Friday, December 7, 2007

အနော်ဒီကဗျာလေးကို (၆)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ လင်းဦး ရဲ့ ညီမလေးအတွက် ထက်တူခံစားပြီး ရေးဖွဲခဲ့ခြင်းပါ။
ထိုအတူ လင်းဦး အတွက်ထက်တူကြွေကွဲ ဝမ်းနည်းမိပါကြောင်း ပြောကြားအပ်ပါတယ်။ ဒီကဗျာဟာ ကာယကံရှင်အတွက် အနည်းငယ်ထိရောက်မှုရှိနိုင်ရင် ကျေနပ်ပါပြီ။

အစားထိုးမရတဲ့ အဖြုရောင်

မေ့မရနိုင်တဲ့
အဖြူရောင်သံယောဇဉ်နဲ့
ထားရှိခဲ့တို့အတိတ်တွေ
မင်းဟာ ငါ့ဘဝရဲ့တစိတ်တပိုင်းပါ။

လူ့အသက်တွေကိုကယ်မဲ့
မင်းရဲ့အသက်ကို
ယမမင်းကရက်စက်စွာဆွဲခေါ်
ငါဖြေသိမ့်ဖို့ အချိန်ဆိုတာမရှိခဲ့ဘူး။

ရက်စက်တဲ့ကံကြမ္မာ
အလွမ်းပင်လယ်ထဲမှာ
မင်း ငါ့ကိုထားခဲ့
ညစဉ်တိုင်းမှာ
မင်းငါကို အိပ်မက်မက်ခွင့်ပြုပါ။

မင်းဟာ ငါဘဝရဲ့
အစားထိုးမရတဲ့ သူငယ်ချင်း
မင်းဟာ ငါဘဝရဲ့
အဖြုရောင်အလင်းတန်းရောင်ခြည်
မင်းဟာ ငါဘဝရဲ့
လမ်းပြကြယ်တံခွန်
မင်းဟာ ငါဘဝရဲ့ . . .

နောင်သံသရာတကွေ့မှာ
တို့များပြန်ဆုံခဲ့ရင်
မင်းငါ့ကိုမှတ်မိနိုင်ပါစေလို
ငါဆုတောင်နေမိပါတယ် အချစ်ဆုံးသူငယ်ချင်းရယ်။

0 comments: