Monday, January 21, 2008

တိုက်ပိတ်လို့
ဝစီပိတ်ခဲ့ရ
အဲဒီနှုတ်ခမ်းနဲ့ဖွဲ့ကြည်တဲ့ဂီတ
အံမကျဘူး . . .
ဆယ်နှစ်ဆယ်မိုးခေါက်ရိုးကျိုး
အဖြူရောင်ကသိုင်းရှူခဲ့ရ
အဲဒီ့မျက်လုံးတွေနဲ့
ဖန်တီးချင်တဲ့ရောင်စုံရှုခင်းအလှ
အံမကျဘူး . . .
လောကဓံကထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့
လောကကိုပြန်ပြုံးပြနေရတာကိုက
အံမကျဘူး . . .

မင်းကိုနိုင်

0 comments: