Wednesday, January 16, 2008

အငိုရောင်မြစ်ဖျား

ဒါ တို့မြေရဲ့သရုပ်
မဟုတ်မမှန်
လုပ်ကြံစရာမလိုတဲ့
ပကတိ သရုပ်ပေါ့
အိပ်မက်မဟုတ်
ပစ္စုပ္ပန်နဲ့ အတိတ်
ဒီအရိပ်တွေက
အနာဂါတ်အတွက်
ငါတို့ရဲ့------
ရင်ဘတ်တွေကို ခါးသက်
သွေးစက်လက်နဲ့
အမိမြေရဲ့လက်မှာ
သားသေ လင်ဆုံး
ကုန်ရှုံး ကြွေးတင်
ဝမ်းမ၀မလင်နဲ့
မိခင်တွေရဲ့-----
ငိုညဉ်းသံက
ဘ၀ဂ်ကို ဟိန်းညံ
ငါ့ရင်ကိုလှိုင်းထန်ခဲ့
အရိုင်းဆန်တဲ့ညတွေအတွက်
ဒါဟာတိုက်ပွဲရဲ့ခေါ်သံလား
ဒါမှမဟုတ်----
အောင်ပွဲအတွက် ကျည်ဆံလား။
သေချာတာက
အမေ့မျက်ရည်ဟာ---ငါရဲ့
နောင်တမဲ့ခြေတစုံအတွက်
အားဆေးတခွက်ပေါ့။

နွေဦးဝေ
(အမေနဲ့ အမေများ၊ အနှိမ်ခံများ ထမင်းဝကြပါစေ)


1 comments:

Unknown said...

Biggest.thu....
အမေဆိုတဲ့အသံကြားရင် ကျနော်က စိတ်မခိုင်ဘူးဗျာ...
ပျော့ညံ့တယ်ဘဲပြောပြော...
ဘယ်လိုပဲမြင်မြင်.....
အမေနဲ့ပတ်သတ်ရင်....
အားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်သလို
အရှုံးကိုလည်း ပြုံးပြုံးလေးနဲ့ခံရဲတယ်။

ကောင်းပါတယ် ဆက်လက်ပြီးတော့လည်း
ကဗျာတွေအများကြီးရေးပေးပါအုံး....

ပြည့်စုံ