Showing posts with label ပေါက်ကရစကား. Show all posts
Showing posts with label ပေါက်ကရစကား. Show all posts

Monday, January 7, 2008

အနော်တစ်ယောက် အပျင်းကြီးပြီး ဘာမှမရေးချင်ဘူးဖြစ်နေတယ်။ ဆောင်းတွင်းဆိုတော့ အေးအေးလေးနဲ့ ကွေးကွေးလေးပေါ့။ အသည်းကွဲတဲ့ လူတွေအတွက်တော့ အေးလေဆွေးလေပေါ့။ အနော်ဘလော့သူငယ်ချင်း ဘော်ဒါတွေကလည်း အလွမ်းသမား အဆွေးသမားတွေက အများသားဘဲ။ ဆောင်းတွင်းနဲ့ဆိုတော့ ဟန်ကိုကျနေတာဘဲ။... အနော်နဖူးပေါ်လက်တင်၊ လက်ပေါ်နဖူးတင်၊ လက်ဘေးချ၊ ခေါင်းအုံးပေါ် ခေါင်းတင်၊ မျက်နှာပေါ် ခေါင်းအုံးတင် တစ်ယောက်ထဲပုံစံမျိုးစုံ ရှုထောင့်တစ်နေရာ ထဲကနေပြီးတော့ စဉ်းစားကြည့်တယ်။ (ရှုထောင့်=အိပ်ယာ) ဆောင်းတွင်းကြမှ ဘာလို့ဆွေးတက် လွမ်းတက်တာလဲလို့ နွေတို့ မိုးတိုကြတော့ ဘာလို့ မလွမ်းကြ မဆွေးကြတာလဲ မသိဘူး။ တော်တော်များများ အလွမ်းကဗျာတွေဟာ ဆောင်းတွင်းမှာဘဲ ပေါ်ပေါက်လာကြပြီး ပိုကောင်းကြတယ်။ အခုလည်း ဘလော့တော်တော်များများကို လိုက်ကြည့်မိတယ် အလွမ်းကဗျာတွေ နည်းတာမဟုတ်ဘူး။ သူတို့ကဘဲ အရေးကောင်းတာလား အလွမ်းကောင်းတာလာမသိဘူး။ ဖတ်ရင်းမျက်ရည်နဲ့ နှပ်ချီးတောင်ထွက်တယ်။ လွမ်းတဲ့သူနေရာမှာ ကိုယ်စားဝင်ချင်တဲ့ စိတ်တောင် တစ်ခါတစ်ခါ ပေါက်ပေါက်လာတယ်။ Heart ကိုတော်တော်ထိတယ် ကြာရင် Heart ရောဂါတောင်ရနိုင်တယ်။ ... အနော်ကို လူတစ်ယောက်ကလာမေးတယ် Heart မကွဲဘူးဘူးလားတဲ့။ အနော်ကပြန်ဖြေပေးလိုက်ပါတယ် Heart ကွဲရင် သေသွားမှာပေါ့လို့ ။ ဒါလေးဘဲ အရေးကြီးတဲ့ဥစ္စာ။ အမေမွေးထဲက တစ်ခုဘဲပါတာကို(Heart ကိုပြောတာနော်)။ အနော်မသိလို့Heartပါရဂူများကို မေးပါရစေ။ Heart ဆိုတာနှလုံးလား အသည်းလားဟင်။ အနော် dictionary မှာရှာတာတော့ နှလုံးလို့ဘဲပါတယ်။ အဲဒါဆို အသည်းကိုဘယ်လိုခေါ်ရမလဲဟင်။ သူလေးကို အင်္ဂလိပ်လို့ ခေါ်ချင်လို့ ကူညီကြပါအုံး။





Read More...

Thursday, January 3, 2008

အောင်မလေး ကယ်ကြပါအုံး။ အနော်တော့ဝဋ်လည်ပြီ။ အကြောင်းရင်းကို ပြောပြမယ်။ အနော်တစ်ယောက် စာလည်းမရေးချင် ပျင်းပျင်း ရှိတာနဲ့ အင်တာနက် ဆိုဒ်တွေထိုင်ကြည့်နေတာ။ အဲဒါ ကိုယ်ဘလော့က လင့်နဲ့ ဒီဇင်ဘာလထုတ် ရတီမဂ္ဂဇင်းကို ကြည့်မိလိုက်တာ။ ဟာဗြုန်းဆို အမွှာညီအစ်မ(အေးအေးငြိမ်း၊ အိအိငြိမ်း)ပုံကို တွေလိုက်ရတယ်။ အနော်အံသြသွားတယ်။ နောက်သံဝေကလည်းရတယ်။ (တောတော့ မထွက်နိုင်သေးဘူး။ သူလေးကိုမခွဲနိုင်လို့။)ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုမြင်လိုက်တော့ ငါတော်တော် အသက်ကြီးနေပြီဘဲ လို့ခံစားရလိုက်လို့။ သြော် သူတို့လေးတွေတောင် ဒီအရွယ်ရောက်နေပြီ။ ဟီး ဟီး. . . အနော်သူတို့ ညီအစ်မ ခွဲစိတ်တာကို ၅ တန်းလား ၆ တန်းလား သိပ်တောင်မမှတ်မိတော့ဘူး တီဗွီမှာ ကြည့်ဖူးတယ်။ အနော် အဒေါ်က နှလုံးရောဂါရှိလို့ မကြည့်ဘူး။ အနော်စိတ်ထင် သူတို့အခုနေ အလွန်အလွန်ရှိလှ ၇ နှစ် ၈ နှစ်ပေါ့။ ကိုယ်က ခုနှစ်မတွက်မိတာ။ အမယ်လေး အခုတော့ မယ်မင်းကြီးမတွေက ၁၆ နှစ်တောင် ရောက်နေပြီ။ ကိုယ်စိတ်ထင် သူတို့လေးတွေ ငယ်ငယ်လေးတွေဘဲ ရှိအုံးမယ် ထင်နေတာ။ သူတို့လေးတွေ ဒီအသက်လောက်ရှိနေတော့ ငါတော်တော် အသက်ကြီးနေပြီဘဲလို့ ခံစားမိတယ်။ အနော်ကို လူကြီးတွေက ဟင်ဒီအရွယ်တောင် ရောက်နေပြီလို့ပြောရင် အနော်က ကိုယ်အသက်လည်း ပြန်တွက်ကြည့်ပါအုံးလို့ နောက်နောက်ပြီး ပြောနေကြ။ အခုတော့ ကိုယ်ကိုယ်တိုင်ဝဋ်လည်နေပြီ။ ဘော်ဒါတို့လည်း ကိုယ်အသက်ကို တွက်လို့ရအောင် အမွှာညီအစ်မပုံကို တင်ပေးလိုက်တယ်။


Read More...

Wednesday, November 28, 2007

ဟဲလိုအနော်၏ ဘလော့သူငယ်ချင်းများ အရာအားလုံးပြည့်စုံပါစေလို့ အရင်ဆုံးဆုတောင်းထောပနာပြုလိုက်ပါတယ်။ အနော် biggest တော့ သူငယ်ချင်းတွေဆီလျှောက်ကြည့်နေတာနဲ့ Post တင်ဖို့မလုပ်ရသေးဘူး။ မျက်လုံးညောင်းသွားလောက်အောင်ကို အစာကျွေးနေလို့။ ဘာရေးလို့ဘာရေးရမှန်းမသိဘူး။ ကုန်ကြမ်းလည်းမရ ကုန်ချောဆိုဝေးသေး။ မှုတ်ဖို့ကျတော့လည်း ကိုယ်ကမှုတ်နိုင်လောက်တဲ့အဆင့်မရှိနဲ့။ ခဏလေးစောင့် စဉ်းစားလျှေက်ကြည့်နေလို့။ နားမရှုတ်သွားနဲ့နော်။ လူတွေကိုလျှောက်ကြည့်ပြီး
စဉ်းစားရင်းကုန်ကြမ်းရှာနေရလို့။ waite . . . . . . .

Read More...

Tuesday, November 27, 2007

Hello biggest ရဲ့ သူငယ်ချင်းများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဒီကနေ့ biggest လူတစ်ယောက်အကြောင်း ပြောပြချင်လို့ပါ။ သူနာမည်ကချစ်သားကိုမောင်တဲ့။ ဒေါ်ခင်ခင်ချစ်နဲ့ ဦးကိုမောင်တို့ရဲ့သား...။ သြော် တော်တော် ခက်ခက်ခဲခဲ ပေးထားတဲ့နာမည်ဘဲ။ ဒင်းနာမည်ကအဓိကပြဿနာ။ အခေါ်အဝေါ်မှာပြဿနာတက်တော့တာဘဲ။ ဦးလေးတွေ အဒေါ်တွေ ကသားခေါ်တော့ သူကလည်းနှုတ်စွဲနေတော့ ကိုယ့်ကိုယ်ကိုလည်းပြောရင် သားကလေ သားကလေ နဲ့။ ပြဿနာရဲ့ အရင်းခံကအဲဒီကစတာဘဲ။ သူငယ်ချင်းတွေသူကိုခေါ်တာ ငါ့သားလေးတဲ့။ တခါက သားလေးဆိုသူက သုကြိုက်နေတဲ့ကောင်မလေး မေဦးကို ရည်းစားစကားသွားပြောတာမှာ ကောင်မလေးကလည်းသူထက်(၁)နှစ်၊(၂)နှစ်လောက် ကြီးတယ်။ အဲ့ဒီတော့ သားလေးက သူယဉ်ကျေးကြောင်း၊အရမ်းချစ်ကြောင်ပြတဲ့ အနေနဲ့ရည်စားစကားပြောလိုက်ပုံက“မေမေ သားသားကိုချစ်လား”တဲ့။ ကောင်မလေးကို အဖျားဆွတ်ပြီး ချစ်စနိုးနဲ့ခေါ်လိုက်တာဘဲ။ ကောင်မလေးကလည်း ပြန်ပြောလိုက်ပုံက “သားသား မေမေကိုချစ်တာ ဗိုက်ဗိုက်ထဲကလား” တဲ။့ သားလေးဆိုတဲ့ကောင် သူပြောတဲ့စကားဘယ်လိုဖြစ်သွားတယ်ဆိုတာ သိလည်းသိရော တချိုးထဲလစ်ထွက်လာတာ။ သူနာမည်ကသားဆိုတာကြီးကို ဖြုတ်လိုက်တဲ့အထိဘဲ။ အဲ့ဒါကိုမမှတ်သေးဘူး။ ဘယ်သူဘယ်လို မြှောက်ပေးလိုက်လည်းမသိဘူး။ မောင် ဆိုပြီးဖြစ်သွားပြန်တယ်။ တမောင်ထဲ မောင်နေတော့တာဘဲ။ တခါက သူတစ်ခါလောက်မြင်ဘူးတဲ့ကောင်မလေးနဲ့ ကျောင်းမှာပြန်ဆုံတော့ မြင်ဘူးသလိုလိုနဲ့ဘယ်မှာမြင်ဘူးမှန်း မသိတာနဲ့ ကောင်မလေးကို သွားမေးလေရဲ့။ မေးပုံက “မောင့်ကိုသိလားတဲ့” ကောင်မလေးကပြန်ပြောပုံကလည်း “မောင့်ကိုတော့ မသိဘူး မောင်းတော့ သိတယ်တဲ့ ထုဘူးလိုတဲ့” အဲ့ဒီလိုနဲ့ ရှိသမျှနာမည်လည်းကုန်တော့မယ်။ ဘယ်သူက ထက်ချွန်ပေးလိုက်မှန်းမသိဘူး ကို ဖြစ်သွားပြန်တယ်။ ကို ကလေ ကို ကလေ နဲ့တစ်ကိုထဲကိုနေတော့တာဘဲ။ အဲ့ဒါလည်း အမျိုးမျိုးအစခံနေရတာ “ကို ဆိုတော့ ခေါင်းပြတ်ကြီးပေါ့နော်”“ကို ကိုမလိုချင်ဘူး ခေါင်းဘဲလိုချင်တယ်”“ကို မလာနဲ့ နံလိုနဲ့ ခေါင်းဘဲလာခဲ့နဲ့” ပတ်ဝန်းကျင်ရဲ့ အမျိုးမျိုး ရိုက်ခတ်မှုကြောင့် အခု သားလေးခေါ် မောင်ခေါ် ကို ဆိုသူက သူကိုသူကို အနော်ဆိုပြီး ပြောင်းသုံးနေရပါပြီ။ . . . . .

Read More...