Showing posts with label နတ်သမီးမဟုတ် သရဲမကျ. Show all posts
Showing posts with label နတ်သမီးမဟုတ် သရဲမကျ. Show all posts

Wednesday, November 28, 2007


စောင့်ခိုင်းလိုက်တာ တော်တော်ကြာသွားတယ်နော်။ အရမ်းစဉ်းစားရင် ဆံပင်ဖြုသွားမှာစိုးလို့ မစဉ်းစားတော့ဘူး။ နေတိုင်းမြင်နေရတဲ့ သရဲအကြောင်းဘဲရေးတော့မယ်ဆိုပြီး ရေးလိုက်ရပါသည်။ သူငယ်ချင်းများမကြောက်ပါနဲ့နော် အဲ့ဒီသရဲက ကိုက်မစားတက်ဘူး။ အကောင်လိုက်မြိုဘဲချတဲ့သရဲပေါ့။
၁။ Internation High မဟုတ်တော့ ဂျပုပေါ့။ ဂျပုဆိုပြန်တော့လည်း ကိုယ်ထက်ပုတဲ့သူတွေအများကြီးဘဲဆိုတော့
ကိုလိုကန့်လန့်အရပ်ပိုင်ရှင်ပေါ့။
၂။ ကုလားမလောက်မမည်းသလို တရုတ်မလောက်လည်းမဖြူဘူး။ ရွှေအိုရောင်လို့တော့မထင်နဲ့နော်။
တံခါးနားမကပ်ရဲတဲ့အရောင်။ သိလား။ ပြောပြမယ်။ ပေါလစ်မတင်ထားတဲ့ တံခါးနားရပ်နေရင် တခါးနဲ့မှားမှားပြီး
လာလာခေါက်နေလို့။ မမည်း မဖြူ မဝါ မညို အမျိုးကုန်သွားပြီ။ ကြားကာလာပိုင်ရှင်ပေါ့။
၃။ မျက်လုံးကတော့ ကမ္ဘာမှတ်တမ်းဝင်လောက်အောင်မပြုးသလို ဘိန်းစားလောက်လည်းမမှေးတဲ့မျက်လုံးပေါ့။ မပြူး မမှေး တဲ့
မျက်လုံးတော့မဟုတ်ဘူး။ အတော်နေရှိတဲ့မျက်လုံးပိုင်ရှင်ပေါ့။ တခါတခါ လောကကြီးကိုစိတ်ကုန်လို့
တော့ထွက်ဖို့ပြောတာမဟုတ်ဘူးနော် ကိလေသာ၊တဏှာမကုန်နိုင်သေးလို့ ဟီး ဟီး ဘောင်ခတ်ကြည့်တယ်လို့ပြောချင်လို့ပါ။
တနည်းအားဖြင့် မျက်လုံးစပယ်ယာပတ်စ်အပိုပါတယ်။ မျက်လုံးလေးလုံးပိုင်ရှင့်ပေါ့။ မှန်ကြောင်ဆိုလည်းမမှားပါဘူး။
၎။ အနံဆိုးအနံကောင်းတွေကိုရှုနိုင်တဲ့နှာခေါင်းနှစ်ပေါက်ပါတယ်။ အသံမျိုးစုံစကားမျိုးစုံကိုနားထောင်ဖို့ နားပေါက်နှစ်ပေါက်
လည်းပါတယ်။ (ထူးဆန်းတယ်နော် တစ်ပေါက်တောင်မဟုတ်ဘူး နှစ်ပေါက်တောင်ပါတယ်)
၅။ ပြောသမျှစကားတွေကိုတခွန်းမခံပြန်ပြေတက်၊ သူများကိုအားမနာတမ်းဝေဖန်တက်၊ စားတဲ့နေရာမှာလည်းခေသူမဟုတ်တဲ့
ပါးစပ်ပေါက်တစ်ပေါက်ပါတယ်။
၆။ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းအပြင်တခြားအပိုမပါပါဘူး။
ရ။ ပြောဖို့ကျန်သွားလို့ ပြန်စစ်မှတွေ့လို ထည့်လိုက်ရတာ။ တော်ကြာဂတုံးကြီးလိုထင်နေမှာစိုးလို့။ ဆံပင်ကအပေါင်ရှင်းနေတဲ့
ဂတုံးမဟုတ်သလို ခြေဖျားလောက်လည်း မရှည်တဲ့ဆံပင်ပါရှိပါတယ်။ တွန်လိန် ကောက်ကွေး ကြိုးကျေ နံစော် ဆိုတဲ့
အဂါင်္ရပ်တွေနဲ့ပြည်စုံတဲ့ အမည်းရောင်ရှိတဲ့ဆံပင်ပိုင်ရှင်ပေါ့။

Read More...