အဖေသို့ . . .
နွေဦးရာသီမှာ အဖေဟာ
သမီးအတွက် အရိပ်ကောင်းပြီး
အေးချမ်းစွာနားခိုနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ပေါ့။
မိုးဦးရာသီမှာ အဖေဟာ
မိုးဒဏ်၊လေဒဏ် မခံရအောင်
ကြိုးစားအကာအကွယ်ပေးနေသော
ခိုင်ခံတောင့်တင်းတဲ့ အိမ်ကြီးတစ်အိမ်ပေါ့။
ဆောင်းဦးရာသီမှာ အဖေဟာ
အေးခဲမှု၊အေးစက်မှုတွေ ပပျောက်အောင်
အစွမ်းကုန်နွေးထွေးမှုတွေ ပေးနေတဲမီးလင်းဖိုကြီးပေါ့။
သစ်ပင်လိုအေးချမ်းတဲ့ အဖေ
တံတိုင်းလို့ခိုင်ခဲ့တဲ့ အဖေ
မီးလင်းဖိုလို့နွေးထွေးတဲ့ အဖေ။
အဖေ့ရဲ့ နောက်ဆုံးအသက်ရှုသံတောင်ကြားခွင့်မရှိ
အဖေ့ရဲ့ နောက်ဆုံးနွေးထွေးတဲ့အကြည့်တောင်မခံလိုက်ရ
အဖေ့ကို နောက်ဆုံးနှုတ်ဆက်စကား၊နောက်ဆုံးနှုတ်ဆက်အပြုံး
အဖေ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကလေးတွေကိုတောင်မမြင်လိုက်နိုင်ခဲ့
အဖေ့ရဲ့ နောက်ဆုံး . . . နောက်ဆုံး . . . သမီးကိုနားလည်နိုင်ပါစေ။
*မဖြူဖြူသင်းနှင့် တမလွန်ကို ရောက်ရှိသွားသော သူ့ဖခင်အတွက် ခံစားနားလည်မှုနှင့် ရေးသားဂုဏ်ပြုလိုက်ရပါသည်။*
Showing posts with label အဖေသို့ . . .. Show all posts
Showing posts with label အဖေသို့ . . .. Show all posts
Tuesday, November 20, 2007
Subscribe to:
Posts (Atom)