Saturday, October 20, 2007

တောင်းပန်စာပါ။ မျှောစာမဟုတ်သလို အရှေ့ခုနစ်အိမ်၊အနောက်ခုနစ်အိမ် လည်းဝေလို့မရပါ။

Biggest သည် အထက်လူကြီးများ၏ ရာဇာသံအမိန်အရ တစ်နယ်တကျေးတော့ မဟုတ်ပါ။ သို့ပေမဲ့ internet မရှိသော နေရာသို့ သွားရောက်၍ သင်တန်းသွားတက်ရပါမည်။ internet မရှိဆိုတာ line ရှိပါသည် သို့ပေမဲ့ biggest တွင် computer မရှိ၍ဖြစ်ပါသည်။ လူကြီးများ၏ မျက်စိနောက် ကြည့်မရမှုကြောင့် ကမ္ဘာကြီးနှင့်ခေတ္တာခဏ၊ ယာယီ၊ တပတ်ခန့်အဆက်အသွယ်ပြတ်သွားမှာဖြစ်ပါသည်၊ ထိုအတော့အတွင်း မြန်မာပြည် ဒီမိုကရေစီရသွားပါက biggest ကိုဖုန်းဆက်ပြောရန် ဖုန်းနံပါတ်ထည့်ပေးလိုက်ပါသည်။ သေချာမှတ်ကြပါ၊ ( 099သုံည နှစ်လုံး၊ဘဲဥတစ်လုံး၊ကြက်ဥငါးလုံး ) ဤဖုန်းနံပါတ်သို ဆက်သွယ်အကြောင်းကြားပေးပါ၊ သို့ပေမဲ့ ခြေရာလေးတွေတော့ မပြတ်ပါနဲ့လို့ တောင်းပန်အပ်ပါတယ်။ Biggest ပြန်လာမှသင်တန်း အတင်းကို တဝကြီး အဲ အဲ အကြောင်းကိုတဝကြီး ပြောပြတော့မယ်နော်။ နာရီပေါင်း(၁၈၆)၊ မိနစ်ပေါင်း(၁၀၀၈၀)၊ စက္ကန့်ပေါင်း(၆၀၄၈၀၀) ကျရင်ပြန်လည်ဆုံဆည်းကြပါစို့။

0 comments: