Showing posts with label တောင်းပန်စာ. Show all posts
Showing posts with label တောင်းပန်စာ. Show all posts

Tuesday, April 8, 2008

ပိုစ့်မတင်ဖြစ်တဲ့ အတွက် စီဗောက်ကနေတစ်မျိုး၊ ဂျီတော့ကနေတစ်မျိုး၊ လူကိုယ်တိုင်တစ်မျိုး လာအော်နေကြတဲ့ သူငယ်ချင်းများကို တောင်းပန်အပ်ပါသည်။

လူကိုယ်တိုင်မအားတာက တစ်ကြောင်း --------
ကွန်ပျုတာကို share ကိုင်နေရတာက တစ်ကြောင်း--------
အပျင်းထူနေတာက တစ်ကြောင်း--------
စက်ကစုတ်နေတာက တစ်ကြောင်း--------
ကွန်နက်ရှင်မကောင်းတာက တစ်ကြောင်း--------
အလုပ်များနေသလိုဖြစ်နေတာက တစ်ကြောင်း--------
ရာသီဥတုပူတာက တစ်ကြောင်း--------
--------
--------
တစ်ကြောင်းပေါင်းမြောင်မြားစွာရှိနေတာကြောင့် ပိုစ့်မတင်နိုင်မူကို အနူးအညွန့် တောင်းပန်အပ်ပါသည်။
လာလည်သော သူငယ်ချင်းများ၊ လာမလည်သော သူငယ်ချင်းများ အားလုံး နှစ်ကူးမှာ အချစ်ထူးပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Read More...

Friday, November 23, 2007

Hello biggest ၏ blog ဘော်တာ ဘော်ကျွတ်များ အားလုံးကို အနူးနှင့်အညွန့်ပေါင်းပြီးတောင်းပန်အပ်ပါသည်။ အနော် biggest လက်အငြိမ်မနေနိုင် ခြေအငြိမ်မနေနိုင် ဟိုကလစ် ဒီကလစ် ဟိုကလိ ဒီကလိ လိုက်တာ Page Element တွေ အကုန်ပျောက်ကုန်လို့ ပြန်လည်၍ ကြိုးစားနေဆဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ biggest ၏ ခေါင်းငုံနေသော အတွင်းရေးမှုးမလေးကို ကြည့်၍ စိတ်ကျေနပ်ပျော်ရွင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ တစ်ခုတော့မှာချင်ပါတယ် သူကရှက်တက်လို့အရမ်းမကြည့်ပါနဲ့။ အသာလေးဘဲကြည့်ပါ။ Biggest ၏ဆီပုံးကလည်း ဆီထုတ်ဖို့ တန်းစီနေရတာမို့ ဒီမိုကရေစီမရသေး၍ ဆီလည်းမရနိုင်သေးပါ။ ထိုကြောင့် comments လေးတွေဘဲထားခဲ့ပါလို့ အမှာစကားပါးအပ်ပါသည်။
ကြိုးစားဆဲကာလမှ biggest.
Thank

Read More...

Wednesday, November 14, 2007

biggest မရှိတုံး biggest blog ကိုလာလည်ကြတဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါသည်။ biggest အလည်လွန်သွားလို ၃ ရက်လောက် ပိုစ့် မတင်ဖြစ်တဲ့ အတွက် အထူးတောင်းပန်အပ်အပ်ပါသည်။ အတတ်နိုင်ဆုံး ပိုစ့်တင်နိုင်အောင်ကြိုးစားပါမည်။

Read More...

Monday, October 29, 2007

ပန်ကြားတောင်းပန်ခြင်း
Hello Blog ညီနောင်အပေါင်းတို့ biggest သည် ဤ ၂၉ ရက် ၁၀ လ ၂၀၀၇ မှစ၍ blog လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက် ပြီဖြစ်ပါသည် သို့ပေမဲ့ ဝမ်းရေးက အရေးကြီးသော ကြောင့်ဝမ်းရေးချောင်မည့် လုပ်ငန်းခွင်သို့ အရင်ဝင်နေရပါသည် အလုပ်ပိပြီးဂျပုလည်း ဖြစ်နေပါပြီ စာနာနားလည် ပေးကြပါ သို့ပေမဲ့ ကြိုးစားပြီး report မတင်နိုင်ရင်နေပါစေ post တော့တင်နိုင်အောင် ကြိုးစားပေးပါမယ်
ကျေးဇူးအထူးတင်ရှိပါသည်

Read More...

Saturday, October 20, 2007

တောင်းပန်စာပါ။ မျှောစာမဟုတ်သလို အရှေ့ခုနစ်အိမ်၊အနောက်ခုနစ်အိမ် လည်းဝေလို့မရပါ။

Biggest သည် အထက်လူကြီးများ၏ ရာဇာသံအမိန်အရ တစ်နယ်တကျေးတော့ မဟုတ်ပါ။ သို့ပေမဲ့ internet မရှိသော နေရာသို့ သွားရောက်၍ သင်တန်းသွားတက်ရပါမည်။ internet မရှိဆိုတာ line ရှိပါသည် သို့ပေမဲ့ biggest တွင် computer မရှိ၍ဖြစ်ပါသည်။ လူကြီးများ၏ မျက်စိနောက် ကြည့်မရမှုကြောင့် ကမ္ဘာကြီးနှင့်ခေတ္တာခဏ၊ ယာယီ၊ တပတ်ခန့်အဆက်အသွယ်ပြတ်သွားမှာဖြစ်ပါသည်၊ ထိုအတော့အတွင်း မြန်မာပြည် ဒီမိုကရေစီရသွားပါက biggest ကိုဖုန်းဆက်ပြောရန် ဖုန်းနံပါတ်ထည့်ပေးလိုက်ပါသည်။ သေချာမှတ်ကြပါ၊ ( 099သုံည နှစ်လုံး၊ဘဲဥတစ်လုံး၊ကြက်ဥငါးလုံး ) ဤဖုန်းနံပါတ်သို ဆက်သွယ်အကြောင်းကြားပေးပါ၊ သို့ပေမဲ့ ခြေရာလေးတွေတော့ မပြတ်ပါနဲ့လို့ တောင်းပန်အပ်ပါတယ်။ Biggest ပြန်လာမှသင်တန်း အတင်းကို တဝကြီး အဲ အဲ အကြောင်းကိုတဝကြီး ပြောပြတော့မယ်နော်။ နာရီပေါင်း(၁၈၆)၊ မိနစ်ပေါင်း(၁၀၀၈၀)၊ စက္ကန့်ပေါင်း(၆၀၄၈၀၀) ကျရင်ပြန်လည်ဆုံဆည်းကြပါစို့။

Read More...