Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, October 16, 2007

မဇ္ဈိမ မှဆောင်းပါးကိုဖော်ပြလိုက်ပါသည်

ကပ်ဆိုး၏ တံလျှပ်များ… 'လက်ပြထား '

တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီဖုန် မြန်မာပြည်ကို ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ခဲ့စဉ်တုန်းက ဖြစ်ပါတယ်။

ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို လီဖုန် အရောက်မှာ မြန်မာနိုင်ငံက တာဝန်ရှိသူတွေက ကြိုဆိုကြ၊ ခရီးဦးကြိုဆို ပြုကြပေါ့။ ညရောက်တော့ အဲဒီ သတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုံးစံအတိုင်း ရုပ်သံရိုက်ချက်တွေ ဝေဝေဆာဆာနဲ့ တင်ဆက်ပါတယ်။

သတင်းကြေညာသူ အမျိုးသမီးက…

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီဖုန် လေဆိပ်မှ ထွက်ခွာရာ လမ်းတလျှောက်တွင် မြန်မာပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများက နှစ်နိုင်ငံ အလံများကို ဝှေ့ယမ်း၍ သောင်းသောင်းဖြဖြ နှုတ်ဆက်ကြပါသည်´ လို့ ကြေညာပြီးတော့ ကားတန်းဖြတ်သွားရာ လမ်းတလျှောက် ဘေးဝဲယာက ကျောင်းသူ ကျောင်းသားလေးတွေ ပုံကို ပြပါတယ်။ အဲဒီမှာတင် သတင်းတင်ဆက်သူ တည်းဖြတ် ချန်လှပ်ဖို့ လစ်ဟာသွားပုံရတဲ့ ရုပ်သံထဲက အသံတသံက ပီပီသသကြီး ပေါ်လာပါတော့တယ်။

အဲဒါကတော့ ကားတန်းပေါ်က တယောက်ယောက်က ကျောင်းသူ ကျောင်းသားလေးတွေကို အော်ဟစ်နေတဲ့…

`လက်ပြထား၊ လက်ပြထား´

ဆိုတဲ့ အသံပါပဲ။ သတင်း နားထောင်နေတဲ့ လူတွေမှာ တအုန်းအုန်းနဲ့ တော်တော်နဲ့ အတောမသတ်နိုင်အောင် ထရယ်ကြတာ မှတ်မိနေပါသေးတယ်။

`လက်ပြထား၊ လက်ပြထား´

ကားတန်းပေါ်က အော်သံ၊ နေပူထဲက ကျောင်းသား ကျောင်းသူလေးတွေရဲ့ စိတ်မပါ လက်မပါ အလံဝှေ့ယမ်းဟန်၊ စာရွက်တွေ တထပ်ကြီးနဲ့ သတင်းကြေညာနေတဲ့ မြန်မာ့အသံ ဝန်ထမ်း…။

ဒါပေမယ့် တရုတ်ဝန်ကြီးချုပ် လီဖုန်ကတော့ သူ့ကို မြန်မာပြည်က ကျောင်းသား ကျောင်းသူလေးတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပဲလို့ ထင်သွားခဲ့မှာပါပဲ။

အခုလည်း `လက်ပြထား၊ လက်ပြထား´ ပုံရိပ်တွေက နိုင်ငံပိုင် သတင်း မီဒီယာတွေမှာ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်နေရပြန်ပါပြီ။ တရုတ်ဝန်ကြီးချုပ် လီဖုန်တယောက် ဘာမှ မသိလိုက်သလို ကုလသမဂ္ဂနဲ့တကွ တခြားနိုင်ငံတွေကပါ ဘာမှမသိစွာနဲ့ အဲဒါတွေကို အဟုတ် လို့ ထင်သွားကြမှဖြင့်…။

Read More...