တို့တွေငယ်ငယ်က သင်ခဲ့ရသော ကဗျာပါ။ စတုတ္တတန်းဖတ်စာအုပ်ကပါ။
ဆုံးမစာ
အစာနှင့်ခိုင်း၊ ဝမ်းကိုနှိုင်း၊ ဝင်တိုင်းမစားနှင့်
ဆင်ခြင်တွေးတော၊ သူ့သဘော၊ ပြောတိုင်းမယုံနှင့်
မိတ်ဆွေတို့မှာ၊ ဖြောင့်မှန်စွာ၊ သစ္စာမဖောက်နှင့်
မလေးမစား၊ သူတပါး၊ လှည့်ဖြားမလိမ်နှင့်
မိတ်ဆွေဖော်သင်း၊ လူချစ်ချင်း၊ သတင်းမပျက်နှင့်
အမှားမလိုက်၊ အမှန်ကြိုက်၊ စရိုက်ကောင်းအောင်ကျင့်ရမည်
မှီကောင်းဆရာ၊ ဆုံးမခါ၊ စိတ်မှာ စွဲမှတ်နာရမည်
မပြုခင်က၊ စဉ်းစာကြ၊ ကိစ္စအသွယ်သွယ်
အမှားကိုပစ်၊ အမှန်ချစ်၊ စင်စစ်ချမ်းသာဖွယ်
အမှားကိုချစ်၊ အမှန်ပစ်၊ စင်စစ်ဆင်းရဲမယ်
Showing posts with label ဆုံးမစာ. Show all posts
Showing posts with label ဆုံးမစာ. Show all posts
Friday, November 16, 2007
Subscribe to:
Posts (Atom)