Sunday, December 9, 2007

နာမည်ပြောင်း ကင်ပွန်းတပ်မယ် ကြာမည် လာမည် မျှော်
hello
အနော်ရဲ့ friend များ မတွေ့ရတာ အတော်ကြာနေပြီပေါ့နော်။ အနော်တစ်ယောက်က မအားချင်ယောင်ဆောင်နေတယ် (အပျင်းကြီးလို့) ဘလော့ သိပ်မရေးဖြစ်ဘူး။ Gtalk မှာ လာလာအော်နေကြပြီ အပျင်းလေး ကုတ်လှချည်လားတဲ့။ ဟုတ်ပါတယ်။ အမှန်တကယ်ဘဲကုတ်နေရပါတယ်။(ပွေး ၊ဝဲ၊ ယားနာ၊ ဒက်၊ ညင်း၊ မဟုတ်ပါ။)ဆောင်းတွင်းမို့ အသားပတ်၍ပါ။ ဆောင်းတွင်းဆို တော့စာရေးရမှာပျင်းနေတယ်။ အေးအေးချမ်းချမ်းလေးနဲ့ ကွေးဘဲကွေးနေချင်မိတယ်။ အနော် gtalk မှာသူငယ်ချင်းအများကြီးနဲ့ ခင်ခဲ့ရတယ်။ တွေ့တဲ့သူတိုင်း ပထမဆုံးမေးတာက ကောင်လေးလား ကောင်မလေးလားတဲ့။ အဲဒီတော့ အနော်ကပြန်ဖြေလိုက်တယ်။ အနော်က လူထဲကလူတစ်ယောက်ပါလို့။ တခါတရံမှာကောင်လေးဖြစ်သလို တခါတရံမှာကောင်မလေးဖြစ်နေပါတယ်လို့။ သြောင် အဲ့ဒီကျတော့လည်း အခြောက်လားတဲ့။ တယ်းခက်ကြပါလား အနော်လည်း စိတ်အချဉ်ပေါက်လာတာနဲ့ ဟုတ်တယ်လို့။ မိုးတွင်းမှမဟုတ်တာ ဆောင်းတွင်းလေ အားလုံးခြောက်နေကြတာဘဲ။ သစ်ရွက်ကလေးတွေတောင် ခြောက်ပြီးကြွေကြနေကြတာဘဲ။ အဲဒီတော့ မကျေနပ်ကြသေး ဘယ်လိုခေါ်ရမလဲတဲ့။ အနော်ကအစဉ်ပြေသလိုခေါ်နိုင်ပါတယ်ဆိုတော့ အနော်နာမည်က ဘက်စ်ဂတ် မဟုတ်လား။ အဲဒီတော့ အဖျားဆွတ်ပြီးခေါ်ချင်တယ်တဲ့။ ခေါ်ဗျာလို့ပြောတော့ ကိုကိုဘက်စ်တဲ့။ မင်းကြိုက်သလို လုပ်ပါလို့ဘဲပြောရတော့မလိုဘဲ။ ပြောရင်း ပြောရင်း လက်ကရေချိန်ကိုက်နေပြီနဲ့တူတယ်။ ကိုကိုဘက်စ် ဖြစ်လိုက် ကိုကိုပတ်စ် ကိုကိုလစ်ဖြစ်လိုက်နဲ့ အမျိုးစုံဘဲ။ လူမှာသူတိုနဲ့တွေမှဘဲ ဝက်ဖြစ်လိုက် အလစ်သမားဖြစ်လိုက်နဲ့။ နောက်တချိုကရှိသေး ကိုကိုဂတ်တဲ့။ လူလဲသူတို့ပြောလို့လားမသိဘူး။ ဖျားနေတာ အခုထိမပျောက်သေးဘူး။ လူလဲသူတို့ခေါ်မှဘဲတဂတ်ဂတ်နဲ့ အော်ရတော့မလိုဘဲ။. . . အဲဒီတော့အနော်တစ်ယောက် အချိန်အခါနေ့ထူးနေ့မြတ် ရက်ရာဇာ နဂါးခေါင်းလှည့် တွေတွက်ချက်ပြီးတော့နာမည်ပြောင်းရတော့မယ်။ ကျွမ်းကျင်တဲ့ဆရာကြီးတွေနဲ့တိုင်ပင်ကြည့်တယ် သူတို့ပေးတဲ့ နာမည်တွေကအကုန်ရိုက်ပေါက်တွေချည်းဘဲ။ အသံကြားဆဲချင် မျက်နှာမြင်ရိုက်ချင်ဆိုတဲ့အဂ်ါရပ်တွေနဲ့နဂိုပြည်စုံပြီးသားဆိုတော့ . . . နာမည်တွေကလည်းကြည့်အုံး အင်မတန်မှကိုကောင်းတဲ့အမည်တွေ (စိတ်ပျက်ဖို့). . . လာနော်(နာမည်ကြီးကိုကလာနော်တဲ့ ဘုကျတဲ့လူနဲ့တွေရင် လာပြီးဘာလုပ်ရမှလဲ။ ထမင်းကျွေးမှာမို့လို့လားနဲ့ ဇယားကလာရှုတ်နေပြီ။ လာနော် တရာဖိုးသုံးထည်ကိုဘဲဆိုလိုသလိုလိုနဲ့) တချက်စောင်းကြည့်ပါ(နှစ်ချက်စောင်းကြည့်ရင် နောက်လာချင်စိတ်ကုန်သွားမှာစိုးလို့လားနဲ့) မျက်စိကိုအသာလေးဖွင့်ကြည့် (အရမ်းဖွင့်ရင်ရော ဘာဖြစ်သွားမှာမို့လိုလဲနဲ့) ကြည့်သောသူမြင်၏(ရှင်းနေတာဘဲ ကြည့်မှတော့မြင်မှာပေါ့) အဲဒီလို အဲ့ဒီလိုတွေကြောင့် ဇီဇာကြောင်တဲ့အနော်ကို ဘယ်သူမှနာမည်မပေးရဲကြတော့ဘူး။ နောက်ဆုံးတော့ အထက်ပုဂ္ဂိုလ်များ၏ညွှန်ကြားချက်အရ မင်းသင်္ခတပည့် ရွှေယမင်းဦး ဆီမှာဘိုကင်လုပ်ထားတယ်။ အခုထိတော့ အနော်တုံကင်အလှည့်မရောက်သေးဘူး။ ဆံဖြုသွားကျိုးတဲ့အထိစောင့်ရမယ်တဲ့။ ကိစ္စမရှိပါဘူး။ အနော်က သူများနဲ့မတူတဲ့ နာမည်မျိုးဘဲလိုချင်တာဆိုတော့။ ဘယ်လောက်စောင့်စောင့် စောင့်ပါမယ်လို့ပြောထားတယ်။ လူကမလှတော့ နာမည်တော့လှလှလေးလိုချင်တာပေါ့။
နာမည်လှလှလေးရခဲ့ရင် သယ်ရင်းတို့ကိုလိုက်ကြေငြာပေးမယ်။ လောလောဆယ်တော့ မရှိသေးဘူး။ ချိန်းတဲ့ရက်မရောက်သေးလို့ . . . . . . . . .

0 comments: