Sunday, December 30, 2007

ဆောင်းနဲ့နေခြည်ရဲ့အားပြိုင်မှု

နှင်းတွေပိတ်နေတဲ့
ဒီဆောင်းမနက်
နေခြည်ရေ
မင်းမှာ
ဘယ်လောက်စွမ်းအင်ရှိရှိ
နှင်းထုကြီးကိုတော့
မင်းအံတု
မထိုးဖောက်နိုင်ပါဘူး။

ဒီလိုနဲ့တဖြည်းဖြည်း. . .
နေခြည်ကဘဲ စွမ်းအင်ပိုသုံးလို့လား
ဆောင်းကဘဲ အလျှော့ပေးလို့လား
အေးမြမှုကနေ နွေးတွေးမှုကို
ရရှိခဲ့ရပါလား။
နောက်တဖန်. . .
နေခြည်ရဲ့ စွမ်းအင်ကလျှော့လာလို့
ဆောင်းရဲ့ စွမ်းအင်ကပိုလာပြန်တယ်
နွေးထွေးမှုကနေ အေးမြမှုကို
ရရှိရပြန်ပါပြီ။

သြော်သံသရာကြီးရဲ့ လည်ပတ်မှုက
ဆန်းကြယ်လှချည်လားကွယ်။

0 comments: