အဖွားမာသို့မွေးနေ့ဆုတောင်း
အဖွားနေကောင်းပါစ ကျမ်းမာပါစ
အဝေးကနေ နှုတ်ခွန်းဆက်တဲ့
မြေးရဲ့ ကြေကွဲအသံ
အဖွားကြားနိုင်ပါစေ။
အဖွားရဲ့မွေးနေ့မှာ . . .
အဖွားပြည်သူ့မေတ္တာများနဲ့
ရွှင်လန်းပျော်ရွှင်ပါစေလို့လည်း
ရေခြား မြေခြား မိဝေး ဘဝေး
တစ်ခုသောနေရာမှ တိတ်ဆိတ်စွာနှင့်
မြေးဆုတောင်းပေးပါတယ်။
တိုက်ပွဲတိုင်းမှာ ရဲဝင့်ခဲ့တဲ့အဖွား
အမြဲတမ်းရဲဝင့်နိုင်ပါစေလို့လည်း
မြေးဆုတောင်းထောပနာပြုလိုက်ရပါတယ်။
မြန်မာမြေပေါ်မှာရှိတဲ့
အဖွားရဲ့ချွေး
အဖွားရဲ့ရဲရဲတောက်စိတ်ဓါတ်
အဖွားရဲ့မျှော်လင့်ချက်
အဖွားရဲ့ယုံကြည်မှု
အဖွားရဲ့ခံယူချက်
အဖွားရဲ့ပြုမူမှု . . .
များစွာကို
မြေးတို့ရင်ထဲမှာ ထာဝစဉ်
သိမ်းဆည်းပြီး
အကောင်အထည်ဖော်နိုင်အောင်
ကြိုးစားပါမည်ဟု
အဖွားကို လေးစားချစ်ခင်တဲ့
အဝေးတစ်နေရာမှာမြေး ကတိပေးပါတယ်။
Showing posts with label လူထုအဖွားသို့ဂုဏ်ပြုလွှာ. Show all posts
Showing posts with label လူထုအဖွားသို့ဂုဏ်ပြုလွှာ. Show all posts
Thursday, November 29, 2007
Subscribe to:
Posts (Atom)