Tuesday, November 20, 2007

အဖေသို့ . . .

နွေဦးရာသီမှာ အဖေဟာ
သမီးအတွက် အရိပ်ကောင်းပြီး
အေးချမ်းစွာနားခိုနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ပေါ့။

မိုးဦးရာသီမှာ အဖေဟာ
မိုးဒဏ်၊လေဒဏ် မခံရအောင်
ကြိုးစားအကာအကွယ်ပေးနေသော
ခိုင်ခံတောင့်တင်းတဲ့ အိမ်ကြီးတစ်အိမ်ပေါ့။

ဆောင်းဦးရာသီမှာ အဖေဟာ
အေးခဲမှု၊အေးစက်မှုတွေ ပပျောက်အောင်
အစွမ်းကုန်နွေးထွေးမှုတွေ ပေးနေတဲမီးလင်းဖိုကြီးပေါ့။

သစ်ပင်လိုအေးချမ်းတဲ့ အဖေ
တံတိုင်းလို့ခိုင်ခဲ့တဲ့ အဖေ
မီးလင်းဖိုလို့နွေးထွေးတဲ့ အဖေ။

အဖေ့ရဲ့ နောက်ဆုံးအသက်ရှုသံတောင်ကြားခွင့်မရှိ
အဖေ့ရဲ့ နောက်ဆုံးနွေးထွေးတဲ့အကြည့်တောင်မခံလိုက်ရ
အဖေ့ကို နောက်ဆုံးနှုတ်ဆက်စကား၊နောက်ဆုံးနှုတ်ဆက်အပြုံး
အဖေ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကလေးတွေကိုတောင်မမြင်လိုက်နိုင်ခဲ့
အဖေ့ရဲ့ နောက်ဆုံး . . . နောက်ဆုံး . . . သမီးကိုနားလည်နိုင်ပါစေ။

*မဖြူဖြူသင်းနှင့် တမလွန်ကို ရောက်ရှိသွားသော သူ့ဖခင်အတွက် ခံစားနားလည်မှုနှင့် ရေးသားဂုဏ်ပြုလိုက်ရပါသည်။*

2 comments:

Yan said...

သစ်ပင်လိုအေးချမ်းတဲ့ အဖေ
တံတိုင်းလို့ခိုင်ခဲ့တဲ့ အဖေ
မီးလင်းဖိုလို့နွေးထွေးတဲ့ အဖေ။

အပေါ်မှာ တစ်ပိုဒ်ချင်းရေးခဲ့ပြီး နောက်တစ်ပိုဒ်မှာ အဲလို ပြန်စုစည်းပေးလိုက်တဲ့ ရေးဟန်လေးက သိပ်ကို သေသပ်လှပပါတယ်.

ခံစားချက်တွေပေးစွမ်းနိုင်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ. မဖြူဖြူသင်း ဖတ်ခွင့်ရစေချင်ပါတယ်

ခင်မင်လေးစားလျက်

ရန်အောင်

ကောင်းကင်ကို said...

ကဗျာလေးက ထိတယ်ဗျာ။ ကရုဏာ ရသကိုပေးစွမ်။တယ်။ မဖြူဖြူသင်း ဖတ်ခွင့်ကြုံပါစေဗျာ။ ဒီလို အဖြစ်မျိုးတွေ ပပျောက်ပါစေ။