Monday, December 31, 2007
















အနော်အတွက်နှစ်သစ်

သြော် နှစ်သစ်တောင်ရောက်ပြီ။ ဒါဆိုအားလုံး ဟိုနေရာကိုရောက်ဖို့ တစ်နှစ်ပိုနီးသွားပြီပေါ့နော်။ အင်း အနော်လည်းပါပါတယ်။ နှစ်သစ်မှာ အနော်တစ်ယောက် ဘာတွေလုပ်မှာလည်း လို့မေးနေကြတယ်။ သေချာတာတွေကတော့ စာသင်တဲ့ဆရာပြန်လာမှာမို့ စာပြန် သင်ရတော့မယ်။ နောက်သေချာတာတစ်ခုက အနော်က ယောင်တောင်တောင် စာရင်းကိုင်ဆိုတော့ နှစ်ကုန်ပြီလေ စာရင်းတွေ ရီပိုတွေ တင်ရတော့မယ်။ ဘယ်ပြေးရင်ကောင်းမလဲ မသိဘူး။ နှစ်သစ်မှာ ဧည့်သည် အသစ်လိုချင်ရင်ပြောနော် အနော်က အိမ်အသစ်ဆို အရမ်းအလည်ချင်တာ။ နှစ်သစ်မှာ စိတ်သစ်နဲ့ ထမင်းလည်းသိပ်မစားတော့ဘူး တစ်နေ့ကို တပြည်လောက်ဘဲ ပုံမှန်စားတော့မယ်။ နောက်မသေချာ မရေရာတာတွေက အကျီိင်္အသစ်မရနိုင်ဘူး ပြောလို့တော့မရဘူး။ ဒါပေမဲ့ သေချာတာကအဟောင်းတော့ ထွက်တယ်။
နောက်မသေချာတာက အိမ်မပြောင်းရနိုင်ဘူး ပြောလို့တော့မရဘူး။ ဒါပေမဲ့ လောလောဆယ် သေချာတာက အိမ်ဟောင်းကိုဘဲ အသစ်ဖြစ်အောင် လုပ်နေရတယ်။ နောက်မသေချာတာက အချစ်သစ်မရနိုင်ဘူး ပြောလို့တော့မရဘူး။ သေချာနေတာက အချစ်ဟောင်းတောင်မရှိခဲ့တာ။ အသစ်ဆိုတာ ဘယ်ဂျောင်ကသွားရှာရမှာလည်း။ နောက်မသေချာတာက နှစ်သစ်မှာ လူသစ်တော့ မဖြစ်နိုင်ဘူး။ သေချာတာကတော့ အသက်သစ်တော့ ဖြစ်လာပြီ။ နောက်မသေချာတာက နှစ်သစ်မှာ စိတ်သစ်တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သေချာတာက စိတ်ဟောင်းကတော့ အနည်းနဲ့အများတော့ ရှိနေအုံးမှာဘဲ။ နောက်. . . . . . သေချာမှု မသေချာမှု တွေ အများကြီး ရှိတဲ့ နှစ်သစ် ကို အနော်တို့တွေ ရောက်တော့မှာပါလား။

Read More...

Sunday, December 30, 2007





၂၀၀၈ နှစ်သစ်မင်္ဂလာ



Hello ဘော်ဒါတို့ . .
နှစ်သစ်မှာ အချစ်သစ်နဲ့
ပျော်နိုင်ပါစ။



စိတ်သစ်နဲ့လည်း
ရွှင်လန်းနိုင်ပါစ
အနော်တော့မမေ့နဲ့နော်။



လူသစ်နဲ့ ပုံမှားရိုက်နိုင်ပါစ
မှားလို့
လူသစ်နဲ့ ပျော်ရွှင်ပါစ



စပေါင်းများစွာထဲက
စတစလောက်ပြည်စုံပါစ။



အနော်တစ်ယောက်တော့
အဟောင်းတောင်ဘယ်နားမသိ
အချစ်သစ်ရှာဖို့ဝေးစ။



စိတ်သစ်လုပ်လို့မရ
အလုပ်တွေမေ့ကုန်မှာစိုးလို့
ဘလော့ သူငယ်ချင်းတွေမေ့မှာစိုးလို့
(ယုံကြလားဟင်)



လူသစ်လုပ်ချင်ပါ၏
သူလေးနဲ့ တစိမ်းလိုဖြစ်သွားမှာစိုးလို့
(အာလူးပြောတာ အနော်ပြောတာမဟုတ်)
ဤသို ဤသို . . .
မဖြစ်နိုင်စရာ
အကြောင်းတရားများကြောင့်



စိတ်ဟောင်း၊ လူဟောင်းနဲ့ဘဲ
နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။

Read More...

ဆောင်းနဲ့နေခြည်ရဲ့အားပြိုင်မှု

နှင်းတွေပိတ်နေတဲ့
ဒီဆောင်းမနက်
နေခြည်ရေ
မင်းမှာ
ဘယ်လောက်စွမ်းအင်ရှိရှိ
နှင်းထုကြီးကိုတော့
မင်းအံတု
မထိုးဖောက်နိုင်ပါဘူး။

ဒီလိုနဲ့တဖြည်းဖြည်း. . .
နေခြည်ကဘဲ စွမ်းအင်ပိုသုံးလို့လား
ဆောင်းကဘဲ အလျှော့ပေးလို့လား
အေးမြမှုကနေ နွေးတွေးမှုကို
ရရှိခဲ့ရပါလား။
နောက်တဖန်. . .
နေခြည်ရဲ့ စွမ်းအင်ကလျှော့လာလို့
ဆောင်းရဲ့ စွမ်းအင်ကပိုလာပြန်တယ်
နွေးထွေးမှုကနေ အေးမြမှုကို
ရရှိရပြန်ပါပြီ။

သြော်သံသရာကြီးရဲ့ လည်ပတ်မှုက
ဆန်းကြယ်လှချည်လားကွယ်။

Read More...

Monday, December 24, 2007

အားလုံး ခရစ်စမတ်မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
All Person Merry Chistmas.



ZWANI.com - The place for myspace comments, glitters, graphics, backgrounds and codes
Chistmas Graphic Comments


ZWANI.com - The place for myspace comments, glitters, graphics, backgrounds and codes
Chistmas Graphic Comments


ZWANI.com - The place for myspace comments, glitters, graphics, backgrounds and codes
Chistmas Graphic Comments


ZWANI.com - The place for myspace comments, glitters, graphics, backgrounds and codes
Chistmas Graphic Comments


ZWANI.com - The place for myspace comments, glitters, graphics, backgrounds and codes
Chistmas Graphic Comments

Read More...

မင်္ဂလာပါ နေ့သစ်

သူငယ်ချင်း- - - - -
အသစ်ကိုတော့ ချစ်ပါ
ဒါပေမယ့်
အဟောင်းတိုင်းတော့မပစ်နဲ့
ဝတ်လစ်စလစ် ဖြစ်သွားလိမ့်မယ်။

အဟောင်းတွေကို ထုဆစ်
အသစ်ဖြစ်ခဲ့တာ
သစ္စာတရားမှာ အပြစ်မရှိဘူး
မင်းရဲ့ဒီနေ့ အသစ်
နောက်တနေ့မှာ မညစ်စေနဲ့။


(နွေဦးဝေ)

* ၂၀၀၈ ဇန်နဝါရီလ ၁ ရက် နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ *

Read More...

Friday, December 21, 2007

ကဗျာဆရာမ စာရေးဆရာမ ဒေါ်ရီဝေ ၏ နှစ်ကူးလက်ဆောင် ကဗျာလေးကို တင်ပြလိုက်ပါတယ်။

နှစ်သစ်ကူးလက်ဆောင်

နှစ်သစ်ကူး
ကြည်နူးစွာ
မင်္ဂလာပါမိတ်ဆွေ - - -။

ရမ်နဲ့ဘီယာတွေ
ဧရာလိုစီးမျှော
တသောသောရယ်ပွဲဖွဲ့
အတိတ်မဲ့ညနေခင်း - - -။

မိုးသက်ပြင်းထန်
မုန်တိုင်းလျှံညများ
ကုန်ဆုံးသွားပါစေကွယ် - - -။

နာရီ စက်သံတချက်ချက်
ပြက္ခတိန်စာမျက်နှာသစ်တရွက်လှန်
ပစ္စုပ္ပန်ကနေ
ထွက်မပြေးနဲ့မိတ်ဆွေ - - -။

အတိတ်ဆိုးကောင်း
ကျိုကြောင်းပြန်ကြည့်
အမှားကိုသိ
အမှန်ရှိသတဲ့ - - -။

ပကတိရှင်းသန့်စွာ
သစ္စာတရားကိုပွေ့ဖက်
လေးနက်စွာချစ်တက်ပါလေ - - -။


* အားလုံး နှစ်သစ်မှာ ကြည်နူးပျော်ရွှင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ *

Read More...

Thursday, December 20, 2007

အမှန်ကို မျက်စိမှောက်စေတဲ့ ပန်းချီတွေပါဘဲ။ အနော်ပညာလျှိုတာမဟုတ်ဘူး။ လင့်မေ့သွားလို့။ သူများရှိက လင့်နဲ့သွားကြည့်ပြီး အဲ ဒီလင့်မေ့နေလို့။ ဆောရီးနော်။ ပြန်ရှာလိုက်မယ်။


ပုံကြည်ပြီး နည်းနည်းတော့မူးသွားတယ်။ တို့နိုင်ငံက ဟိုလူကြီး အဝီစီဆင်း သွားရင်ကော အဲဒီလို့ လိုက်ဆင်းဆယ်မှာ လားဟင်။ အနော်တော် no ဘဲ။




အဲဒီ ခြင်ဆေးဗူး လောက်ကတော့ အနော်တို့ ရန်ကုန်မြို့ ဆင်ခြေဖုန်းက ခြင်တွေက အပျော့ဘဲ။




စားဖားကြီးတော့ ရှယ်ဘဲ။ အကောင်ကြီးတယ်။ တို့များရဲ့ တိုင်းပြည်မှာတော့ ဖားစားရင်တောင် အရိုးစူးမှာ ဆိုးရတယ်။ ( ဖားက ပိန်လွန်းလို့ )




အဲဒီလို ပုဇွန်မျိုးတော့ တို့များရဲ့နိုင်ငံမှာ ဒီတသက်မပြောနဲ့ နောင်တသက်တောင် မဖြစ်နိုင်သေးဘူး။




သြော်တရား ရစရာဘဲ။ လမ်းမှာ စွန့်ပစ်စရာ ပစ္စည်းတောင် ဖြစ်နေပါရောလား။




အဲဒီလို လိုက်ခွာပြီးတော့ အနော်တို့ နိုင်ငံကို ယူသွားမယ်။ ရန်ကုန်ပလက်ဖောင်းက လမ်းလျှောက်ရင် အသက်ပြင်းပြင်းမရှု ရဲဘူး။




ငါးဖမ်း စရာတော်တော် ရှားတယ်နဲ့ တူတယ်။ ငါးကြီးက အကြီးကြီးဘဲ အနော်တို့ မိသားစု အတွက် တစ်ရက်စာလောက်က အေးဆေး ဖူလုံတယ်။




အနော်တို့ နိုင်ငံက ဟိုလူကြီးကိုလည်း အဲဒီလို တွန်းချလို့ ရရင်သိပ်ကောင်းမှာဘဲ။




အဲ့ဒီ လိပ်ပြာကတော့ နဘန်းသမား ဝိဥာဉ် နဲ့တူတယ်။




အနော်တို့ နိုင်ငံက ဟိုအုပ်စုတွေ အဲဒီလို ကျသွား လို့ကတော့ ဆောရီးဘဲ။ ပြန်တက်လာရင်တောင် ကန်ပစ်မယ်။




တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်။ ဒါမှ . . . . . .

Read More...

Monday, December 17, 2007

ကိုစပ်မိစပ်ရာကို ကျေးဇူးအထူးတင်ရှိပါတယ်။ သူနဲ့ စကားစပ်မိ၍ အနော် ကလိတက်မှန်းသိလို့ အနော်ကို အိမ်တစ်လုံးဌားပေးထားတယ်။ စပေါ်မပေးရဘူး။ ပျော်လိုက်တာ။ တစ်ခုက wordpress မှာ ကိုယ်ဘာသာကို ကလိဖို့ ယူထားတာ။ သူက နောက်တစ်ခုထက်ပေးတယ်။ iblogger မှာ ငှားပေးထားတယ်။ ကြည့်ရတာ သူ iblogger ကို ကြွေနေပုံရတယ်။ အိမ်ရှင်တွေက အပျိုကြီးတွေလားမသိဘူး။ အပျိုကြီးဆိုမှာတော့ ဇီဇာကြောင်တက်ပုံဘဲ။ ကြည့်နေမှ။ အိမ်ရှင်တွေမှာ ဘာဆိုးတယ် ဘာကောင်းတယ်ဆိုတာတော့ အနော် စမ်းသပ်ဆဲကာလမို့ မသိသေးပါ။ အိမ်ရှင်တွေ အစမ်းသပ်ခံနိုင် မခံနိုင် ကလိကြည့်ရမှာဘဲ။ ဗျို့ ကိုစပ်မိစပ်ရာရေ အနော်ကတိပေးပါတယ်။ အိမ်ရှင်တွေ မောင်းမထုတ်အောင် လုပ်ပါမယ်လို့။ တော်ကြာ အစ်ကို မျက်နှာပျက်မှာစိုးလို့ပါ။ အစ်ကိုကိုလည်းမျက်နှာမပျက်အောင် အိမ်ရှင်နဲ့လည်း တည့်အောင်နေပါမယ် သည်းခံပါမယ်။ ကြည့်ကလိပါမယ်လို့။ အိမ်လခလည်း မှန်မှန်ပေးနိုင်အောင် ကြိုးစားပါမယ်။ အာမတော့မခံဘူးနော် ကြိုးစားမယ်ဘဲပြောတာ။ နောက်လည်း စပေါ်ပျောက်များ ရှိသေးရင်မျှပါအုံး။ လောဘကကြီးလာပြီ။ ရမ္မက်ကတက်လာပြီ။ ဟီး ဟီး စတာနော်။

Read More...

Sunday, December 16, 2007

အနော်ဘလော့ကို လာလည်ကြတဲ့သူများ စိတ်အနှောင့် အယှက် မဖြစ်အောင်လို့ ရင်နာနာနှင့် အသည်းကို စွန့်လွှတ်လိုက်ပါသည်။ တချို့တွေကပြောကြတယ် လူကမျက်စိနောက်ရုံတင်မဟုတ်ဘူး ဘလော့ကလည်း ရှုတ်ရှက်ခတ် မျက်စိနောက်နေတာဘဲတဲ့။ တချို့ကလည်း အသည်းစားဘီလူးကြီးတဲ့။ အသည်းမျိုးစုံကို ဖမ်းစားနေတယ်တဲ့။ အနော်က အသည်းမကြိုက်ဘူး အမြစ်ဘဲကြိုက်တယ်။ ဟင့် အနော်ကသရဲလောက်မလှပေမဲ့ ဘီလူးလောက်တော့ ရုပ်မဆိုးသေးပါဘူး။ ပြောရက်လိုက်ကြတာ သူများသားပျို သမီးပျိုကို။ တချို့ကလည်း အသည်းတွေပေါလှချည်လားတဲ့ ပလူပျံနေတာဘဲတဲ့။ အသည်းသာ ပလူပျံနေတာ တစ်ခုမှ ဖမ်းမစားနိုင်သေးပါဘူး ဟဲဟဲ ကြေငြာဝင်တာ။ အသည်းနဲ့စိတ်အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်အပ်ပါတယ်။ တချို့ကတော့ကြိုက်ကြပါတယ်။ ဒါပေမဲ့ တဝက်လောက်ကတော့ မကြိုက်တဲ့သူဖြစ်နေတဲ့အတွက် အသည်းကို ဖြုတ်ပစ်လိုက်ခြင်းပါ။ အားလုံး မျက်စိအေးအေးနှင့် ပျော်ရွှင်စွာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးအပ်ပါသည်။ အားလုံးချမ်းမြေ့ကြပါစေ. . .

Read More...

အနော်ရဲ့ သယ်ရင်းများ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အခုတလော ဒီ blogspot အိမ်နဲ့ အဆင်မပြေ ငြီးငွေ့ လာတဲ့ အတွက် အိမ်ပြောင်ရန် ကြိုးစားနေပါသည်။ ထိုကြောင့် ပိုစ်များလည်း သိပ်မတင်နိုင်ဖြစ်နေပါသည်။ အိမ်ရှင်က အပေါက်ဆိုးတာလား အနော်ကဘဲဆိုးတာလား တော့ မသိဘူး။ template အသစ်ပြောင်းရင် သူလက်ပါးစေ error ကိုလွှတ်လွှတ်ပြီး ပြဿနာရှာနေတော့ ခက်နေတယ်။ ကိုယ်ကလည်း ပညာသား မဝဆိုတော့ သူညာတာတွေချည်းဘဲ လှိမ့်ခံနေရတယ်။ ငါးရက်လောက် ချလိုက်ရပြီး တော်တော် စိတ်ဆိုးသွားတယ်။ ဘလော့ပါးလာဝပြနေတယ်။ တချို့ XHTML တွေကို သူကခွင့်မပြုဘူး ဖြစ်နေတယ်။ သူလက်ပါးစေ error ကိုဖြေရှင်းလို့ မပြီးသေးဘူး နောက်လက်ပါးစေ error တစ်ကောင်ရောက်လာပြန်ရော့။ အနော်လို့ အငြိမ်မနေတဲ့သူနဲ့က ကီးမကိုက်တော့ဘူး။ ဘလော့ထဲက နောင်တော်ကြီးတွေရဲ့ အကူအညီနဲ့ သူကို ကန်ဖို့ကြိုးစားနေပါတယ်။ ထိုအပြင် နောက်အိမ်ကိုလည်း စမ်းသပ်ဆဲပါ။ သူကိုယ်ဒဏ် ဘယ်လောက်ခံနိုင်လဲဆိုပြီးတော့။ သူက အိမ်ပေါ် မတက်ခင်ထဲက အထာကြီးလာကိုင်နေတယ်။ ဈေးကိုင်နေတယ်။ စပေါ်အရင်ပေးတွေ ဘာတွေနဲ့။ ရေ မီး ကလည်း သူရှိတာတွေက မကောင်းတော့ ကိုယ်ဘာသာကိုယ် ပြန်ပြီး ပြုပြင်ရမှာတွေ အများကြီးဘဲ။ ဟာ အနော်ကို စပေါ်ပျောက်အိမ် တလုံးလောက်ရှာပေးကြပါ။ Internet Explorer မှာ ဇော်ဂျီ ကို မြင်ရရင် သေပျော်ပါပြီ။ ဟား ဟား ဟား။ အနော်မှာ အိမ်လိပ်စာဘဲ ရှိသေးတယ်။ လာလည်ရင် ဧည့်ခံဖို့အတွက် ဖျာလေးတစ်ချပ်တောင် မရှိသေးဘူး။ နောက်မှဘဲ လိပ်စာပြောတော့မယ်။ အခုလောလောဆယ်တော့။ ဒီချစ်ချစ် blogspot နဲ့ဘဲ မခွဲခင် တဝကြီးပျော်လိုက်အုံးမယ်။ ဒါပေမဲ့ အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ မပစ်ရက်တာ အမှန်ပါဘဲ။ ငယ်ကချစ် အနှစ်တရာမမေ့ ဆိုတာ တော်တော်မှန်တာဘဲနော်။

အားလုံးကျမ်းမာချမ်းသာပျော်ရွှင်ရယ်မောနိုင်ကြပါစေ။

Read More...

Wednesday, December 12, 2007

သူရဲ့စိတ်ဟာ အင်မတန်မှ နူးညံတယ်။ ဒါပေမဲ့ သူရဲ့ဘဝဟာ သူရဲ့စိတ်နဲ့ဆန့်ကျင်ဘက် ကြမ်းတမ်းလှတယ်။ အဲဒီငယ်သူငယ်ချင်းအတွက် ရေးဖွဲ့ထားတယ် ကဗျာလေးတစ်ပုဒ်ပါ။

ဂုဏ်ယူမိပါတယ် ငယ်သူငယ်ချင်းရေ

သူငယ်ချင်းရေ
မင်းဘဝရဲ့ လှိုင်းကြမ်း
မင်းဘဝရဲ့ အရိပ်မဲ့နေရာ
မင်းဘဝရဲ့ ဆုတ်နစ်မှု
မင်းဘဝရဲ့ မုန်တိုင်းခတ်သံ
မင်းဘဝရဲ့ မှောင်မိုက်မှုများ
ဒီလိုကြမ်းတမ်းမူတွေကြား
ရှင်သန်ခဲ့ မင်းဘဝ
ဆိုးဝါးတဲ့ အတိတ်
ကြမ်းတမ်းတဲ့ ပစ္စုပ္ပန်
မှုန်ဝါးတဲ့ အနာဂတ်
ဒီလိုမျှော်လင့်ချက်ကုန်ဆုံးတဲ့
လူဘဝထဲမှာ. . .
ငါပြောခဲ့ဘူးတဲ့ အဆိုးရဲ့အစွန်ဟာ
အကောင်းဆုံးရဲ့ အစဆိုတာ
မင်းနဲ့ကျမှ. . .
ရှည်ကြာလှတဲ့အဆိုးနဲ့
ရက်စက်လိုက်တဲ့ ကံကြမ္မာရယ်။

ဒီလို ဒီလို. . . ဘဝထဲကမင်းမှာ
ဆန့်ကျင်ဘက်ဖြစ်နေတဲ့
မင်းနှလုံးသာက နူးညံသိမ်မွေ့နေမှုဟာ
သိပ်အံသြဖို့ကောင်းသလို
မင်းရဲ့ သည်းခံ၊ အနစ်နာခံနိုင်မှု
ထက်မြက်မှု မေတ္တာထားနိုင်မှု
ဒီလို စွမ်းအားတွေဟာလည်း
နှိုင်းယှဉ်လို့ မရနိုင်အောင်
မြင့်မားလှချည်လား သူငယ်ချင်းရယ်။

ရက်စက်တဲ့ဘဝမှာ နူညံသိမ်မွေတဲ့မင်းရဲ့
သူငယ်ချင်းဖြစ်ခွင့်ရခဲ့တာကို
ဂုဏ်ယူမိပါတယ် သူငယ်ချင်းရယ်။

Read More...

တို့ဖေဖေ တို့မေမေ နဲ့တင်မလုံလောက်သေးပါဘူး။ လူပတ်ဝန်းကျင်အသိုင်းအဝိုင်း ဆိုတာရှိတဲ့အတွက် ဒါလေးတွေလည်း သိဖို့လိုအပ်မယ် လို့ထင်မိပါတယ်။

သားသမီးဝတ်
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်
ကျင့်ဖွယ် သားတို့တာ။

..................................

တပည့်ဝတ်
ညီညာထကြွ၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
သင်ထွေးအံရွတ်၊ တပည့်ဝတ်
မချွတ် ငါးခုသာ။

.....................................

မိဘဝတ်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်မြားခြင်းလျှင်၊ ဝတ်ငါးအင်
ဖခင်မယ်တို့တာ။

.......................................

ဆရာဝတ်
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ။

Read More...

Tuesday, December 11, 2007

နိုင်ငံတကာရင်သွေးငယ်များ တင်မဟုတ်ပါဘူး။ တို့တိုင်းပြည်မှာလည်း မိမဲ့၊ ဖမဲ့၊ ကျောင်းမနေနိုင်တဲ့ ရင်သွေးငယ်တွေ ဒူးနဲ့ဒေး အများကြီးပါဘဲ။ သူတို့ရဲ ပန်းတိုင်၊ အနာဂတ်၊ ရည်မှန်းချက် ဆိုတာ ဘယ်မှာလဲ။ ဘယ်သူကိုပြောနိုင်မှာလဲ၊ ဘယ်သူကိုပြောပြရမှာလဲ။ ပြောတယ်ဘဲထားအုံး ဘယ်လောက်ထိလုပ်ပေးနိုင်မှလဲ. . . .


Read More...

တို့များရဲ့နိုင်ငံဟာ စေတီ၊ ဘုရား၊ ကမ်းခြေ၊ သဘာဝရဲ့စိမ်းလန်းစိုပြည်မှုတွေနဲ့ လှချင်တိုင်းလှနေတဲ့ အလှကမ္ဘာ လေးပါကွယ်။


Read More...

စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ် မဟုတ်ပါဘူး။ စည်းလုံးကြဖို့အချိန်တန်နေပါပြီ။ တို့နိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိပါတယ်။
ကျေးဇူးပြုပြီး လူဦးရေ ၁၀ သန်းလောက်ဘဲ စည်းလုံးကြပါ။ တို့တွေမျှော်မှန်းတဲ့ ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ တည်ငြိမ်မူရပါပြီ။ တိုင်း ၇ ခု၊ ပြည်နယ် ၇ ခု ကမြန်မာပြည်နေ ဘာသာကွဲ၊ လူမျိုးမတူတဲ့ တို့ရောင်းရင်းညီအစ်ကို မြန်မာပြည်သူ ပြည်သားများ တို့တွေရဲ့သွေးတွေ၊ ကိုယ်တွေထဲမှာ မြန်မာပြည်ကရေ၊ မြန်မာပြည်ကလေတွေချည်းပါဘဲ။ တို့များသွေးစည်းညီညွတ်နိုင်ရင် အောင်မြင်မှုပန်းတိုင် ရောက်ပြီ. . . .


Read More...

အနော် ဘလော့ကိုလာလည်တဲ့ အစ်ကိုကြီးများ အနော်ကို ရှာပေးကြပါ။
သီချင်းလေးနဲ့ဘဲ ပြောလိုက်တော့မယ်။ ပါးစပ်နဲ့ပြောရမှာ ပြောမထွက်လို့။

Read More...

Monday, December 10, 2007

အနော်တို့ငယ်ငယ်တုန်းက အလွတ်ကျက်မှတ်သင်ခဲ့ရတဲ့ကဗျာလေးတွေပါ။ အမှတ်တရလေးအနေနဲ့ပြန်တင်ပေးလိုက်ပါတယ်။ အားလုံးလည်း မှတ်မိကြမယ်လိုထင်ပါတယ်။

တို့ဖေဖေ
စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများဖြင့် ပေါ်ပေါက်လျှင်
စီရင်တက်ပေ တို့ဖေဖေ။

အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။

စဉ်းစားမြော်မြင် ဥာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။

နိုင်ငံအကျိုး တို့အကျိုး
သယ်ပိုးနိုင်ပေ တို့ဖေဖေ။

.....................................

တို့မေမေ

ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျမ်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ။

Read More...

Sunday, December 9, 2007

နာမည်ပြောင်း ကင်ပွန်းတပ်မယ် ကြာမည် လာမည် မျှော်
hello
အနော်ရဲ့ friend များ မတွေ့ရတာ အတော်ကြာနေပြီပေါ့နော်။ အနော်တစ်ယောက်က မအားချင်ယောင်ဆောင်နေတယ် (အပျင်းကြီးလို့) ဘလော့ သိပ်မရေးဖြစ်ဘူး။ Gtalk မှာ လာလာအော်နေကြပြီ အပျင်းလေး ကုတ်လှချည်လားတဲ့။ ဟုတ်ပါတယ်။ အမှန်တကယ်ဘဲကုတ်နေရပါတယ်။(ပွေး ၊ဝဲ၊ ယားနာ၊ ဒက်၊ ညင်း၊ မဟုတ်ပါ။)ဆောင်းတွင်းမို့ အသားပတ်၍ပါ။ ဆောင်းတွင်းဆို တော့စာရေးရမှာပျင်းနေတယ်။ အေးအေးချမ်းချမ်းလေးနဲ့ ကွေးဘဲကွေးနေချင်မိတယ်။ အနော် gtalk မှာသူငယ်ချင်းအများကြီးနဲ့ ခင်ခဲ့ရတယ်။ တွေ့တဲ့သူတိုင်း ပထမဆုံးမေးတာက ကောင်လေးလား ကောင်မလေးလားတဲ့။ အဲဒီတော့ အနော်ကပြန်ဖြေလိုက်တယ်။ အနော်က လူထဲကလူတစ်ယောက်ပါလို့။ တခါတရံမှာကောင်လေးဖြစ်သလို တခါတရံမှာကောင်မလေးဖြစ်နေပါတယ်လို့။ သြောင် အဲ့ဒီကျတော့လည်း အခြောက်လားတဲ့။ တယ်းခက်ကြပါလား အနော်လည်း စိတ်အချဉ်ပေါက်လာတာနဲ့ ဟုတ်တယ်လို့။ မိုးတွင်းမှမဟုတ်တာ ဆောင်းတွင်းလေ အားလုံးခြောက်နေကြတာဘဲ။ သစ်ရွက်ကလေးတွေတောင် ခြောက်ပြီးကြွေကြနေကြတာဘဲ။ အဲဒီတော့ မကျေနပ်ကြသေး ဘယ်လိုခေါ်ရမလဲတဲ့။ အနော်ကအစဉ်ပြေသလိုခေါ်နိုင်ပါတယ်ဆိုတော့ အနော်နာမည်က ဘက်စ်ဂတ် မဟုတ်လား။ အဲဒီတော့ အဖျားဆွတ်ပြီးခေါ်ချင်တယ်တဲ့။ ခေါ်ဗျာလို့ပြောတော့ ကိုကိုဘက်စ်တဲ့။ မင်းကြိုက်သလို လုပ်ပါလို့ဘဲပြောရတော့မလိုဘဲ။ ပြောရင်း ပြောရင်း လက်ကရေချိန်ကိုက်နေပြီနဲ့တူတယ်။ ကိုကိုဘက်စ် ဖြစ်လိုက် ကိုကိုပတ်စ် ကိုကိုလစ်ဖြစ်လိုက်နဲ့ အမျိုးစုံဘဲ။ လူမှာသူတိုနဲ့တွေမှဘဲ ဝက်ဖြစ်လိုက် အလစ်သမားဖြစ်လိုက်နဲ့။ နောက်တချိုကရှိသေး ကိုကိုဂတ်တဲ့။ လူလဲသူတို့ပြောလို့လားမသိဘူး။ ဖျားနေတာ အခုထိမပျောက်သေးဘူး။ လူလဲသူတို့ခေါ်မှဘဲတဂတ်ဂတ်နဲ့ အော်ရတော့မလိုဘဲ။. . . အဲဒီတော့အနော်တစ်ယောက် အချိန်အခါနေ့ထူးနေ့မြတ် ရက်ရာဇာ နဂါးခေါင်းလှည့် တွေတွက်ချက်ပြီးတော့နာမည်ပြောင်းရတော့မယ်။ ကျွမ်းကျင်တဲ့ဆရာကြီးတွေနဲ့တိုင်ပင်ကြည့်တယ် သူတို့ပေးတဲ့ နာမည်တွေကအကုန်ရိုက်ပေါက်တွေချည်းဘဲ။ အသံကြားဆဲချင် မျက်နှာမြင်ရိုက်ချင်ဆိုတဲ့အဂ်ါရပ်တွေနဲ့နဂိုပြည်စုံပြီးသားဆိုတော့ . . . နာမည်တွေကလည်းကြည့်အုံး အင်မတန်မှကိုကောင်းတဲ့အမည်တွေ (စိတ်ပျက်ဖို့). . . လာနော်(နာမည်ကြီးကိုကလာနော်တဲ့ ဘုကျတဲ့လူနဲ့တွေရင် လာပြီးဘာလုပ်ရမှလဲ။ ထမင်းကျွေးမှာမို့လို့လားနဲ့ ဇယားကလာရှုတ်နေပြီ။ လာနော် တရာဖိုးသုံးထည်ကိုဘဲဆိုလိုသလိုလိုနဲ့) တချက်စောင်းကြည့်ပါ(နှစ်ချက်စောင်းကြည့်ရင် နောက်လာချင်စိတ်ကုန်သွားမှာစိုးလို့လားနဲ့) မျက်စိကိုအသာလေးဖွင့်ကြည့် (အရမ်းဖွင့်ရင်ရော ဘာဖြစ်သွားမှာမို့လိုလဲနဲ့) ကြည့်သောသူမြင်၏(ရှင်းနေတာဘဲ ကြည့်မှတော့မြင်မှာပေါ့) အဲဒီလို အဲ့ဒီလိုတွေကြောင့် ဇီဇာကြောင်တဲ့အနော်ကို ဘယ်သူမှနာမည်မပေးရဲကြတော့ဘူး။ နောက်ဆုံးတော့ အထက်ပုဂ္ဂိုလ်များ၏ညွှန်ကြားချက်အရ မင်းသင်္ခတပည့် ရွှေယမင်းဦး ဆီမှာဘိုကင်လုပ်ထားတယ်။ အခုထိတော့ အနော်တုံကင်အလှည့်မရောက်သေးဘူး။ ဆံဖြုသွားကျိုးတဲ့အထိစောင့်ရမယ်တဲ့။ ကိစ္စမရှိပါဘူး။ အနော်က သူများနဲ့မတူတဲ့ နာမည်မျိုးဘဲလိုချင်တာဆိုတော့။ ဘယ်လောက်စောင့်စောင့် စောင့်ပါမယ်လို့ပြောထားတယ်။ လူကမလှတော့ နာမည်တော့လှလှလေးလိုချင်တာပေါ့။
နာမည်လှလှလေးရခဲ့ရင် သယ်ရင်းတို့ကိုလိုက်ကြေငြာပေးမယ်။ လောလောဆယ်တော့ မရှိသေးဘူး။ ချိန်းတဲ့ရက်မရောက်သေးလို့ . . . . . . . . .

Read More...

Friday, December 7, 2007

အနော်ဒီကဗျာလေးကို (၆)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ လင်းဦး ရဲ့ ညီမလေးအတွက် ထက်တူခံစားပြီး ရေးဖွဲခဲ့ခြင်းပါ။
ထိုအတူ လင်းဦး အတွက်ထက်တူကြွေကွဲ ဝမ်းနည်းမိပါကြောင်း ပြောကြားအပ်ပါတယ်။ ဒီကဗျာဟာ ကာယကံရှင်အတွက် အနည်းငယ်ထိရောက်မှုရှိနိုင်ရင် ကျေနပ်ပါပြီ။

အစားထိုးမရတဲ့ အဖြုရောင်

မေ့မရနိုင်တဲ့
အဖြူရောင်သံယောဇဉ်နဲ့
ထားရှိခဲ့တို့အတိတ်တွေ
မင်းဟာ ငါ့ဘဝရဲ့တစိတ်တပိုင်းပါ။

လူ့အသက်တွေကိုကယ်မဲ့
မင်းရဲ့အသက်ကို
ယမမင်းကရက်စက်စွာဆွဲခေါ်
ငါဖြေသိမ့်ဖို့ အချိန်ဆိုတာမရှိခဲ့ဘူး။

ရက်စက်တဲ့ကံကြမ္မာ
အလွမ်းပင်လယ်ထဲမှာ
မင်း ငါ့ကိုထားခဲ့
ညစဉ်တိုင်းမှာ
မင်းငါကို အိပ်မက်မက်ခွင့်ပြုပါ။

မင်းဟာ ငါဘဝရဲ့
အစားထိုးမရတဲ့ သူငယ်ချင်း
မင်းဟာ ငါဘဝရဲ့
အဖြုရောင်အလင်းတန်းရောင်ခြည်
မင်းဟာ ငါဘဝရဲ့
လမ်းပြကြယ်တံခွန်
မင်းဟာ ငါဘဝရဲ့ . . .

နောင်သံသရာတကွေ့မှာ
တို့များပြန်ဆုံခဲ့ရင်
မင်းငါ့ကိုမှတ်မိနိုင်ပါစေလို
ငါဆုတောင်နေမိပါတယ် အချစ်ဆုံးသူငယ်ချင်းရယ်။

Read More...

Wednesday, December 5, 2007

အမေနဲ့ ပတ်သက်တဲ့ကဗျာ နှစ်ပုဒ်ကို VOA မှ ကူးယူဖော်ပြခြင်းပါ။
ပထမ ကဗျာက အဖိနှိပ်ခံပြည်သူတွေဘက်က အမြဲရပ်တည်တဲ့ လူထုဒေါ်အမာအတွက် ဗကသအဖွဲ့က ရေးဖွဲ့ထားတာပါ။
နောက်တစ်ပုဒ်က အရှင်ဂမ္ဘီရရဲ့မယ်တော် ကိုယ်တိုင် ရေးဖွဲ့ထားတာပါ။

နားနဲ့နားမထောင် နှလုံးသားနဲ့နားထောင်ကြပါ။

အမေ့အတွက်သား သားအတွက်အမေ


စက်တင်္ဘာလှုပ်ရှားမှုကို နာကျင်ခံစားနေရသူ ကဗျာသမား ဘုန်းမင်းဇွန်က လမ်းပေါ်မှာစီးတဲ့ဧရာဝတီ ဆိုတဲ့ ပြည်တွင်းမှာ ထုတ်ဝေခွင့်မရမယ့် ကဗျာတပုဒ်ဖြင့် သူ၏ခံစားချက်ကို တင်ပြဖွဲ့  ဆိုသီကုံးထားပါတယ်။

ဧရာဝတီရဲ့ အဝေးရောက်သားသမီးတွေ

Read More...

Monday, December 3, 2007

နေ့သစ်ရဲ့နတ်သမီး

မျက်လုံးပေါ် နေရောက်မှ
ငါအိပ်ရာထခဲ့
ဝိုးတဝါး မျက်ချေးနဲ့
ဖွင့်ကြည့်တော့ ကိုးနာရီ
နောက်ကျတယ် မဆိုနိုင်သလို
မစောတော့တဲ့ ဒီအချိန်မှာ
သြော် လူ့ဘဝ
တစ်နေ့တာ တာဝန်များထမ်းဆောင်ရန်
ငါးထပ်လောက်စောင်ထဲက လူးလဲကာငါထ
ဝါနေတဲ့သွားများကို ရွှေဖြစ်အောင်ထက်တိုက်
အသိုက်ပျောက်နေတဲ့ ငှက်ကလေးက
ငါ့ခေါင်းပေါ် လာနား
အရာအားလုံးက နေ့သစ်မှာ
ငါကိုကြိုဆို
ဘာအရင်လုပ်မလဲ
ငါ့ဦးနောက်ကို စမေး
ပြန်ဖြေတဲ့ ဦးနောက်
မနက်စာ အရင်စားရမယ်။
သြော် ဒီဝမ်းလေးတစ်ထွာအတွက်
ငါ့တို့တွေ တနေကုန်အလုပ်ရှုတ်
ပြည့်သွားတဲ့ဝမ်းက ခွန်အားအတွက်
အသက်ရှင်
ဒ်ီလိုဘဲ
တို့များရဲ့ သံသရာ
နောက်ဆုံးအသက်ရှုချိန်ထိ
ရုန်းကန်က လှုတ်ရှားနေရဆဲပါဘဲ။

Read More...

Sunday, December 2, 2007

ကောင်လေးတစ်ယောက်တည်းပါလား


ဟယ် ကောင်မလေးကလည်းတစ်ယောက်တည်း


ကောင်လေးက ကောင်မလေးကို လိုက်စောင့်ရှောက်နေပြီ


အော် သခါင်္ရတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ကြပါလား

Read More...

ဟဲလို အနော် biggest ရဲ့ friend များအားလုံး မင်္ဂလာပါ။ အနော်ကို ဆောင်းအကြောင်းမရေးဘူးလားနဲ့ email နဲ့တဖုံ gtalk နဲ့တမျိုး လူကိုယ်တိုင်၎င်း ပြောနေကြတယ်။ အဲဒီတစ်ခု biggest friend များကို အကြွေးဆပ်ဖို့ကျန်သေးတယ်နော်။ ဆောင်းတွင်း အေးအေးလေးမှာ ကွေးကွေးလေးနဲ့ မှေးမှေးလေး ဖြစ်ဖြစ်သွားလို့ မနက်ထပြေးဖို့ဝယ်ထားတဲ့ ဖိနပ်တောင် သေးကုန်ပြီ မတော်တော့ဘူးဖြစ်နေပြီ။ biggest ဒီဇင်ဘာနှင်းနဲ့ ဆောင်းတွင်းရာသီ ကိုရေးနိုင်အောင်ကြိုးစားနေပါတယ်။ နှစ်မကုန်ခင် အကြွေးပြီးအောင်ဆပ်နိုင်အောင် ကြိုးစာနေပါတယ်။

Read More...

ပထမက သူတစ်ယောက်တည်း

နောက် သူမကလည်းတစ်ယောက်တည်း

ဟော့နောက်ဆုံးတော့ သူတိုတွေနှစ်ယောက်ဖြစ်သွားကြပြီ

Read More...

Read More...