Wednesday, October 31, 2007

ကဗျာ



မောင်လှမျိုး(ချင်းချောင်း)၏ ကဗျာများဖြစ်ပါသည်








မောင်စိန်ဝင်း(ပုတီကုန်း)၏ ကဗျာများကို internet site တစ်ခုမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

Read More...

မြန်မာလိုလှသောမြန်မာမလေးများ






ရိုးသားသောအပြုံးများ












ဓါတ်ပုံများက biggest ရိုက်တာတော့မဟုတ်ဘူး မြန်မာဆိုဒ်အချို့ကကူးယူဖော်ပြတာပါ

Read More...

Monday, October 29, 2007

ပန်ကြားတောင်းပန်ခြင်း
Hello Blog ညီနောင်အပေါင်းတို့ biggest သည် ဤ ၂၉ ရက် ၁၀ လ ၂၀၀၇ မှစ၍ blog လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက် ပြီဖြစ်ပါသည် သို့ပေမဲ့ ဝမ်းရေးက အရေးကြီးသော ကြောင့်ဝမ်းရေးချောင်မည့် လုပ်ငန်းခွင်သို့ အရင်ဝင်နေရပါသည် အလုပ်ပိပြီးဂျပုလည်း ဖြစ်နေပါပြီ စာနာနားလည် ပေးကြပါ သို့ပေမဲ့ ကြိုးစားပြီး report မတင်နိုင်ရင်နေပါစေ post တော့တင်နိုင်အောင် ကြိုးစားပေးပါမယ်
ကျေးဇူးအထူးတင်ရှိပါသည်

Read More...

Saturday, October 20, 2007

တောင်းပန်စာပါ။ မျှောစာမဟုတ်သလို အရှေ့ခုနစ်အိမ်၊အနောက်ခုနစ်အိမ် လည်းဝေလို့မရပါ။

Biggest သည် အထက်လူကြီးများ၏ ရာဇာသံအမိန်အရ တစ်နယ်တကျေးတော့ မဟုတ်ပါ။ သို့ပေမဲ့ internet မရှိသော နေရာသို့ သွားရောက်၍ သင်တန်းသွားတက်ရပါမည်။ internet မရှိဆိုတာ line ရှိပါသည် သို့ပေမဲ့ biggest တွင် computer မရှိ၍ဖြစ်ပါသည်။ လူကြီးများ၏ မျက်စိနောက် ကြည့်မရမှုကြောင့် ကမ္ဘာကြီးနှင့်ခေတ္တာခဏ၊ ယာယီ၊ တပတ်ခန့်အဆက်အသွယ်ပြတ်သွားမှာဖြစ်ပါသည်၊ ထိုအတော့အတွင်း မြန်မာပြည် ဒီမိုကရေစီရသွားပါက biggest ကိုဖုန်းဆက်ပြောရန် ဖုန်းနံပါတ်ထည့်ပေးလိုက်ပါသည်။ သေချာမှတ်ကြပါ၊ ( 099သုံည နှစ်လုံး၊ဘဲဥတစ်လုံး၊ကြက်ဥငါးလုံး ) ဤဖုန်းနံပါတ်သို ဆက်သွယ်အကြောင်းကြားပေးပါ၊ သို့ပေမဲ့ ခြေရာလေးတွေတော့ မပြတ်ပါနဲ့လို့ တောင်းပန်အပ်ပါတယ်။ Biggest ပြန်လာမှသင်တန်း အတင်းကို တဝကြီး အဲ အဲ အကြောင်းကိုတဝကြီး ပြောပြတော့မယ်နော်။ နာရီပေါင်း(၁၈၆)၊ မိနစ်ပေါင်း(၁၀၀၈၀)၊ စက္ကန့်ပေါင်း(၆၀၄၈၀၀) ကျရင်ပြန်လည်ဆုံဆည်းကြပါစို့။

Read More...

Thursday, October 18, 2007

ကဗျာ

Read More...

ကဗျာ

Read More...

Wednesday, October 17, 2007

၂၀၀၈ ခုနစ်တွင် ကစားမည် အိုလံပစ်ဓါတ်ပုံ

ကိုထိုက် blog မှကူးယူဖော်ပြပါသည်









Read More...

Tuesday, October 16, 2007


ကျိန်စာသင့်နေသော အသည်းနှလုံး

ကောင်မလေးရယ်.....
အလွမ်းကိုပေး
ဒဏ်ရာကိုထားခဲ့
မင်းစွန့်သွားတဲ့ ဘဝမှာ
နာကျင်မှုဝေဒနာကိုခံစားရင်း
မင်းနဲ့ပျော်ရွှင်ခဲ့တာလေးတွေကို
ငါ့ရင်မှာ ထာဝရ သိမ်းဆည်းထားပါမယ်

* * * * *
Biggest

Read More...

မဇ္ဈိမ မှဆောင်းပါးကိုဖော်ပြလိုက်ပါသည်

ကပ်ဆိုး၏ တံလျှပ်များ… 'လက်ပြထား '

တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီဖုန် မြန်မာပြည်ကို ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ခဲ့စဉ်တုန်းက ဖြစ်ပါတယ်။

ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို လီဖုန် အရောက်မှာ မြန်မာနိုင်ငံက တာဝန်ရှိသူတွေက ကြိုဆိုကြ၊ ခရီးဦးကြိုဆို ပြုကြပေါ့။ ညရောက်တော့ အဲဒီ သတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုံးစံအတိုင်း ရုပ်သံရိုက်ချက်တွေ ဝေဝေဆာဆာနဲ့ တင်ဆက်ပါတယ်။

သတင်းကြေညာသူ အမျိုးသမီးက…

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီဖုန် လေဆိပ်မှ ထွက်ခွာရာ လမ်းတလျှောက်တွင် မြန်မာပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများက နှစ်နိုင်ငံ အလံများကို ဝှေ့ယမ်း၍ သောင်းသောင်းဖြဖြ နှုတ်ဆက်ကြပါသည်´ လို့ ကြေညာပြီးတော့ ကားတန်းဖြတ်သွားရာ လမ်းတလျှောက် ဘေးဝဲယာက ကျောင်းသူ ကျောင်းသားလေးတွေ ပုံကို ပြပါတယ်။ အဲဒီမှာတင် သတင်းတင်ဆက်သူ တည်းဖြတ် ချန်လှပ်ဖို့ လစ်ဟာသွားပုံရတဲ့ ရုပ်သံထဲက အသံတသံက ပီပီသသကြီး ပေါ်လာပါတော့တယ်။

အဲဒါကတော့ ကားတန်းပေါ်က တယောက်ယောက်က ကျောင်းသူ ကျောင်းသားလေးတွေကို အော်ဟစ်နေတဲ့…

`လက်ပြထား၊ လက်ပြထား´

ဆိုတဲ့ အသံပါပဲ။ သတင်း နားထောင်နေတဲ့ လူတွေမှာ တအုန်းအုန်းနဲ့ တော်တော်နဲ့ အတောမသတ်နိုင်အောင် ထရယ်ကြတာ မှတ်မိနေပါသေးတယ်။

`လက်ပြထား၊ လက်ပြထား´

ကားတန်းပေါ်က အော်သံ၊ နေပူထဲက ကျောင်းသား ကျောင်းသူလေးတွေရဲ့ စိတ်မပါ လက်မပါ အလံဝှေ့ယမ်းဟန်၊ စာရွက်တွေ တထပ်ကြီးနဲ့ သတင်းကြေညာနေတဲ့ မြန်မာ့အသံ ဝန်ထမ်း…။

ဒါပေမယ့် တရုတ်ဝန်ကြီးချုပ် လီဖုန်ကတော့ သူ့ကို မြန်မာပြည်က ကျောင်းသား ကျောင်းသူလေးတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပဲလို့ ထင်သွားခဲ့မှာပါပဲ။

အခုလည်း `လက်ပြထား၊ လက်ပြထား´ ပုံရိပ်တွေက နိုင်ငံပိုင် သတင်း မီဒီယာတွေမှာ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်နေရပြန်ပါပြီ။ တရုတ်ဝန်ကြီးချုပ် လီဖုန်တယောက် ဘာမှ မသိလိုက်သလို ကုလသမဂ္ဂနဲ့တကွ တခြားနိုင်ငံတွေကပါ ဘာမှမသိစွာနဲ့ အဲဒါတွေကို အဟုတ် လို့ ထင်သွားကြမှဖြင့်…။

Read More...

Sunday, October 14, 2007



ယမမင်း သဝဏ်လွှာ

ဦးသန်းရွှေ ညာနေသည်
ဦးမောင်အေး လိမ်နေသည်
သူရရွှေမန်း ရန်တိုက်ပေးနေသည်
ပြည်သူတွေကို ဒုက္ခပေးနေသော
စစ်သား၊စွမ်းအားရှင်၊ကြံဖွတ် သတိထား
သင်တို့၏ ကျဆုံးချိန်
မဝေးတော့ပါ။

Read More...

Saturday, October 13, 2007

ဓါတ်ပုံ

အဖေနှင့်သမီး တသားထဲ၊တသွေးထဲ၊တစိတ်ထဲ


Read More...

Friday, October 12, 2007

ကဗျာ












Read More...