမည်ဘဲ။ ဒင်းနာမည်ကအဓိကပြဿနာ။ အခေါ်အဝေါ်မှာပြဿနာတက်တော့တာဘဲ။ ဦးလေးတွေ အဒေါ်တွေ ကသားခေါ်တော့ သူကလည်းနှုတ်စွဲနေတော့ ကိုယ့်ကိုယ်ကိုလည်းပြောရင် သားကလေ သားကလေ နဲ့။ ပြဿနာရဲ့ အရင်းခံကအဲဒီကစတာဘဲ။ သူငယ်ချင်းတွေသူကိုခေါ်တာ ငါ့သားလေးတဲ့။ တခါက သားလေးဆိုသူက သုကြိုက်နေတဲ့ကောင်မလေး မေဦးကို ရည်းစားစကားသွားပြောတာမှာ ကောင်မလေးကလည်းသူထက်(၁)နှစ်၊(၂)နှစ်လောက် ကြီးတယ်။ အဲ့ဒီတော့ သားလေးက သူယဉ်ကျေးကြောင်း၊အရမ်းချစ်ကြောင်ပြတဲ့ အနေနဲ့ရည်စားစကားပြောလိုက်ပုံက“မေမေ သားသားကိုချစ်လား”တဲ့။ ကောင်မလေးကို အဖျားဆွတ်ပြီး ချစ်စနိုးနဲ့ခေါ်လိုက်တာဘဲ။ ကောင်မလေးကလည်း ပြန်ပြောလိုက်ပုံက “သားသား မေမေကိုချစ်တာ ဗိုက်ဗိုက်ထဲကလား” တဲ။့ သားလေးဆိုတဲ့ကောင် သူပြောတဲ့စကားဘယ်လိုဖြစ်သွားတယ်ဆိုတာ သိလည်းသိရော တချိုးထဲလစ်ထွက်လာတာ။ သူနာမည်ကသားဆိုတာကြီးကို ဖြုတ်လိုက်တဲ့အထိဘဲ။ အဲ့ဒါကိုမမှတ်သေးဘူး။ ဘယ်သူဘယ်လို မြှောက်ပေးလိုက်လည်းမသိဘူး။ မောင် ဆိုပြီးဖြစ်သွားပြန်တယ်။ တမောင်ထဲ မောင်နေတော့တာဘဲ။ တခါက သူတစ်ခါလောက်မြင်ဘူးတဲ့ကောင်မလေးနဲ့ ကျောင်းမှာပြန်ဆုံတော့ မြင်ဘူးသလိုလိုနဲ့ဘယ်မှာမြင်ဘူးမှန်း မသိတာနဲ့ ကောင်မလေးကို သွားမေးလေရဲ့။ မေးပုံက “မောင့်ကိုသိလားတဲ့” ကောင်မလေးကပြန်ပြောပုံကလည်း “မောင့်ကိုတော့ မသိဘူး မောင်းတော့ သိတယ်တဲ့ ထုဘူးလိုတဲ့” အဲ့ဒီလိုနဲ့ ရှိသမျှနာမည်လည်းကုန်တော့မယ်။ ဘယ်သူက ထက်ချွန်ပေးလိုက်မှန်းမသိဘူး ကို ဖြစ်သွားပြန်တယ်။ ကို ကလေ ကို ကလေ နဲ့တစ်ကိုထဲကိုနေတော့တာဘဲ။ အဲ့ဒါလည်း အမျိုးမျိုးအစခံနေရတာ “ကို ဆိုတော့ ခေါင်းပြတ်ကြီးပေါ့နော်”“ကို ကိုမလိုချင်ဘူး ခေါင်းဘဲလိုချင်တယ်”“ကို မလာနဲ့ နံလိုနဲ့ ခေါင်းဘဲလာခဲ့နဲ့” ပတ်ဝန်းကျင်ရဲ့ အမျိုးမျိုး ရိုက်ခတ်မှုကြောင့် အခု သားလေးခေါ် မောင်ခေါ် ကို ဆိုသူက သူကိုသူကို အနော်ဆိုပြီး ပြောင်းသုံးနေရပါပြီ။ . . . . .

Read More...

ံHello Biggest၏ သူငယ်ချင်းများ နေကောင်းပါစ။ ပျော်ရွှင်ပါစ။ Biggest တစ်ယောက်တော့ ဒီနေ့မှဘဲ ပျော်နိုင်တယ်။ လက်အငြိမ် မနေနိုင်ဘဲ မတောက်တခေါက် ပညာသားမဝတဝ ဆရာကြီးကိုက်နဲ့ လျှောက်ကလိလိုက်တာ ဒုက္ခနဲ့လှလှ တွေသွားလို့။ လှလှကလာမတွေဘဲ ဒုက္ခကလာတွေ့လို့ အခုမှဘဲ အစဉ်ပြေပြီး လှလှနဲ့တွေတော့တယ်။ နောက်များမှ ပြန်လည်တွေကြပါဆို့။ လောလောဆယ်တော့ မလည်တာကြာနေတဲ့သူငယ်ချင်းတွေဆီသွားပြီး ပေါက်ကရအတင်း အဲ့ အဲ့ မှားလို့ ဝေဖန်စာလေးတွေ သွားကြဲလိုက်အုံးမယ်နော်။
ပြန်လည်ဆုံဆည်းကြပါစို့။

Read More...

Friday, November 23, 2007

Hello biggest ၏ blog ဘော်တာ ဘော်ကျွတ်များ အားလုံးကို အနူးနှင့်အညွန့်ပေါင်းပြီးတောင်းပန်အပ်ပါသည်။ အနော် biggest လက်အငြိမ်မနေနိုင် ခြေအငြိမ်မနေနိုင် ဟိုကလစ် ဒီကလစ် ဟိုကလိ ဒီကလိ လိုက်တာ Page Element တွေ အကုန်ပျောက်ကုန်လို့ ပြန်လည်၍ ကြိုးစားနေဆဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ biggest ၏ ခေါင်းငုံနေသော အတွင်းရေးမှုးမလေးကို ကြည့်၍ စိတ်ကျေနပ်ပျော်ရွင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ တစ်ခုတော့မှာချင်ပါတယ် သူကရှက်တက်လို့အရမ်းမကြည့်ပါနဲ့။ အသာလေးဘဲကြည့်ပါ။ Biggest ၏ဆီပုံးကလည်း ဆီထုတ်ဖို့ တန်းစီနေရတာမို့ ဒီမိုကရေစီမရသေး၍ ဆီလည်းမရနိုင်သေးပါ။ ထိုကြောင့် comments လေးတွေဘဲထားခဲ့ပါလို့ အမှာစကားပါးအပ်ပါသည်။
ကြိုးစားဆဲကာလမှ biggest.
Thank

Read More...

Wednesday, November 21, 2007

Hello biggest blog ကိုလာလည်ကြကုန်သော biggest ၏ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်၊ ဘကြီး၊ ဒေါ်ကြီး၊ အဖိုး၊ အဖွား၊ ယောကျာ်း၊ မိန်းမ အားလုံးကို ကျေးဇူးဥပကရ တင်ရှိပါသည်။ လာလည်သူအားလုံး မင်္ဂလာအပေါင်းနှင့် ခါးညောင်း၊ မျက်စိညောင်း၊ အဲ အဲ မှားလို့ ပြည့်စုံပါစေ လို biggest က ဆုတောင်းထောပနာ ပြုလိုက်ပါတယ်။ မင်္ဂလာသက္ကရာဇ် ၁၃၀၀ ကျော် ( မသိလို့ဝါးချတာ ) တန်ဆောင်မုန်းလဆန်းရက်တစ်ရက်အချိန်ခါမှာ မင်္ဂလာဖြစ်သော Let It Be blog ကို လာလည်ကြသော မင်္ဂလာဆောင်ပြီးသော အဲ အဲ ထပ်မှားပြန်ပြီ ကျက်သေ အော်မှားပြီးရင်မှားနေတယ် သူအားလုံးကျက်သရေ မင်္ဂလာ အဖြာဖြာ တိုးပွားပါစေလို့ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ မတောက်တစ်ခေါက်မှုတ်လိုက်အုံးမယ် hello, how long, how are u? ။ ဤကနေ့ biggest ပြောချင်တကတော့ biggest ၏ တနေ့စာတာဝန်ကြီးများဘဲ ဖြစ်ပါတယ်။ ဤတာဝန်များက ရုံးပိတ်ရက်မှ အပ နေ့တိုင်း ထမ်းဆောင်ရပါတယ်။ ကဲ စပြီ . . .

☺☺☺ မနက်မိုးလင်း(ရ)နာရီမှမျက်လုံးတစ်စုံဖွင့်၍ရပါသည်။ (၅)မိနစ်၊(၁၀)မိနစ်လိုလည်းမပွင့်သေးပါ။ ဘယ်လိုလုပ်သိလည်းမမေးနဲ့ တဖက်ဖွင့်ပြီးကြည့်၍သိခြင်းဖြစ်ပါသည်။
☺☺☺ (ရ)နာရီထိုးပြီ အနော်biggestအိပ်ရာထလာပါပြီ။ အဲ့ဒီအချိန်မှာbiggest၏ ကျေးဇူးရှင်မိဘနှစ်ပါးကလမ်းကြောင်း ရှင်းပေးပြီးဝေးဝေးရှောင်နေကြရပါသည်။ Why?အရှိန်မပြေသေးလို့ပါ။ အဲဒီအချိန်မှာမျက်လုံးနှစ်လုံးကဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတဲ့ အချိန်ဖြစ်ပါသည်။ မျက်လုံးနှစ်လုံး လုံးဝပွင့်သွားအောင်မျက်နှာသစ်တဲ့နေရာဆီကို သွားသောကြောင့်ပါ။
☺☺☺ ထိုနောက်ပုံမှန်ဖြစ်သွားတဲ့အနော်biggest ပြုလုပ်စရာကိစ္စအဝဝကိုဆောင်ရွက်ပါသည်။
☺☺☺ ထိုနောက်(၈)နာရီမှာအင်္ဂလိပ်စာသင်တန်းသွားတက်ရပါသည်။ သူပြိုင်ကိုယ်ပြိုင် အပြိုင်မှုတ်နေကြတဲ့အတန်းပေါ့။ မမှုတ်နိုင်တဲ့ biggestတစ်ယောက်ကတော့ ရေနွေးတစ်ခွက်ယူသွားတယ်။ သူများကိုမှုတ်ဖို့မဟုတ်ဖူး။ သူတို့အစားမောလို့ ကိုယ်ဘာသာကိုယ် သောက်ဖို့ယူသွားတာ။ အမယ်လေး ဆရာကအရပ်ရှည်သလောက် လေကလည်းရှည်တယ်။ biggest တစ်ယောက်ရုံးကို (၁၀)နာရီလောက်မှရောက်တယ်။
☺☺☺ ကဲရုံးတော့ရောက်ပြီတွေသမျှလူကို ကရင်လို့၊ ထိုင်းလို့၊ ဗမာလို့၊ အင်္ဂလိပ်လို့၊ တရုတ်လို့၊ ကုလားလို့ တက်သလောက် မှတ်သလောက်နဲ့အချောင်း(၃၀)သောသွားများ(နှစ်ချောင်းက အခုမှငယ်သွားလဲလို့ကျိုးနေတယ်)နဲ့ အစွမ်းကုန်နှုတ်ဆက် ရပါတော့တယ်။
☺☺☺ ကဲအားလုံးကိုနှုတ်ဆက်ပြီးသွားပြီ။ ထိုနောက်အတွင်းရော၊အပြင်ရောvirousရှိနေတဲ့အနော်၏ဖုန်အလူးလူးတက်နေသော ကွန်ပျုတာကိုသန့်ရှင်းရေးလုပ်ရပါသည်။ အပြင်သန့်ရှင်းရေးလုပ်ပြီးရင် အတွင်းသန့်ရှင်းရေးလုပ်ရပါသည်။
☺☺☺ ကဲကွန်ပျုတာအတွင်းသန့်ရှင်းရေးလုပ်နေတဲ့အချိန် ကောင်ဖီတစ်ခွက်လောက်သောက်လိုက်ပါသည်။ ထိုနောက်သူများမုန့်ကို မျက်နှာချိုသွေးပြီး အားမနာတမ်း ပိုင်ရှင်ကိုမကြည့်ဘဲ(ကြည့်နေရင်မစားဖြစ်မှာစိုးလို့)ကော်ဖီနှင့်စားပါသည်။ စားရင်လည်းတခုနှင့် မကျေနပ်နိုင် နှစ်ခုစားရမှကျေနပ်ပါသည်။ မှုတ်ထားတာအားတော်တော်ကုန်ပြီး ဗိုက်စာနေ၍လည်းဖြစ်ပါသည်။
☺☺☺ ကဲဗိုက်လည်းပြည့်သွားပြီသန့်ရှင်းရေးတွေလည်းလုပ်ပြီးသွားချိန်မှာတော့ ကွန်ပျုတာရှေ့ထိုင်ပြီးမနားတမ်း ဝက်ဆိုဒ်တွေ၊ ဘလော့တွေ၊ သတင်းတွေ တက်ကြည့်ပါသည်။
☺☺☺ အီးမေးလ်တွေမနားတမ်းဖတ်၊ ခြေရာတွေမနားတမ်းရှာ၊ လက်တို့ပြီးမနားတမ်းသွားပြော၊ ဘာညာ သာရကာ နေကြာ ကွာစေ့ ဆိုပြီးစိမ်းလာသမျှလူတွေနဲ့လည်းchatရပါသည်။
☺☺☺ ဒီလိုနဲ့နေလည့်ရောက်ချိန်မှာတော့ ကိုယ်အတွင်းမှvirousများ၏အလိုအရ မစားချင်စားချင်နှင့်ထမင်းနှစ်ပန်းကန်လောက် သွားတီးလိုက်ပါသည်။
☺☺☺ နေ့လည်ပူအိုက်ချိန်ဆိုတော့ပန်ကာလေးကလည်းဖွင့် ထမင်းလေးကလည်းစားပြီးချိန်ဆိုတော့မျက်လုံးလေးကတစ်ဝက်ဘဲ ဖွင့်နိုင်တော့တယ်။
☺☺☺ အပြည့်ဖွင့်နိုင်အောင်ဘာလုပ်ရမလဲစဉ်းစား၊စဉ်းစားအော်သိပြီသီချင်းနားထောင်မည်။ ဟစ်ဟော့၊ရပ်စ်၊ပန့်၊ဒန့်စ်၊အကုန် နားထောင်မတိုးတော့ဘူး တဝက်ရဲ့တဝက်ဘဲမျက်လုံးကဖွင့်နိုင်တော့တယ်။
☺☺☺ အဲဒါနဲ့ အင်တာနက်ပေါ်တက်ရှာပြီးကိုရီးယား၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ ဥရောပ ရှိသမျှနိုင်ငံများရဲ့သရဲကားတွေကို ထိုင်ကြည့်ရပါတော့တယ်။
☺☺☺ ရှည်လျှားလှတဲ့သရဲကားတွေကို ဇာတ်ကောင်သရဲနေရာဘဲကြည့်တယ် ကျန်တဲ့လူတွေရဲ့အခန်းတွေမကြည့်ဘူး။ Line connection မကောင်းလို့။ သရဲကြည့်ချင်လို့သရဲကားကြည့်တာလေ။ လူကားကြည့်ချင်မှတော့ Druma ကားဘဲ ကြည့်တော့မှာပေါ့။
☺☺☺ သရဲကားကြည့်ပြီးအညောင်းညာပြေခေါင်းကြည့်အောင် ကော်ဖီလေးတစ်ခွက်ထပ်သောက်ပါ၏။ ထိုနောက်ဟိုရောင်ရောင် ဒီရောင်ရောင်ဟိုကလစ်ဒီကလစ်လုပ်ပြီး အလုပ်များချင်ယောင်ဆောင်ရပါသည်။
☺☺☺ တခါတရံ casino world ထဲဝင်ပြီးဥာဏ်သွားစမ်းပါသည်။
☺☺☺ အော် အလုပ်များနေတာနဲ့နာရီတောင်မကြည့်မိဘူး။ (၅)နာရီရှိနေပြီဘဲ။ နောက်ကျနေပြီအိမ်ပြန်တော့မှ . . .
☺☺☺ အိမ်ရောက်မှအမှန်အကန်အလုပ်ရှုတ်ပါသည်။ မညာပါဘူးတကယ်ပြောတာပါ။ အနော်biggestကိုပိန်သွားအောင်လို့ စက်ပါးစပ်နှင့်ကျေးဇူးရှင်မိနှင့်ဖက မနားတမ်းကိုမောင်းပါသည်။
☺☺☺ အော် (၈)နာရီထိုးလို့ထိုးသွားမှန်းတောင်မသိဘူး။ ညစာစားဖို့ပြင်ရဆင်ရစားရသောက်ရနဲ့(၉)နာရီခွဲသွားမှန်းတောင် မသိလိုက်ဘူး။ အော်အချိန်ကလည်းကုန်မြန်လိုက်တာ။ နောက်ဆုံးသတင်းလေး ဖြစ်တဲ့ VOA လောက်ဘဲ နားထောင်ရတော့တယ်။ ထိုနောက် မျက်လုံးကမှိတ်သွားပါတော့သည်။

The End. . . . . . .

Read More...

Tuesday, November 20, 2007

အဖေသို့ . . .

နွေဦးရာသီမှာ အဖေဟာ
သမီးအတွက် အရိပ်ကောင်းပြီး
အေးချမ်းစွာနားခိုနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ပေါ့။

မိုးဦးရာသီမှာ အဖေဟာ
မိုးဒဏ်၊လေဒဏ် မခံရအောင်
ကြိုးစားအကာအကွယ်ပေးနေသော
ခိုင်ခံတောင့်တင်းတဲ့ အိမ်ကြီးတစ်အိမ်ပေါ့။

ဆောင်းဦးရာသီမှာ အဖေဟာ
အေးခဲမှု၊အေးစက်မှုတွေ ပပျောက်အောင်
အစွမ်းကုန်နွေးထွေးမှုတွေ ပေးနေတဲမီးလင်းဖိုကြီးပေါ့။

သစ်ပင်လိုအေးချမ်းတဲ့ အဖေ
တံတိုင်းလို့ခိုင်ခဲ့တဲ့ အဖေ
မီးလင်းဖိုလို့နွေးထွေးတဲ့ အဖေ။

အဖေ့ရဲ့ နောက်ဆုံးအသက်ရှုသံတောင်ကြားခွင့်မရှိ
အဖေ့ရဲ့ နောက်ဆုံးနွေးထွေးတဲ့အကြည့်တောင်မခံလိုက်ရ
အဖေ့ကို နောက်ဆုံးနှုတ်ဆက်စကား၊နောက်ဆုံးနှုတ်ဆက်အပြုံး
အဖေ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကလေးတွေကိုတောင်မမြင်လိုက်နိုင်ခဲ့
အဖေ့ရဲ့ နောက်ဆုံး . . . နောက်ဆုံး . . . သမီးကိုနားလည်နိုင်ပါစေ။

*မဖြူဖြူသင်းနှင့် တမလွန်ကို ရောက်ရှိသွားသော သူ့ဖခင်အတွက် ခံစားနားလည်မှုနှင့် ရေးသားဂုဏ်ပြုလိုက်ရပါသည်။*

Read More...

လူတချို့


လူတချို့ မွေးဖွားတဲ့အချိန်မှာ
လူတချို့ ဟာသေဆုံးသွားကြတယ်။

လူတချို့ ပျော်ရွှင်ချိန်မှာ
လူတချို့ ဟာဝမ်းနည်းနေကြတယ်။

လူတချို့ ငွေကိုရေလိုသုံးနေကြချိန်မှာ
လူတချို့ ဟာငွေအတွက်စတေးမှုပေါင်းများစွာပြုလုပ်နေကြရတယ်။

လူတချို့ ဝမ်းစာပြည်မောက်လျှံလျှက်ရှိနေချိန်မှာ
လူတချို့ ဟာဝမ်းစာအတွက်တောင်းရမ်းစားသောက်နေကြရတယ်။

လူတချို့ ဟာအဆင့်မြင့်ပညာသင်ယူနေချိန်မှာ
လူတချို့ ဟာဝလုံးအတန်းကိုမနည်းသင်ယူနေရတယ်။

လူတချို့ ချမ်းသာဖို့အတွက်
လူတချို့ ဟာနဖူးကချွေးခြေမ ကျအောင်ရုန်းကန်ပေးနေကြရတယ်။

လူတချို့ ဟာအမှန်တရားအတွက် အသက်စတေးနေချိန်မှာ
လူတချို့ ဟာအာဏာတည်မြဲဖို့အတွက် ဘုရားတနေကြတယ်။

လူတချို့ အာဏာတည်မြဲဖို့အတွက်
လူတချို့ ရဲ့အနာဂတ်တွေပေးဆပ်ခဲ့ရတယ်။

လူတချို့ . . . လူတချို့ . . . လောကနိယာမ ဘယ်မှာလဲ . . .

Read More...



ခေတ်ပြိုင်မှ ကဗျာလေးကို ပြန်လည်ဖော်ပြလိုက်ပါသည်။

Read More...

Monday, November 19, 2007

ဖြစ်ခွင့်

ဖြစ်ချင်တာတွေသာ
ဖြစ်ခွင့်ရရင်
ငါဟာ. . .
အဖြစ်မရှိတဲ့ကောင်
ဖြစ်သွားမယ်ထင်တယ်။
ဖြစ်ချင်တာတွေကို
ဖြစ်အောင်လုပ်ရင်
ဖြစ်ကိုဖြစ်နိုင်ပါတယ်
အဲ့ဒီအချိန်မှာ
ဖြစ်ခွင့်ဟာဖြစ်ကိုဖြစ်သွားပါတယ်။

Read More...

တခါတရံ(သို့)အမြဲတမ်း ကြည့်မရံကြည့်မရတဲ့သူများ

biggest တစ်ယောက် ကြည်လို့မရတဲ့ သူသိပ်များတယ်။ တခါတရံ ကိုယ့်ကိုကိုယ်တောင် ကြည့်မရလို မှန်တောင်မကြည့်ဘူး။ မနာလိုတာလား ကြည့်မရတာလား ကိုယ့်ကိုကိုယ်တောင် မသိတော့ဘူး။

► ရုပ်ချောတဲ့သူတွေကို ကြည့်မရဘူး။ ( ရည်စားများလို )
► ရုပ်ဆိုးပေမဲ့ စန်းပွင့်တဲ့လူတွေကို ကြည့်မရဘူး။ ( ရုပ်ဆိုးတာခြင်းအတူတူ သူတို့ကစန်းတခုပိုနေတယ် )
► အရပ်ရှည်တဲ့လူတွေကို ကြည့်မရဘူး။ ( သူတို့နဲ့ ယှဉ်လျှောက်ရင် ဂျပုလို့ အမြဲအပြောခံရလို့ )
► အဖေ အမေတောင် သိပ်ကြည့်ရတာမဟုတ်ဘူး။ ( ပွစိပွစိ ပြောလွန်းလို့ )
► post များများရေးတဲ့ blogger တွေကိုလည်း ကြည့်မရဘူး။ ( သူတို့ကိုအားကျလို့ လိုက်ရေးတာ ကံကောင်းလို့ အလုပ်မပြုတ်တယ် )
► template လှလှလေးတွေ လုပ်ထားတဲ့ blogger တွေကိုလည်း ကြည့်မရဘူး။ ( သူတို့လို့ လိုက်ပြောင်းတာ ကိုယ့်က မတောက်တခေါက်နဲ့ ဆိုတော့ ဖြစ်ချင်တိုင်းကိုဖြစ်နေတာ )
► ကိုယ်ကိုလာကြည့်တဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( ရုပ်ချောလို့ကြည့်တာ မဟုတ်မှန်း ကိုယ်ကိုကိုယ့်သိတယ် )
► ရုံးကလူကြီးတွေကိုလည်း ကြည့်မရဘူး။ ( မပြောရဲလို့သာ ဟီးဟီး )
► အိမ်နားက ခွေးလည်း ကြည့်မရဘူး။ ( သူများဆို့ မဟောင်ဘူး အနော်လာပြီဆို ဟောင်ပြီ နှုတ်ဆက်တာလား ကြည့်မရတာလားမသိဘူး )
► အိမ်မှာနေတဲ့ ကြောင်ကိုလည်း ကြည့်မရဘူး။ ( တညောင်ညောင်နဲ့ စားပြီးလည်းအော် မစားရသေးလည်းအော်နေတာ )
► စကားချိုချို ပြောတဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( အဲ့ဒီလူက အဆိုးဆုံးဘဲ ပညာသားပါပါနဲ့ ခိုင်းတာခံရ အခက်ဆုံးဘဲ )
► စကားပြော ကြမ်းတဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( နားဖြတ်ပစ်ချင်လောက်အောင်ကို အပြောကြမ်းတာ )
► ရေသာခိုတဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( သူတို့က ရေသာခိုနေတော့ ကိုယ်ကနှစ်ဆ ပင်ပန်းတာပေါ့ )
► ဟန်ဆောင်တဲ့ လူတွေကိုလည်း ကြည့်မရဘူး။ ( ညာပြီးဟန်လုပ်နေလို့ ပဲများလွန်းလို့ )
► သူများပစ္စည်းခိုးတဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( သူတို့ကိုယ်ချင်းစာအောင်သူတို့ပစ္စည်းကိုပြန်ခိုးချင်စိတ်ပေါက်ပေါက်လာလို့ )

Read More...

Sunday, November 18, 2007













Read More...

Saturday, November 17, 2007

ဒီကဗျာလေးကိုတော့ လူတိုင်းသိကြပါတယ် ငယ်ငယ်ကတိုင်ခုထိ အလွတ်ရနေတဲ့ ကဗျာလေးပါ။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြားများခုတိုင်
ကြံကြံခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာ လေးဆယ်ခွန်
ပြောင်းကြတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညိုး
ဇူလိုင်တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား

Read More...

Friday, November 16, 2007

တို့တွေငယ်ငယ်က သင်ခဲ့ရသော ကဗျာပါ။ စတုတ္တတန်းဖတ်စာအုပ်ကပါ။

ဆုံးမစာ

အစာနှင့်ခိုင်း၊ ဝမ်းကိုနှိုင်း၊ ဝင်တိုင်းမစားနှင့်
ဆင်ခြင်တွေးတော၊ သူ့သဘော၊ ပြောတိုင်းမယုံနှင့်
မိတ်ဆွေတို့မှာ၊ ဖြောင့်မှန်စွာ၊ သစ္စာမဖောက်နှင့်
မလေးမစား၊ သူတပါး၊ လှည့်ဖြားမလိမ်နှင့်
မိတ်ဆွေဖော်သင်း၊ လူချစ်ချင်း၊ သတင်းမပျက်နှင့်
အမှားမလိုက်၊ အမှန်ကြိုက်၊ စရိုက်ကောင်းအောင်ကျင့်ရမည်
မှီကောင်းဆရာ၊ ဆုံးမခါ၊ စိတ်မှာ စွဲမှတ်နာရမည်
မပြုခင်က၊ စဉ်းစာကြ၊ ကိစ္စအသွယ်သွယ်
အမှားကိုပစ်၊ အမှန်ချစ်၊ စင်စစ်ချမ်းသာဖွယ်
အမှားကိုချစ်၊ အမှန်ပစ်၊ စင်စစ်ဆင်းရဲမယ်

Read More...

Wednesday, November 14, 2007

ဆောင်းတွင်းလေး

ဆောင်းတွင်း အေးအေး
နှင်းဖြူဖွေးဖွေးလေး တွေနဲ့
လထိန်ထိန်သာနေချိန်
လွမ်းစရာ ဒီဆောင်းညမှာ
ငါဆိုတဲ့ကောင်ကတော့. . .
မွေ့ယာထူထူ
ဂွမ်းစောင်ပါးပါးလေးနဲ့
ကွေးကွေးလေးဘဲ အိပ်နေမိတယ်။

Read More...

biggest မရှိတုံး biggest blog ကိုလာလည်ကြတဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါသည်။ biggest အလည်လွန်သွားလို ၃ ရက်လောက် ပိုစ့် မတင်ဖြစ်တဲ့ အတွက် အထူးတောင်းပန်အပ်အပ်ပါသည်။ အတတ်နိုင်ဆုံး ပိုစ့်တင်နိုင်အောင်ကြိုးစားပါမည်။

Read More...

Saturday, November 10, 2007

အမေသို့ ပေးပို့လွှာ

အမေက. . .
ပညာတက်ကြီး ဖြစ်စေချင်တာ
အခုတော. . .
သားက
နိုင်ငံရေးသမားကြီး ဖြစ်နေပြီ။

သားငယ်ငယ်က အမေပြောပြဖူးတယ်
ထောင်ဆိုတာ ဆိုးတဲ့လူတွေမှ သွားတာတဲ့။

အခုတော့. . .
သားထောင်သားကြီးလုံးလုံး ဖြစ်နေပါပြီ။

ဒါဟာ. . .
သားဆိုးလို့ မဟုတ်ဘူး ဆိုတာ အမေသိပါတယ်
လူဆိုး၊လူယုတ်မာတချို့ရဲ့ ယုတ်မာမှုကြောင့်
အမေနဲ့သား ရှင်ကွဲကွဲနေတာပါ။

သားဟာ. . .
အမေ့ရဲ့ နို့တစ်လုံးဖိုးမပြောနဲ့
အမေ့ဆီက ကျသွားတဲ့ ချွေးတစ်စက်စာတောင်
မကြေနိုင်သေးပါဘူး။

အမေ့ရဲ့. . .
နောက်ဆုံးကျန်တဲ့ သတ်တမ်းလေးမှာတောင်
အမေ့ဆန္ဒ မဖြည့်ပေးနိုင်သေးတဲ့
သားမိုက်တစ်ယောက်ပါ။

အမှန်တရားအတွက် အလုပ်လုပ်နေတဲ့သားကို
အားပေးခဲ့တဲ့ အမေ့ရဲ့ စကားသံ
အဓပ္ပါယ်ပြည်ဝတဲ့ အမေရဲ့စာနာနားလည်ပေးသံ
မေတ္တာဓါတ်တွေလွှမ်းခြုံထားတဲ့ အမေရဲ့မေတ္တာရင်ခွင်
နူးညံသိမ်မွေ့ပြီး၊အဓပ္ပါယ်ရှိ၊လေးနက်တဲ့ အမေ့ရဲ့ဟန်ဆောင်မှုကင်းတဲ့အပြုံး

ဒါတွေ ဒါတွေကို. . .
နံရံတွေနဲ့ ပိတ်လှောင်ထားတဲ့
အလင်းရောင်မဲ့ အခန်းလေးထဲမှာ
သားတစ်ယောက်ထဲ အမေ့ကိုတမ်းတရင်း
အမေကျမ်းမာနိုင်ပါစေလို့ ဆုတောင်းသံကို
အမေနှလုံးသားမှ တဆင့်ကြားနိုင်ပါစေ။

Read More...

Friday, November 9, 2007

biggest ၏ကြောင်တောင်တောင် အူကြောင်ကြောင် စိတ်ကူးလေးတွေကို သူငယ်ချင်းတွေကို ပြောပြပါရစေ။ ကဲ. . . စပြီ

ကွန်ပျုတာ
ကောင်း ။ ။ အခုလို ခေတ်မှီနေတဲ့ ခေတ်ကြီးမှာ ဆက်သွယ်ရေးအတွက် အလွန်အသုံးဝင်ပြီး မရှိမဖြစ် ပစ္စည်းကိုဖြစ်နေပြီ။
မကာင်း ။ ။ ကွန်ပျုတာ ပေါ်လာတဲ့အတွက် လူတွေဦးနောက်ကို သိပ်မသုံးချင်ကြတော့ဘူး။ ဥာဏ်ထိုင်းလာကြတယ်။ biggest အပါအဝင်ပေါ့။ အခုဆို ၂ နဲ့ ၇ ပေါင်းဖို့ကိုတောင် ဦးနောက်ကို သိပ်မသုံးချင်တော့ဘူး။ ကွန်ပျုတာဖွင့်ပြီး Excel ထဲမှာ သွားပေါင်းရတဲ့ အဆင့်ထိရောက်နေပြီ။ အဲဒီလောက်ကို biggest တို့ကဆိုးဝါးနေတာ. . .

MP3 PLAYER
ကောင်း ။ ။ ပျင်းနေတဲ့ အချိန်မှာတော့ သူကအကောင်းဆုံး အဖော်မွန်ပါဘဲ။
မကောင်း ။ ။ တစ်ခါက ကောင်လေးတစ်ယောက် မျိုးကြီးသီချင်းဖွင့်ထားတာ သူရှေ့က ၄၊ ၅ လှမ်းလောက်ကွာတဲ့ biggest တောင် အကုန်ကြားနေရတယ်။ ငယ်ငယ်ရွယ်ရွယ် ရုပ်ကလေးသနားးကမားနဲ့ သနားပါတယ် နားလေးနေရှာပြီ. . .

တယ်လီဖုန်း
ကောင်း ။ ။ ဆက်သွယ်ရေးမှာ သူမရှိလိုကို မဖြစ်ဘူး။ အရေးကြီးတဲ့ အရာဘဲ။ (ဒါမှ ဆက်သွယ်ရေးက စားပေါက်မပိတ်မှာပေါ့နော်)
မကောင်း ။ ။ မကောင်းတာက လူကတစ်နေကုန်ပင်ပန်းပြီး အိပ်ချင်နေပြီ မှေးခနဲ့ အိပ်ပျော်တုံး ရှိသေးတယ် ကလင် ကလောင်နဲ့ မြည်လာပြီ။ နိုင်ငံခြားက သူငယ်ချင်းဆီက ကိုယ်နိုင်ငံမှာ ည သူနိုင်ငံမှာက နေ့ ဖြစ်နေတာက ပြဿနာ။ အိပ်ပြီလား အစောကြီးဘဲ ရှိသေးတယ်တဲ့ ကိုယ်ဆီမှာည ၁၂ နာရီက သူဆီမှာနေ့ ၁၂ နာရီ သေရော။ ပြန်ဟောက်ရအောင်လည်း တစ်ခါတရံမှ ဆက်တဲ့သူငယ်ချင်း အားတဲ့အချိန်လေးဆက်ရတာပါတဲ့။ ကဲမထူးတော့ဘူး. . . သူတောင် ဖုန်းခ အကုန်ခံနိုင်သေးတာဘဲ ပြောပေးလိုက်မယ် ကိုယ်ကအလားကားပြောရတာကို။ အဲဒီလိုနဲဘဲ တစ်ခါတရံမှ ဆက်တဲ့ သူငယ်ချင်းတွေက များလာတော့ သေတာဘဲ။ ဖုန်းပိတ်အိပ်ပေါ့လို အကြံမပေးနဲ့။ ပိတ်အိပ်ဖူးတယ်။ ကံကောင်းလို အိမ်ပေါ်ကမဆင်းရတယ်။ ဘာဖြစ်တာလဲ ပြောပြမယ်။ တစ်ခါ biggest အဖေနဲ့အမေ မွေးနေ့ပွဲသွားတာ biggest တော့ပင်ပန်းနေလို့လိုက်မသွားတော့ဘူး။ အခန်းထဲမှာ အိမ်တံခါးပိတ်ပြီး အဖေနဲ့အမေ ကိုစောင့်ရင်းအိပ်ပျော်သွားလိုက်တာ။ ကံကောင်းလို့အိမ်မပြိုတယ်။ ပါးစပ်နဲ့မတိုးလို့ ဘေးအိမ်တွေကပါ ခဲနဲ့ဝိုင်းပေါက်ပြီး နိုးပေးရတဲ့အဆင့်ထိရောက်သွားရတယ်။ အဲဒါ ဖုန်းပိတ်ပြီး အိပ်တဲ့ အကျိုးပေါ့။

နာရီ
ကောင်း ။ ။ အချိန်က လူ့ဘဝ အတွက်အရေးကြီးဆုံးဘဲကိုး။ biggest ဆို အပြင်သွားရင် နာရီ မပါရင်ကို မသွားတက်တော့ဘူး။
မကောင်း ။ ။ တစ်ခါက အလှုတစ်ခုသွားတယ်။ လူကလည်း အပျံစားပေါ့။ ရှိုးအပြည့် ဂိုက်အပြည့်ဘဲ။ အလှုမှာ စားသောက်ပြီး စကားစမြည်ပြောနေကြတာပေါ့။ အဲဒီမှာ အလှုကိုလာတဲ့ ဧည့်သည်တစ်ယောက်က biggest မှာ နာရီပတ်ထားတော့ လာမေးတာပေါ့။ "ဘယ်နှစ်နာရီ ရှိပြီလဲတဲ့" ကိုယ်မှာနာရီပတ်ထားလို့ နာရီလာမေးတာ သူ့အပစ်မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ကကို လှချင်လို့ ပတ်သွားမိတဲ့ ရွှေနာရီ မနက်အိမ်က ထွက်ကတည်းကရပ်နေတာ သတိမထားမိဘူး။ ကိုယ့်ကိုကိုဘဲ တိုင်နဲ့ခေါင်းနဲ့သာ ပြေးစောင့်ချင်တော့တယ်။ လူတော်တော်များများကလည်း နာရီမပါဘူး။ အလှုအိမ်မှာကလည်း တိုင်ကပ်နာရီတောင် မရှိဘူး။ လူတွေအားလုံးက အချိန်သိချင်တော့ဝိုင်းကြည့်နေကြတာပေါ့။ အဲဒီတော့လည်း ရီကျဲကျဲနဲ့ ရှေ့မျက်နှာ ရှေ့မှာထားပြီးတော့ဘဲ ရှိသမျှသွားအကုန်ထုတ်ပြီး "ဟီး ဟီး နာရီရပ်နေတယ်" လို့ဘဲပြောလိုက်ရတာတပေါ့။ ကဲ လှချင်တာ မှတ်ပြီလားဘဲ. . .

ကင်မရာ
ကောင်း ။ ။ အမှတ်တရလေးတွေကို hard copy အနေနဲ့ တသက်လုံး သိမ်းထားနိုင်တာပေါ့။
မကောင်း ။ ။ မကောင်းတာက. . . ရုပ်ချောတဲ့ လူတွေအတွက် တော့ သူတို့ ဓါတ်ပုံတွေကို လူတိုင်းကိုထုတ်ပြနိုင်တာပေါ့။ လှတာကိုး။ biggest တို့လို ရုပ်ဆိုးတဲ့ လူတွေက သူများကို ပြဖို့နေနေသာသာ ကိုယ်ဓါတ်ပုံကိုယ်တောင် ရဲရဲမကြည့်ရဲဘူး။ အဲ့ဒါကြောင့် biggest သရဲမကြောက်တက်တာလည်းပါမယ်ထင်တယ်။ မှန်နဲ့သရဲကို တစ်နေ့နှစ်ခါလောက်ကြည့်ကြည်နေရတော.

Read More...

biggest cbox တွေ တော်တော်များများလိုက်ကြည့်ပြီး စိတ်မကောင်းတော်တော် ဖြစ်သွားတယ်။ ဘာဖြစ်လို့ ချိုးလင်းပြာ အဖွဲ့ကို ပုတ်ခတ်တဲ့ စကားတွေ အများကြီး ရေးထားတယ်။ ဒါ န၊အ၊ဖ လက်ပါးစေတွေရဲ့ လက်ချက်ဖြစ်လိမ့်မယ်နဲ့တူတယ်။ biggest ဟာ ချိုးလင်းပြာ အဖွဲ့ဝင် မဟုတ်သလို အမျိုးသမီးအဖွဲ့ဝင်လည်းမဟုတ်ပါဘူး။ ချိုးလင်းပြာရဲ့ စာဖတ်ပရိတ်သတ် တစ်ဦးပါ။ ချိုးလင်းပြာဟာ မြန်မာအမျိုးသမီးထုရဲ့ ပြဿနာတွေရင်ဖွင့်သံတွေကို ကိုယ်စားပြုဖော်ပြပေးနေတဲ့ လက်ကမ်းစာစောင်တစ်ခုပါ။ ထိုအတူ နဝဖရဲ့ ရက်စက်မှုများကို လက်လှမ်းမှီသလောက် ဖော်ပြပေးနေသော စာစောင်တစ်ခုပါ။ အမျိုးသမီးများအတွက် ကျမ်းမာရေးဗဟုသုတ၊ ပညာရေးဗဟုသုတ၊ ကမ္ဘာတစ်ဝှမ်း အမျိုးသမီးထုရဲ ထူးဆန်းဖွယ် အဖြစ်အပျက်ရောဂါတွေ၊ မြန်မာပြည် တိုင်းရင်းသားအမျိုးသမီးများရဲ့ သဘောထားအမြင်လေးတွေကို စုစည်းတင်ဆက်ပေးနေခြင်းဖြစ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ အတွက် တက်နိုင်တဲ့ဘက်က ကြိုးစားနေတဲ့ စာစောင်လေးတစ်ခုလို biggest မြင်တယ်။ biggest ပြောချင်တာက အခုအချိန်ဟာ biggest တို့ အချင်းချင်း အရင်ကထက် စည်းလုံးရမဲ့ အချိန်ကိုရောက်နေပြီ။ နောက်ထက် အနှစ်နှစ်ဆယ် ထက်စောင့်ချင်လို့လား။ တခါတရံ biggest လည်းကြုံဖူးပါတယ် ကိုယ်ပေးချင်တာက တစ်မျိုး ရသွားတာက တစ်မျိုးဖြစ်တက်ပါတယ်။ ထိုအတူ ချိုးလင်းပြာက မှားတာလည်းဖြစ်နိုင်ပါတယ်။ လူဆိုတာ အမှားနဲ့မကင်းနိုင်ကြပါဘူး။ အဲ့ဒါကြောင့်မိုလည်း ခဲဖျက်တို့၊ဖျက်ဆေးတို့၊ ပေါ်လာတာပေါ့။ biggest မှာလည်း ဒီလထုတ်စာစောင်ရှိပါတယ်။ ဘာဖြစ်လို့ အဲ့ဒီလောက်ဆိုးဆိုးဝါးဝါး တွေရေးထားကြမှန်း biggest နားမလည်နိုင်တော့ဘူး။ န၊အ၊ဖ ရဲ့လေသံတိုင်း ချိုးလင်းပြာကို ဘုန်းကြီးကို ထမိန်နဲ့ အုတ်တယ်လို့များပြောချင်နေကြလား မသိဘူး။ ဘာဖြစ်လို ဒီမိုကရေစီ အတွက် တက်နိုင်တဲ့ ဘက်ကကြိုးစားနေတဲ့ အဖွဲ့အစည်းကို ဒီလို ပုတ်ခတ်တဲ့ စကားတွေ ဘာဖြစ်လို့ပြောနေကြတာလည်း biggest နားမလည်နိုင်တော့ဘူး . . . . . . . . . .

Read More...

Thursday, November 8, 2007

အခုတလော ဓါးပြတွေပေါလှချည်လား။ ဟိုလူ့လိုက်တိုက် ဒီလူလိုက်တိုက်နဲ့။ ကိုမာန်လှိုင်းငယ်က biggest ကိုဓါးပြလာတိုက်တော့လည်း လက်စွမ်း ပြရတာပေါ့။ ညတိုင်း တရုတ်သိုင်းကား ကြည့်တာ အလားကား ကြည့်ထား တာမဟုတ်ဘူး။ ဒီနေရာမှာ အသုံးဝင်ပြီ။ biggest ရဲ့အိတ်က ပုဏ္ဏားဘကွန်းရဲ့အိတ်လိုဘဲ။ ခဏလေးစောင့် biggest အိတ်ကိုပြန်ကြည့်လိုက်အုံးမယ် အိတ်ကိုလွယ်တာဘဲရှိတယ်။ အိတ်ထဲက ဖုန်းကလွဲရင် ဘာမှမထုတ်ဘူး။ ကဲစပြီ . . .

Biggest ရဲ့ အိတ်ထဲမှာ. . . စိန် (စိန်တံဆိပ် ကြော်ငြာမုန့်စာရွက်လေးပါ) အဲဒီမှာသူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ် လိပ်စာမှတ်ထားလို့ ကြာပါပြီ။ အဲ့ဒီသူငယ်ချင်းက ဖုန်းတောင်ရောင်းလိုက်ပြီ။ နောက်. . . ကျောက် (ပန်းရောင်ကျောက်လေးပါ) လှလို့သိမ်းထားတာ။ ဘယ်ကရလဲဆိုရင်လမ်းက ကောက်ရတာ။ နောက်. . . စာရွက်သေးသေး လေးလေးတွေ မှတ်ချင်တာမှတ်လို့ရအောင် (ဥပမာ နာမည်၊ ဖုန်းနံပတ်၊ အီးမေးလ်) တိုတို ထွာထွာ လေးတွေ မှတ်ဖို့ အိမ်က စာရွက် အစုတ်တွေကို ဖြဲထားတာ။ နောက်. . . ဘောပင် အများကြီးဘဲ ၈ ချောင်းလောက်ရှိတယ်။ ဝယ်တာမဟုတ်ဘူး။ သူများ ပေးတာလည်းမဟုတ်ဘူး။ ခိုးထားတယ်လို့ တော့မထင်နဲ့နော်။ biggest ရဲ့ အကျင့်ကြောင့်ပါ။ မေ့ မေ့ပါလာတာ။ ပြန်ပေးဖြစ်တာလည်းရှိသလို့ ပြန်ပေးဖို့ မေ့သွားတာလည်း ရှိတယ်။ နောက်. . . diary စာအုပ်တစ်အုပ်။ စာအုပ်ထဲမှာပါတဲ့ နှစ်ကတော့ ၂၀၀၅ ခုနစ်ပေါ့။ ဘာရေးထားလည်းမေးရင် စာအုပ်ရှေ့မှာ ဆိုင်းထိုး၊ နံမည်တပ်၊ ရက်စွဲတပ် ထားတာကလွဲရင် ဘာမှမရှိဘူး။ စာအုပ်မကုန်သေးလို့ နောက်ထက် အသစ်လည်း မဝယ်ရသေးဘူး။ နောက်. . . ဗလာစာအုပ်တစ်အုပ်။ အထင်တော့မကြီးနဲ့ စာအုပ်က အဖုံးဘဲရှိတော့တယ်။ အလယ်ကောင် ဖြုတ်ဖြုတ်ပြီး လေယာဉ်ပျံ၊ သဘောင်္၊ ဘောလုံး၊ ဖြုတ်ဖြုတ်လုပ်နေတာ။ ဘကြီးဘုန်းကြီးနဲ့ မတွေ့သေးလို့ တွေ့ရင် ကထိန်က ရတဲ့ စာအုပ်တစ်လောက် ထပ်တောင်းမလို့။ နောက်. . . လက်ကိုင်ပဝါ တစ်ထည်။ နှာရောဂါ ရှိလို့ဆောင်ထားတာ။ သူများအားနာလို့ပါ။ နောက်. . . ဖုန်းတစ်လုံး။ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး လူရှိန်အောင်လို့။ ဖုန်းက တစ်လနေလို့ တစ်ခါမမြည်ဘူး။ ပျက်နေ၍ မဟုတ်ပါ ဆက်မည့်လူ မရှိတာပါ။ biggest ကအဲဒီလောက် အရေးပါတဲ့လူပါ။ နောက်. . . ဘာရှိသေးလဲ ဆိုတော့ လိပ်စာကဒ်။ အထင်မကြီးနဲ့နော်။ biggest လိပ်စာကဒ် မဟုတ်ဘူး။ သူများတွေ ပေးပေးသွားကြတာ။ ဖတ်တက်လို့တော့ မဟုတ်ဘူး။ လိပ်စာကဒ် တဖက်ကလွတ်နေတော့ ရေးချင်ရာ ရေးလို့ရတယ်ဆိုပြီးယူထားလိုက်တာ။ ဤလောက်အကြံကြီးတာ။ နောက်. . . ခဏစောင့်အုံး ထုတ်ကြည့်လိုက်အုံးမယ်။ နောက်ဘယ်လိုလုပ်ရောက်နေလဲမသိဘူး။ ဘယ်သူဟာလည်းမသိဘူး။ ရှုဆေးဘူးကြီး။ biggest ကနေထိုင်မကောင်းဖြစ် ခဲတယ်။ ရိုက်သတ်တောင် တော်တော်နဲ့ မသေနိုင်ဘူး။ နောက်မှပိုင်ရှင်ပြန်ရှာပြီး ပေးတော့မယ်။ နောက်ဆုံးတစ်ခု. . . အရေးအကြီးဆုံး အဲဒါက ပိုက်ဆံအိတ် ၂ အိတ်။ ၂ အိတ်ဆိုလို့ အထင်မကြီးနဲ့နော်။ တစ်ယောက်ထဲ ဆိုရင် အိတ်ကြီးကို ထုတ်သုံးတယ်။ လူအများနဲ့ဆိုရင် အိတ်သေးကိုထုတ်သုံးတယ်။ မရှင်းပြတော့ဘူး။ သိနိုင်မယ်လို့တော့ထင်ပါတယ်။ ကဲ biggest ရဲ့ ရှိတာ အကုန်ထုတ်ပြ ပြီးပြီး။ သူများတော့ ဓါးပြ သွားမတိုက်တော့ပါဘူး။ ဒီလောက်ရှားပါးနေတဲ့ ခေတ်ကြီးမှာ တော်ကြာ ကိုယ်ရှိတာတွေပါသွားအုံးမယ်။

Read More...


Biggest ကတော့ follower ဖြစ်နေပြီ။ သူများတွေက ဘာကောင် တွေ ကြောက်တယ် ဘာဖြစ်လို့ ကြောက်တယ် နဲ့ ပြောနေ ကြတယ်။ biggest လည်း ကြောက်ရမယ် သတ္တာဝါ တွေတော့ ရှိတာပေါ့။ အသည်းယားတဲ့ သတ္တာဝါ တွေလည်း ရှိတယ်။ တီကောင်၊ ပတ်ကျိ၊ ဖား၊ အိမ်မြောင်၊ ပိုးဟပ်၊ ခူ၊ ကင်း အများကြီးဘဲ တွေ့ရင် အသည်းယားတယ်။ ထုတ်ကုတ် လို့ရရင် ခဏ ထုတ်ကုတ် ချင်တယ်။ biggest ပထမဆုံး ကြောက်တာက ခွေး။ ဘာဖြစ်လို့ လည်းမေးရင် အကိုက်ခံဘူးလို့ ကြောက်တာ။ တော်တော်အီသွားတယ် ၂၄ ချက်လောက်ဆေးထိုးရတယ်။ ဒီကြားထဲ ခွေးရူး မရူးလည်း စောင့်ကြည်ရသေးတယ်။ စောင့်ကြည်နေတဲ့ ကြားထဲခွေးကပျောက်သွားလို့။ ဘယ်ရောက်သွားမှန်း မသိတော့ဘူး သူများသတ်ပစ်လိုက်တယ်လို့ ထင်တာဘ။ဲ အဲ့ဒီခွေးက ကိုက်တဲ့လူ မနည်းတော့ဘူးကို။ ဒါပေမဲ့ ခွေးသေးသေးတွေဆို ချစ်လားမေးရင် ချစ်တယ် ချစ်စရာကောင်းတာကိုး။ အယ်ဇေးရှင်းတော့ ချစ်လားလို့ လာမမေးနဲ့ ဝေးဝေးကဘဲ ရှောင်တယ်။ ကိုယ်က သူတို့ ပါးစပ်တစ်လုပ်စာလောက်ဘဲ ရှိတာကို။ biggest ကအဲဒီလောက်ထွားတာ။ ဟီး ဟီး . . . နောက်ကြောက်တာက မြွေ အကိုက်ခံဘူးလားမေးရင် မခံဘူးပါဘူး။ သူများပြောတာ ကြားဘူးတာ။ ဒါပေမဲ့ ကိုယ်ကိုကိုယ့်တောင် မသိဘူး။ မြွေတွေ့ရင် အသည်းယားတာလား ကြောက်တာလား ဆိုတာ။ နောက်ထက်ကြောက်တဲ့ သတ္တာဝါကိုပြောရင် အံသြသွားမယ်ထင်တယ်။ အဲဒါက လူ။ ဟုတ်တယ်လေ သူငယ်ချင်းတို့ စဉ်းစာကြည့်ကြလေ။ ယုတ်မာတဲ့လူ၊ ကောက်ကျစ်တဲလူ၊ ရက်စက်တဲ့လူ၊ ဆိုးသွမ်းတဲ့လူ၊ စိတ်ပုတ်တဲ့လူ ဘယ်လိုလူမှန်း ဘယ်လိုလုပ်သိမှာလဲ။ နှဖူးမှာ စာရေးထားတာမှ မဟုတ်တာ။ တိရစ္ဆာဆိုရင် ရှောင်လို့ရသေးတယ်။ ဒီလူကို ဘယ်လိုရှောင်ရမှာလဲ။ လူဆိုးလား၊ လူကောင်းလား၊ ဆိုတာကို သူအကြောင်း ကိုယ့်မသိ ကိုယ့်အကြောင်း သူမသိနဲ့။ အဲ့ဒါကြောင့် biggest တစ်ယောက်ထဲဘဲနေတယ်။ တစ်ယောက်ထဲနေရင် မပျင်းဘူးလားမေးရင် ပျင်းတယ်။ အဲဒီလို အချိန်မှာ သီချင်းဆိုရင်ဆို မဆိုရင် နားထောင်တယ်။ တစ်ခါ တစ်ခါ ဟာသကားကြည့်တယ်။ တချို့ကမေးကြတယ် သရဲမကြောက်ဖူးလားတဲ့။ မကြောက်ပါဘူး။ စကားစတောင် ဘယ်နားရောက်သွားမှန်းမသိတော့ဘူး။ လူ့စိတ်ကမျောက်စိတ်လို့ဘဲတဲ့။ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့။ သူငယ်ချင်းတိုရော့ ဒီအဆိုကိုလက်ခံလား။ biggest တော့လက်ခံတယ်။ တစ်ခါ တစ်ခါ သတင်းကြည့်နေရင်း သီချင်းနားထောင်ချင်သလိုလို၊ မုန့်စားချင်သလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ့။ biggest ငယ်တုန်းက အရမ်းဆော့တာဘဲတဲ့။ အဖိုးပြောတာ။ ငယ်ငယ်က အရမ်းဆော့ လွန်းလို အဖွားက အနားခေါ်ပြီး ငြိမ်ငြိမ်လေး ၁၀ မိနစ်လောက်ထိုင်နေရင် မုန့်ဝယ်ကျွေးမယ်တဲ့။ မုန့်စားချင်တော့ သွားထိုင်ရတာပေါ့။ ဘာကစားစရာမှလည်း မယူသွားရဘူး။ ထိုင်ပြီး ၂ မိနစ်တောင် မပြည့်သေးဘူး ကိုယ်မှာရှိတာနဲ့ဆော့တော့တာဘဲ။ ကိုယ်မှာ ဘာရှိသလဲ ဆိုရင် ပါးစပ်ရယ်၊ လက်နှစ်ချောင်းရယ်၊ ခြေနှစ်ချောင်းရယ်နဲ့ တစ်ယောက်ထဲ ပြိုင်ကားမောင်းတိုင်းဆော့တယ်။ ပါးစပ်က တဝူးဝူးနဲ့အော်တယ် ခြေတစ်ချောင်းက လီဗာနဲ့ဘရိတ် လက်တစ်ချောင်းက စီယာတိုင်ပေါ့။ ဤမျှလောက် biggest တို့ဆော့ချက်က လူတိုင်း ခြေဖျား လက်ဖျား ခါလောက်အောင်ကိုဆော့တာ. . .။ ဘ်ာဘယ်လို ရောက်နေမှန်းတောင် မသိတော့ဘူး။ ခေါင်းစဉ်တောင်မေ့သွားပြီ။ သြော် ကြောက်စရာကောင်းသော သတ္တာဝါတွေ။ နောက်ရှိသေးလားမေးရင် ရှိသေးတယ်။ မာန်လှိုင်းငယ်လို့ဘဲ ငါးမန်းတို့၊ မိချောင်းတို့၊ ရေဘဝဲတို့ ကြုံဖူးလားမေးရင် ကြုံဖူးဖို့ နေနေသာသာ မြင်တောင်မမြင်ဖူးဘူး။ မြင်ဘူးတာရော မမြင်ဘူးတာရော ကြောက်တဲ့ သတ္တာဝါတွေများတယ်။ အချစ်ဆုံးသတ္တာဝါကတော့ မိညောင်(ကြောင်) သေးသေး၊ ကြီးကြီး ချစ်တယ်။ ယုန်လေးတွေလည်းချစ်တယ်။ ခွေးသေးသေးလေးတွေဆိုရင်လည်း ချစ်တယ်။ ဤမျှလောက်ပါဘဲ. . . . .
The End

Read More...

Tuesday, November 6, 2007

သင်ပုန်းချေနိုင်လား

သားငယ်လူချော ကျောင်းသားလေး
ပညာတက်ကြီးဖြစ်ဖို့ တက္ကသိုလ်ဆိုတဲ့
ကျောင်းကြီးမှာ ပညာသင်စေတယ်
စက်တင်ဘာမှာ အမှန်တရားအတွက်
အမေ့သားငယ်ပါဝင်ခဲ့တယ်
ခုတ်ရာ ထစ်ရာ ပလပွနဲ့
ဖူးရောင် ယောင်ကိုင်း ညိုမည်းနေပြီး
ရုပ်ပျက်နေတဲ့ မျက်နှာနဲ့
အမေရင်ထဲ တိုးဝင်လာတဲ့
သက်မဲ့ခန္ဓာ
ဘုရား ဘုရား . . . .
အမေ့သားငယ်
လူချောလေးမှ ဟုတ်ပါရဲ့လား။

သာသနာရောင်ထွန်းပြောင် စေဖို့
သားငယ်ကလေးဘုန်းကြီး စေဖို့
အမေ့လယ်ကိုရောင်း၍
မြင့်မြတ်တဲ့ဘုရားသားတော်
ရဟန်းဖြစ်စေခဲ့တယ်။

ရွှေဝါရောင်သင်္ကန်းနဲ့
အိနြေ္ဒရ ဦးပဇင်း ကို
မြင်တွေ့ရတဲ့ မယ်တော်ဟာ
ပြောမပြနိုင်အောင် ပီတီဖြာဝေ
ဝမ်းသာကြည်နူးခဲ့ရပါတယ်။

စက်တင်ဘာရဲ့ မေတ္တာလှိုင်းမှာ
မေတ္တာစွမ်းအားကြီးမားလှတဲ့
အမေ့သားငယ်ပါဝင်ခဲ့တယ်။

ဘုရားသားတော် ရဟန်းကိုတောင်
ရိုက်ရဲလိုက်တာ
ရက်စက်မှုပေါင်းသရဖူဆောင်းတဲ့
ဒီမင်းစိုးတွေ လက်ချက်နဲ့
သွေးမြေကျခဲ့ သားငယ်ကိုရင်
ဆွမ်းစားပြန်ချိန် အမေဆွမ်းကပ်ရန်
စောင့်မျှော်နေပါတယ်။

လမ်းမထက်မှာ ကျန်ခဲ့တဲ့
ဖိနပ်လေးက ပြန်မလာနိုင်တဲ့
ပိုင်ရှင်ကို. . . .
ကိုယ်ပွားကျန်ခဲ့
သွေးကွက်လေးနဲ့ စောင့်မျှော်နေရရှာပါတယ်။

အဖြူ၊ အစိမ်း ကျောင်းသားငယ်ကို
အရမ်းမဆောရန့် ရန်မဖြစ်ရန်
တဖွဖွနှင့် အမေမှာခဲ့
အမေ့စကား ကျောင်းသားငယ်လေး
လိမ္မာစွာနဲ့ နားထောင်ခဲ့တယ်။

သို့ပေမဲ့လည်း . . . .
မမြင်နိုင်တဲ့ စက်တင်ဘာရဲ့
ကံကြမ္မာကြောင့်
ညနေကျောင်းဆင်း အပြန်
ခြံဝရှေ့ကစောင့်မျှော်နေတဲ့
ညိုးနွမ်းပေမဲ့
ပြုံးရွှင်နေတဲ့ အမေ့မျက်နှာ
ဒီတစ်နေ့ကော . . .
ပြုံးရွှင်နိုင်ပါတော့မလား။

ဒီဟာတွေ . . . ဒီဟာတွေနဲ့ . . .
ထပ်တူညီတဲ့ ပေးဆပ်မှုမျိုး
ဘယ်မှာလာပြီး ရှိနိုင်ပါမည်နည်း။

မင်းတို့ ငါတို့ သူတို့ အမှန်တကယ်ပဲ
သင်ပုန်းချေနိုင်ကြမည်လား ???

biggest

Read More...

Sunday, November 4, 2007

စက်တင်ဘာရဲ့ ကြွေးကြော်သံ

ရွှေဝါရောင် လှိုင်းပုတ်သံနဲ့
ဒေါင်းလံနီ စိုက်ထူတဲ့တိုက်ပွဲ
ပြည်သူတွေ ပါတဲ့ပွဲပေမို့
စစ်ဓါးပြ မိစ္ဆာကောင်ကို
တောထုတ်မဲ့ ဒီပွဲ။

တာတေ
---------------------------------------------------

အဝီစီ လမ်းစဉ်

ခလေးဘဝ ငယ်စဉ်ခါ
အမေပြောဘူးဒါ
ဘုန်းဘုန်းတွေ ကိုမြင်တွေ့
"ဦးတော်" "ဦးတော်" ဟေ့ ။

အခုတော့ ကျနော်ကြံ့ဖွတ်ပါ
ဗိုလ်သန်းရွှေ က ညွှန်ကြားဒါ
ဘုန်းဘုန်းတွေ ကိုမြင်တွေ့
"ရိုက်ကြ" "ရိုက်ကြ" ဟေ့ ။

တာတေ
---------------------------------------------------

ယဉ်ကျေးမှုများဆိတ်သုဉ်းလာခြင်း

၁၉၆၀ ပ၊ထ၊စ
ကြက်ဆီပြန်က တခွက်
ဝက်သားနီလံက တပွဲ
ငါးခြောက်က တပုဂံ
ဟင်းရံက တပွဲ
ချဉ်ပေါင်ကြော် ငပိနဲ့
တို့စရာက တပွဲ
ဒို့အိမ်က ထမင်းပွဲ။

၁၉၇၀ မ၊ဆ၊လ
ငါးခြောက်က တပုဂံ
ဟင်းရံက တပွဲ
ချဉ်ပေါင်ကြော် ငပိနဲ့
တို့စရာက တပွဲ
ဒို့အိမ်က ထမင်းပွဲ။

၁၉၈၀ မ၊ဆ၊လ
ငါးခြောက်က တပုဂံ
ချဉ်ပေါင်ကြော် ငပိနဲ့
တို့စရာက တပွဲ
ဒို့အိမ်က ထမင်းပွဲ။

၁၉၉၀ န၊ဝ၊တ
ချဉ်ပေါင်ကြော် ငပိနဲ့
ဒို့အိမ်က ထမင်းပွဲ။

၂၀၀၀ န၊အ၊ဖ
တို့စရာ ငပိနဲ့
ဒို့အိမ်က ထမင်းပွဲ။

၂၀၀၇ န၊အ၊ဖ
ထမင်းရည် သောက်တဲ့ပွဲ
ခွဲတမ်းနဲ့ ဆင်နွှဲ
ဒို့အိမ်က ထမင်းပွဲ။

တာတေ

Read More...

Thursday, November 1, 2007

biggest သရဲတော့မကြောက်ပါ ဒါပေမဲ့ သရဲနဲ့ပတ်သက်တဲ့ biggest ရဲ့ပေါက်ကရလုပ်ရပ်လေးတွေတော့ ပြောပြချင်တယ်။ ပထမကရေးဖို့အစီအစဉ်မရှိဘူး ဒါပေမဲ မနိုင်းနိုင်း၊ ကိုရန်အောင်၊ ကိုကောင်းကင်ကို၊ ကိုမာန်လှိုင်းငယ် နဲ့ တခြားဆိုဒ်အချို့မှာ သရဲတွေ၊ ဝိဥာဉ်တွေ အကြောင်းရေးထားတော့ biggest လည်းရေးချင်လာတာနဲ့ရေးဖြစ်သွားတာပါ။ biggest သရဲကို အင်မတန်တွေ့ချင်ပါသည်။ သရဲမွေးထားတဲ့ လူများရှိရင် biggest ဆီတစ်ကောင်လောက်ပို့ပေးပါ။ Interview ချင်လိုပါ။ ကဲ ပေါက်ကရ သရဲ diary စပြီ . . .

၁၉၉၆ တုန်းက
biggest အဖိုး(အဖေဘက်)သေသွားတယ် အဲဒီတုန်းက biggest က ၅ တန်းပဲရှိသေးတာ။ ပြည်မြို့မှာဆုံးတာ အဖိုးမွေးရပ်မြေပါဘဲ။ အသည်းသန်ဖြစ်ကထဲက biggest တို့ရောက်နေတာပါ။ အဖိုးက မြေးတွေထဲမှာ biggest ကိုအချစ်ဆုံးပဲ။ အဲဒါအဒေါ်တွေက စိုးရိမ်တယ် တော်ကြာ biggest ကိုစွဲပြီးသူတို့အဖေမကျွတ်မှာကို စိုးရိမ်တယ်။ အပ်ချည်နဲ့အရပ်တိုင်းတာတွေ ဘာတွေလုပ်တယ်။ ဘာတွေမှန်းလဲ မသိဘူး အစုံပဲပြုလုပ်တာ။ biggest ကျတော့အဖိုးကို biggest အနားမှာခေါ်ထားချင်တယ်။ အဲဒါနဲ့ အဖိုးဆံပင်နှုတ်ပြီး အဒေါ်တွေမသိအောင်ယူထားလိုက်တယ်။ အဖိုးများပြန်လာတောင်းမလားလို့ အခုထိမျှော်နေတာ။

၁၉၉၈ မှာကျတော့
biggest ရဲ့ အဖွား(အမေဘက်)ဆုံးတယ်။ အဖွားကကျတော့ biggest အိမ်မှာဘဲနေတာ။ biggest နဲ့သိပ်မတည့်ဘူး။ မတည့်အတူနေ မြေးအဖွားနှစ်ယောက်ပေါ့။ အဖွားဆုံးတာညင်ညင်သာသာပဲ သိတောင်မသိလိုက်ရဘူး။ ဒီလိုနဲ့ဆုံးဆုံးခြင်းပဲ အဖွားကို ရေခဲတိုက်ပို့တယ် အဲဒီမှာ စပ်စုချင်တဲ့ biggest လိုက်သွားတယ် အာအများကြီးပဲ (အလောင်းတွေ) အထဲဝင်တော့ အဒေါ်ကမဝင်ရဲလို့ အမေနဲ့အတူ အပြင်မှာနေခဲ့တယ်။ အဲဒါဦးလေးငယ်နဲ့ biggest ဘဲဝင်ကြတယ်။ ဦးလေးက ငွေရှင်းနေတာနဲ့ အဖွားအလောင်းနားမှာ biggest ဘဲကျန်တော့တယ်။ ဘယ်ရမလဲ biggest လည်းကြားဖူးနားဝတွေကို စမ်းသပ်တော့တာဘဲ။ အဖွားအကျီိံ ကြယ်သီးတစ်လုံးဖြုတ်ယူလာတယ် ပါးစပ်ကလဲပြောလိုက်သေးတယ် "လိုချင်ရင် လိုက်ယူလို့" ။ biggest အဖွားက ကြယ်သီးဖြူတ်ဝတ်တာ၊ ကြယ်သီးမရှိဘဲ ဝတ်တာတို့ဆို အရမ်းစိတ်ဆိုးပဲ။ biggest ဆိုအမြဲအဲဒါနဲ့ပတ်သက်ပြီး အမြဲအဆူထိနေကြ။ ညကျတော့ biggest စောင့်နေတယ် အဖွားများလာယူမလားလို့ စောင့်ရင်း စောင့်ရင်း အိပ်ပျော်သွားတယ်။ မနက်မိုးလင်းတော့ အဒေါ်ငယ်ပြောတာကြားနေရတယ် တကယ်လိုလို အိမ်မက်လိုလို အဖွားသူ့ဆီကိုလာပြီး ဘာတုံးမသိဘူး လာပြောတယ်တဲ့ သူလည်းသိပ်မကြားရဘူးတဲ့။

နောက်သူငယ်ချင်း တစ်ယောက်အိမ် ညသွားအိပ်တော့လည်း ဒီလိုဘဲ. . .
သူအိမ်ရဲ့ မျက်စောင်းထိုးအိမ်လူမရှိတဲ့ အိမ်မှာကြောင်သရဲ ရှိတယ်ဆိုလို biggest အပြေးသွားကြည့်ရသေးတယ် ကြောင်အမည်းကြီး တစ်ကောင်တော့တွေ့တယ်။ ဘယ်လိုခြောက်တာလည်းသိအောင် ကြောင်ကိုသူငယ်ချင်းမသိအောင် အိပ်ယာထဲခေါ်သိပ်တာ အိပ်ပျော်သွားတယ် မနက်မိုးလင်းတော့ကြောင်မရှိတော့ဘူး သူငယ်ချင်းကိုမေးကြည့်တော့သူလည်းမသိဘူးတဲ့

နောက်. . .
သူငယ်ချင်းတွေနဲ့ Happy World သွားတော့လည်း ကံကောင်းလို့မလျှော်ရတယ် အရုပ်တွေကို လျှောက်ကိုင်ကြည့်တာ အရုပ်တွေ ရပ်ကုန်လို့ မသိမသာပြန်ထွက်လာခဲ့ရတယ်
သရဲအိမ်တုံးကလဲ ဒီလိုဘဲ. . .
သရဲအိမ်ရဲ့တစ်နေရာမှာ အဲဒီကဝန်ထမ်းကောင်လေးတစ်ယောက်စောင့်တယ်။ အဲ့ဒီနေရာက ကိုယ့်ကိုကိုဘဲကြည့်ကြည့် သူများဘဲ ကြည့်ကြည့် အရာင်တွေထွက်တဲ့ နေရာမှာ အဲဒီကောင်လေးက ထွက်လာပြီး ဘယ်ကဘယ်လိုသွားရမလဲဆိုတာလာပြောတာပါ ဘယ်ရမလဲ အာဂ biggest အားရပါးရကို ကောင်ကလေးကို ထိုးပစ်လိုက်တယ် "ကျွန်တော်လူပါဗျာ ဒီကဝန်ထမ်းပါ" ဆိုပြီးပြောယူရတယ်။ တော်သေးရဲ့ နှာခေါင်းအရော်မပေးလိုက်ရတာ

ဤ သည်ကား အနော် biggest ၏ သရဲဆိုသောအရာတွေနှင့်ထိတွေမှုတွေ ဘဲဖြစ်ပါသည်

Read More...