ခေါင်းစဉ်မတက်နိုင်တဲ့ ဝေဒနာ
သားပျောက်အမေရဲ့ ရင်တွင်းဝေဒနာ . . . . .
သမီးပျောက်အမေရဲ့ ပူဆွေးမှု . . . . .
အမေပျောက်ကလေးရဲ့ ဆိုနင့်ကြေကွဲမှု . . . . .
နီရဲတဲ့ အမေ့မျက်ဝန်းက ဘာကိုရှာနေတာလဲ ? ? ?
မျက်ရည်ကွက်နေတဲ့ ကလေးရဲ့ အိမ်မက်ကကော ဘာတဲ့လဲ ? ? ?
အမေရဲ့ ပျော်ရွှင်တဲ့အနာဂတ်ကို ဘယ်သူဖန်ဆင်းပေးမှာလဲ ? ? ?
ကလေးငယ်ရဲ့ တောင့်တမှုကို ဘယ်သူဖြည့်စည်းပေးမှာလဲ ? ? ?
သူတို့ရဲ့ အိပ်မက်ဆိုးကို ဘာနဲ့အစားထိုးပေးနိုင်မှာလဲ ? ? ?
နီရဲတဲ့မျက်ဝန်းမှ အမေတွေရဲ့မျက်ရည်များ
ဖြုစင်တဲ့ကလေးငယ်တွေရဲ့ ဆာလောင်စွာငိုကြွေးမှုများ
. . . . .
ဒီလို . . . . .
ဝမ်းနည်းတဲ့ မျက်ဝန်းများ
ပူလောင်တဲ့ မျက်ရည်များ
ဘယ်အချိန်မှာ ရပ်တန့်မှာလဲ ? ? ?
ဘယ်အချိန်မှာ တိတ်သွားမှာလဲ ? ? ?
ဘယ်အချိန်မှာ ပြီးဆုံးသွားမှာလဲ ? ? ?
ဘယ်အချိန် ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?
* ၂၀၀၈ မေလ (၂) ရက် သောကြာနေ့နှင့် မေလ (၃) စနေနေ့ တို့တွင် ရှောင်လွဲမရနိုင်သော သဘာဝဘေးအန္တာရာယ်အောက်မှာ ဝိဥာဏ်ပျောက်ခဲ့ရသော ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်၊ အဖိုး၊ အဖွား၊ မောင်လေး၊ ညီမလေး၊ သူငယ်ချင်းများ အားလုံး ကောင်းရာသုကတိ လားပါစေ။ *
Read More...
Summary only...
*ဧပြီလ(၁၀)ရက်နေ့တွင်ထိုင်းနိုင်ငံတောင်ပိုင်း၌သေဆုံးသွားခဲ့သော မြန်မာရွှေပြောင်းအလုပ်သမား ၅၄ ဦးသို့ *
ဘာနဲ့ပြန်ပေးဆပ်မှာလဲ ???
အမေ့ဆေးဖိုးအတွက်
အလုပ်သွားလုပ်နေတဲ့
သမီးငယ်လေးရဲ့ စကားသံချို ...
အမေ့ကို
တင့်တောင်းတင့်တယ်ထားချင်တဲ့
သားငယ်လေးရဲ့ရုပ်ရည် ...
ညီငယ်လေးကျောင်းနေနိုင်အောင်
ကြိုးစားနေတဲ့
အစ်ကိုကြီးရဲ့သတ္တိ ...
မောင်ငယ်လေးကို
ကျောင်းထားပေးချင်တဲ့
အစ်မကြီးရဲ့ဟန် ...
တီတီတာတာသမီးငယ်လေးအတွက်
အဝေးကြီးမှာမုန့်တွေအများကြီးသွားဝယ်အုံးမယ်ဆိုတဲ့
မျက်ရည်တွေကြားကအမေ့ဆိုနင့်သောအသံ ...
………………………………………………..
……………………………………………….
………………………………………………..
နာတာရှည်ရောဂါနဲ့
သမီးရဲ့အသံကိုကြားယောင်နေသော
အမေ့နှလုံးသား !!!
ဆန်ပြုတ်သောက်ရင်း
သားငယ်ရဲ့ရုပ်ရည်ကိုမြင်ယောင်နေသော
အမေ့မျက်ဝန်း !!!
ကျောင်းစာသင်ခန်းမှ
အစ်ကိုကြီးရဲ့အရိပ်ကိုရှာနေသော
ညီငယ်လေး !!!
ကျောင်းဖွင့်ချိန်တိုင်း
အစ်မကြီးပြန်လာစေကြောင်းဆုတောင်းနေတဲ့
မောင်ငယ်လေး !!!
မေမေမုန့်တပွေ့တပိုက်နဲ့
ပြန်လာချိန်ကိုမျှော်နေတဲ့
တီတီတာတာသမီးငယ်လေး !!!
အခုတော့ ဒါတွေ ဒါတွေ
ဘာတွေနဲ့ပြန်ပေးဆပ်မှာလဲ ???
………………………………………………..
………………………………………………..
………………………………………………..
သားကိုမျှော်နေတဲ့ အမေ
သမီးကိုစောင့်နေတဲ့ အမေ
အစ်ကိုကြီးကိုတွေ့ချင်နေတဲ့ ညီငယ်
အစ်မကြီကိုပြန်လာစေချင်နေတဲ့ မောင်ငယ်
အမေနို့စာနေတဲ့ တီတီတာတာသမီးငယ်
သူတို့လိုချင်ကြတာက ငွေလား ???
Read More...
Summary only...
ငါမဟုတ်ဘူး ငါတို့
ငါတို့ဘာလုပ်ကြမလဲ ?
ငါတို့အခုဘာလုပ်နေကြလဲ ?
ငါတို့ရှေ့ဘာဆက်လုပ်ကြမလဲ ?
ငါတို့ရဲ့ရည်မှန်းချက်ကဘာလဲ ?
ငါတို့ရဲ့အဓိကရန်သူကဘယ်သူလဲ ?
ငါတို့ဘာတွေလုပ်နေလဲ ?
ငါတို့ရဲ့အနာဂတ်ဆိုတာကို ဘယ်တော့ရောက်မှာလဲ ?
ငါတို့ရဲ့ဦးတည်ချက်ကိုဘယ်တော့ရောက်မှာလဲ ?
ငါတို့မျိုးဆက်သစ်တွေကိုပေးဖို့ ဘယ်မှာလဲရောင်ခြည် ?
မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ
အနှစ် ၂၀ ရှိပြီ ဆိုတာသိကြလား
မြန်မာပြည်လူဦးရေ ၅၄ သန်းမှာ
စစ်အစိုးရ ၁၄ သန်းမရှိပါဘူး
ဘယ်သူကညံနေတာလဲ
ဘယ်သူကသာနေတာလဲ
ဘယ်သူကစည်းလုံးမှု မရှိနေတာလဲ
ဒါတွေဒါတွေ ငါတို့ပြန်သုံးသပ်ဖို့ အရမ်းလိုအပ်နေပြီ
Read More...
Summary only...
တိုက်ပိတ်လို့
ဝစီပိတ်ခဲ့ရ
အဲဒီနှုတ်ခမ်းနဲ့ဖွဲ့ကြည်တဲ့ဂီတ
အံမကျဘူး . . .
ဆယ်နှစ်ဆယ်မိုးခေါက်ရိုးကျိုး
အဖြူရောင်ကသိုင်းရှူခဲ့ရ
အဲဒီ့မျက်လုံးတွေနဲ့
ဖန်တီးချင်တဲ့ရောင်စုံရှုခင်းအလှ
အံမကျဘူး . . .
လောကဓံကထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့
လောကကိုပြန်ပြုံးပြနေရတာကိုက
အံမကျဘူး . . .
မင်းကိုနိုင်
Read More...
Summary only...
http://www.allmymagic.com/wizcard/view/s_6811
ကျေးဇူးပြု၍
ကျေးဇူးပြု၍ ငါကို လောကကြီးက ထွက်ခွာခွင့်ပြုပါ ရှုတ်ထွေးပွေလီ ကြမ်းတမ်းမှုတွေကြား ငါမနေချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါကို ဆုပ်ကိုင်ထားသော လက်များလွှတ်ပေးကြပါ နှောင်ကြိုးဖွဲ့ ကမ္ဘာထဲက ငါလွတ်မြောက်ချင်လို့ပါ။ကျေးဇူးပြု၍ ငါဦးနောက်တွေကို ဖျက်စီးပေးကြပါ အရာအားလုံးကို ငါမေ့ပျောက်ချင်လို့ပါ။ကျေးဇူးပြု၍ ငါရင်ဘတ်ထဲက နှလုံးသားကို ထုတ်ပေးကြပါ အလွမ်း အဆွေး ကြေကွဲမှု သံသရာကို ငါမလိုချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့မျက်လုံးကို ဖောက်ထုတ်ပေးကြပါ ရိုင်းစိုင်းစွာ ရက်စက်မှု၊ ဆိုးဝါးစွာ သတ်ဖြတ်မှု တွေကို ငါမမြင်ချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ အစာအိမ်ကို ထုတ်ပေးကြပါ ဆာလောင် ငတ်မွတ်မှု ဒဏ်ကို ငါမခံစားနိုင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ နားစည်ကို ထုတ်ပေးကြပါ ငိုကြွေးမှု ညည်းတွားမှုတွေကို ငါမကြားချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ ခြေထောက်တွေကို ရိုက်ချိုးပေးကြပါ ခြေသလုံးအိမ်တိုင် အတည်တကျ မရှိတဲ့ ငါဘဝကြီးကို ရပ်နားချင်လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ လက်တွေကို ရိုက်ချိုးပေးကြပါ မလုပ်ချင်ဘဲ လုပ်နေရသော အလုပ်များကို ငါမလုပ်ချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ ခန္ဓာကိုယ်ကြီးကို ဖယ်ရှားပေးကြပါ ပုတ်ပွမှု အပေါင်း သရဖူဆောင်းတဲ့ ဒီကိုယ်ကြီးကို ငါအလိုမရှိတော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ လျှာကို ဖြတ်ပေးကြပါ ရိုးသားတဲ့မုသားစကားတွေကို ငါမပြောချင်တော့လို့ပါ။ကျေးဇူးပြု၍....... ငါကို.......... အေးချမ်းတဲ့နေရာလေး တနေရာကို ပို့ပေးကြပါ။
Read More...
Summary only...
ဒါ တို့မြေရဲ့သရုပ်
မဟုတ်မမှန်
လုပ်ကြံစရာမလိုတဲ့
ပကတိ သရုပ်ပေါ့
အိပ်မက်မဟုတ်
ပစ္စုပ္ပန်နဲ့ အတိတ်
ဒီအရိပ်တွေက
အနာဂါတ်အတွက်
ငါတို့ရဲ့------
ရင်ဘတ်တွေကို ခါးသက်
သွေးစက်လက်နဲ့
အမိမြေရဲ့လက်မှာ
သားသေ လင်ဆုံး
ကုန်ရှုံး ကြွေးတင်
ဝမ်းမ၀မလင်နဲ့
မိခင်တွေရဲ့-----
ငိုညဉ်းသံက
ဘ၀ဂ်ကို ဟိန်းညံ
ငါ့ရင်ကိုလှိုင်းထန်ခဲ့
အရိုင်းဆန်တဲ့ညတွေအတွက်
ဒါဟာတိုက်ပွဲရဲ့ခေါ်သံလား
ဒါမှမဟုတ်----
အောင်ပွဲအတွက် ကျည်ဆံလား။
သေချာတာက
အမေ့မျက်ရည်ဟာ---ငါရဲ့
နောင်တမဲ့ခြေတစုံအတွက်
အားဆေးတခွက်ပေါ့။
နွေဦးဝေ
(အမေနဲ့ အမေများ၊ အနှိမ်ခံများ ထမင်းဝကြပါစေ)
Read More...
Summary only...
ဆောင်းနဲ့နေခြည်ရဲ့အားပြိုင်မှု

နှင်းတွေပိတ်နေတဲ့
ဒီဆောင်းမနက်
နေခြည်ရေ
မင်းမှာ
ဘယ်လောက်စွမ်းအင်ရှိရှိ
နှင်းထုကြီးကိုတော့
မင်းအံတု
မထိုးဖောက်နိုင်ပါဘူး။

ဒီလိုနဲ့တဖြည်းဖြည်း. . .
နေခြည်ကဘဲ စွမ်းအင်ပိုသုံးလို့လား
ဆောင်းကဘဲ အလျှော့ပေးလို့လား
အေးမြမှုကနေ နွေးတွေးမှုကို
ရရှိခဲ့ရပါလား။
နောက်တဖန်. . .
နေခြည်ရဲ့ စွမ်းအင်ကလျှော့လာလို့
ဆောင်းရဲ့ စွမ်းအင်ကပိုလာပြန်တယ်
နွေးထွေးမှုကနေ အေးမြမှုကို
ရရှိရပြန်ပါပြီ။

သြော်သံသရာကြီးရဲ့ လည်ပတ်မှုက
ဆန်းကြယ်လှချည်လားကွယ်။

Read More...
Summary only...
နေ့သစ်ရဲ့နတ်သမီး
မျက်လုံးပေါ် နေရောက်မှ
ငါအိပ်ရာထခဲ့
ဝိုးတဝါး မျက်ချေးနဲ့
ဖွင့်ကြည့်တော့ ကိုးနာရီ
နောက်ကျတယ် မဆိုနိုင်သလို
မစောတော့တဲ့ ဒီအချိန်မှာ
သြော် လူ့ဘဝ
တစ်နေ့တာ တာဝန်များထမ်းဆောင်ရန်
ငါးထပ်လောက်စောင်ထဲက လူးလဲကာငါထ
ဝါနေတဲ့သွားများကို ရွှေဖြစ်အောင်ထက်တိုက်
အသိုက်ပျောက်နေတဲ့ ငှက်ကလေးက
ငါ့ခေါင်းပေါ် လာနား
အရာအားလုံးက နေ့သစ်မှာ
ငါကိုကြိုဆို
ဘာအရင်လုပ်မလဲ
ငါ့ဦးနောက်ကို စမေး
ပြန်ဖြေတဲ့ ဦးနောက်
မနက်စာ အရင်စားရမယ်။
သြော် ဒီဝမ်းလေးတစ်ထွာအတွက်
ငါ့တို့တွေ တနေကုန်အလုပ်ရှုတ်
ပြည့်သွားတဲ့ဝမ်းက ခွန်အားအတွက်
အသက်ရှင်
ဒ်ီလိုဘဲ
တို့များရဲ့ သံသရာ
နောက်ဆုံးအသက်ရှုချိန်ထိ
ရုန်းကန်က လှုတ်ရှားနေရဆဲပါဘဲ။
Read More...
Summary only...