Friday, January 18, 2008


http://www.allmymagic.com/wizcard/view/s_6811

ကျေးဇူးပြု၍

ကျေးဇူးပြု၍
ငါကို လောကကြီးက ထွက်ခွာခွင့်ပြုပါ
ရှုတ်ထွေးပွေလီ ကြမ်းတမ်းမှုတွေကြား ငါမနေချင်တော့လို့ပါ။
ကျေးဇူးပြု၍
ငါကို ဆုပ်ကိုင်ထားသော လက်များလွှတ်ပေးကြပါ
နှောင်ကြိုးဖွဲ့ ကမ္ဘာထဲက ငါလွတ်မြောက်ချင်လို့ပါ။
ကျေးဇူးပြု၍
ငါဦးနောက်တွေကို ဖျက်စီးပေးကြပါ
အရာအားလုံးကို ငါမေ့ပျောက်ချင်လို့ပါ။
ကျေးဇူးပြု၍
ငါရင်ဘတ်ထဲက နှလုံးသားကို ထုတ်ပေးကြပါ
အလွမ်း အဆွေး ကြေကွဲမှု သံသရာကို ငါမလိုချင်တော့လို့ပါ။
ကျေးဇူးပြု၍
ငါရဲ့မျက်လုံးကို ဖောက်ထုတ်ပေးကြပါ
ရိုင်းစိုင်းစွာ ရက်စက်မှု၊ ဆိုးဝါးစွာ သတ်ဖြတ်မှု တွေကို ငါမမြင်ချင်တော့လို့ပါ။
ကျေးဇူးပြု၍
ငါရဲ့ အစာအိမ်ကို ထုတ်ပေးကြပါ
ဆာလောင် ငတ်မွတ်မှု ဒဏ်ကို ငါမခံစားနိုင်တော့လို့ပါ။
ကျေးဇူးပြု၍
ငါရဲ့ နားစည်ကို ထုတ်ပေးကြပါ
ငိုကြွေးမှု ညည်းတွားမှုတွေကို ငါမကြားချင်တော့လို့ပါ။
ကျေးဇူးပြု၍
ငါရဲ့ ခြေထောက်တွေကို ရိုက်ချိုးပေးကြပါ
ခြေသလုံးအိမ်တိုင် အတည်တကျ မရှိတဲ့ ငါဘဝကြီးကို ရပ်နားချင်လို့ပါ။
ကျေးဇူးပြု၍
ငါရဲ့ လက်တွေကို ရိုက်ချိုးပေးကြပါ
မလုပ်ချင်ဘဲ လုပ်နေရသော အလုပ်များကို ငါမလုပ်ချင်တော့လို့ပါ။
ကျေးဇူးပြု၍
ငါရဲ့ ခန္ဓာကိုယ်ကြီးကို ဖယ်ရှားပေးကြပါ
ပုတ်ပွမှု အပေါင်း သရဖူဆောင်းတဲ့ ဒီကိုယ်ကြီးကို ငါအလိုမရှိတော့လို့ပါ။
ကျေးဇူးပြု၍
ငါရဲ့ လျှာကို ဖြတ်ပေးကြပါ
ရိုးသားတဲ့မုသားစကားတွေကို ငါမပြောချင်တော့လို့ပါ။
ကျေးဇူးပြု၍.......
ငါကို.......... အေးချမ်းတဲ့နေရာလေး တနေရာကို ပို့ပေးကြပါ။

3 comments:

Unknown said...

ကျေးဇူးပြု၍
ငါရင်ဘတ်ထဲက နှလုံးသားကို ထုတ်ပေးကြပါ
အလွမ်း အဆွေး ကြေကွဲမှု သံသရာကို ငါမလိုချင်တော့လို့ပါ။

ဟုတ်တယ်ဗျာ...
ကဗျာလေးက အရမ်းကို ပြည့်စုံပါတယ်...

ဟုတ်တယ်ဗျာ...
ရက်စက်မှုတွေနဲ့ ဒီကမ္ဘာကြီးထဲမှာ

လူသားအများစု၏ ဘုံဆုတောင်းမှုတစ်ခုဖြစ်တဲ့
“ကိုယ်စိတ်နှစ်ပါး ချမ်းသာ ကျန်းမာလိုပါ၏ ”
ဆိုတဲ့အတိုင်း....
လွတ်မြောက်မှုတွေအတွက် ထွက်ပေါက်တွေ ပြည့်ဝကြပါစေလို့ပဲ.....

ထွန်း said...

ှဦးဏှောက်လို့ ရေးရပါတယ် အရှေ့ အနောက်၊ နောက်မှ ဆိုရင်သာ နောက်ကို သုံးပါတယ်။ စိတ်မရှိပါနဲ့ 

Anonymous said...

ခွဲစိတ်ခန်းကိုသွားအကူအညီတောင်းပါ..ဆရာဝန်
လောင်းတွေကလေ့လာဖို့စောင့်နေပါတယ်..(ဟီး
ဟီး):P စတာ