သူရဲ့စိတ်ဟာ အင်မတန်မှ နူးညံတယ်။ ဒါပေမဲ့ သူရဲ့ဘဝဟာ သူရဲ့စိတ်နဲ့ဆန့်ကျင်ဘက် ကြမ်းတမ်းလှတယ်။ အဲဒီငယ်သူငယ်ချင်းအတွက် ရေးဖွဲ့ထားတယ် ကဗျာလေးတစ်ပုဒ်ပါ။
ဂုဏ်ယူမိပါတယ် ငယ်သူငယ်ချင်းရေ
သူငယ်ချင်းရေ
မင်းဘဝရဲ့ လှိုင်းကြမ်း
မင်းဘဝရဲ့ အရိပ်မဲ့နေရာ
မင်းဘဝရဲ့ ဆုတ်နစ်မှု
မင်းဘဝရဲ့ မုန်တိုင်းခတ်သံ
မင်းဘဝရဲ့ မှောင်မိုက်မှုများ
ဒီလိုကြမ်းတမ်းမူတွေကြား
ရှင်သန်ခဲ့ မင်းဘဝ
ဆိုးဝါးတဲ့ အတိတ်
ကြမ်းတမ်းတဲ့ ပစ္စုပ္ပန်
မှုန်ဝါးတဲ့ အနာဂတ်
ဒီလိုမျှော်လင့်ချက်ကုန်ဆုံးတဲ့
လူဘဝထဲမှာ. . .
ငါပြောခဲ့ဘူးတဲ့ အဆိုးရဲ့အစွန်ဟာ
အကောင်းဆုံးရဲ့ အစဆိုတာ
မင်းနဲ့ကျမှ. . .
ရှည်ကြာလှတဲ့အဆိုးနဲ့
ရက်စက်လိုက်တဲ့ ကံကြမ္မာရယ်။
ဒီလို ဒီလို. . . ဘဝထဲကမင်းမှာ
ဆန့်ကျင်ဘက်ဖြစ်နေတဲ့
မင်းနှလုံးသာက နူးညံသိမ်မွေ့နေမှုဟာ
သိပ်အံသြဖို့ကောင်းသလို
မင်းရဲ့ သည်းခံ၊ အနစ်နာခံနိုင်မှု
ထက်မြက်မှု မေတ္တာထားနိုင်မှု
ဒီလို စွမ်းအားတွေဟာလည်း
နှိုင်းယှဉ်လို့ မရနိုင်အောင်
မြင့်မားလှချည်လား သူငယ်ချင်းရယ်။
ရက်စက်တဲ့ဘဝမှာ နူညံသိမ်မွေတဲ့မင်းရဲ့
သူငယ်ချင်းဖြစ်ခွင့်ရခဲ့တာကို
ဂုဏ်ယူမိပါတယ် သူငယ်ချင်းရယ်။
Showing posts with label ဂုဏ်ယူမိပါတယ် ငယ်သူငယ်ချင်းရေ. Show all posts
Showing posts with label ဂုဏ်ယူမိပါတယ် ငယ်သူငယ်ချင်းရေ. Show all posts
Wednesday, December 12, 2007
Subscribe to:
Posts (Atom)