အမေသို့ ပေးပို့လွှာ
အမေက. . .
ပညာတက်ကြီး ဖြစ်စေချင်တာ
အခုတော. . .
သားက
နိုင်ငံရေးသမားကြီး ဖြစ်နေပြီ။
သားငယ်ငယ်က အမေပြောပြဖူးတယ်
ထောင်ဆိုတာ ဆိုးတဲ့လူတွေမှ သွားတာတဲ့။
အခုတော့. . .
သားထောင်သားကြီးလုံးလုံး ဖြစ်နေပါပြီ။
ဒါဟာ. . .
သားဆိုးလို့ မဟုတ်ဘူး ဆိုတာ အမေသိပါတယ်
လူဆိုး၊လူယုတ်မာတချို့ရဲ့ ယုတ်မာမှုကြောင့်
အမေနဲ့သား ရှင်ကွဲကွဲနေတာပါ။
သားဟာ. . .
အမေ့ရဲ့ နို့တစ်လုံးဖိုးမပြောနဲ့
အမေ့ဆီက ကျသွားတဲ့ ချွေးတစ်စက်စာတောင်
မကြေနိုင်သေးပါဘူး။
အမေ့ရဲ့. . .
နောက်ဆုံးကျန်တဲ့ သတ်တမ်းလေးမှာတောင်
အမေ့ဆန္ဒ မဖြည့်ပေးနိုင်သေးတဲ့
သားမိုက်တစ်ယောက်ပါ။
အမှန်တရားအတွက် အလုပ်လုပ်နေတဲ့သားကို
အားပေးခဲ့တဲ့ အမေ့ရဲ့ စကားသံ
အဓပ္ပါယ်ပြည်ဝတဲ့ အမေရဲ့စာနာနားလည်ပေးသံ
မေတ္တာဓါတ်တွေလွှမ်းခြုံထားတဲ့ အမေရဲ့မေတ္တာရင်ခွင်
နူးညံသိမ်မွေ့ပြီး၊အဓပ္ပါယ်ရှိ၊လေးနက်တဲ့ အမေ့ရဲ့ဟန်ဆောင်မှုကင်းတဲ့အပြုံး
ဒါတွေ ဒါတွေကို. . .
နံရံတွေနဲ့ ပိတ်လှောင်ထားတဲ့
အလင်းရောင်မဲ့ အခန်းလေးထဲမှာ
သားတစ်ယောက်ထဲ အမေ့ကိုတမ်းတရင်း
အမေကျမ်းမာနိုင်ပါစေလို့ ဆုတောင်းသံကို
အမေနှလုံးသားမှ တဆင့်ကြားနိုင်ပါစေ။
Showing posts with label အမေသို့ပေးပို့လွှာ. Show all posts
Showing posts with label အမေသို့ပေးပို့လွှာ. Show all posts
Saturday, November 10, 2007
Subscribe to:
Posts (Atom)