Showing posts with label အဆုံးမရှိ ညီလာခံ. Show all posts
Showing posts with label အဆုံးမရှိ ညီလာခံ. Show all posts

Friday, February 29, 2008

အဆုံးမရှိညီလာခံ အပိုင်း(၂)

ထိုနောက် သူကြီး၏ပြေးတော်ဘက် အားလုံးပြန်လည် ရောက်ရှိသော အချိန်ကျမှ သူကြီးဦးရွှေခမျာ လုံခြုံမှု အသင့်အတင့် ရှိသွားဟန်ဖြင့် အတွင်းလူအပြင်မထွက်၊ အတွင်းမဝင်ချင်သောအပြင်လူ အပြင်မှာနေ(သူနဲ့ဝေးလေကောင်းလေ) စေပြီး သူ့သက်တမ်း တိုးမြင့်ရန်အတွက် ခြံဝန်းတံခါးပိတ် ညီလာခံကို စတင်ဖွင့်လှစ်ပါတော့သည်။ ထိုနောက် ဘာမှမသိ လူကြီးမင်းများက အဲအဲ မှားလို့ သဘာပတိကြီးများဖြစ်ကြသော သူကြီး၏ ခြံစောင့် အဲအဲ မှားလို့ သက်တော်စောင့်များက ဦးစွာပထမ နှုတ်ခွန်းဆက် မိန့်ခွန်း အာ ပြီးတော့ သူကြီးပြောခို်င်းသော အကြောင်းအရာများကို ပဝါမကူရေမရှုအောင် ပြောကြားသွားပြီး မနက်ပိုင်း အစီအစဉ် ပြီးဆုံးကြောင်းပါ တခါတည်းကြေငြာ သွားပါသည်။ ထိုနောက် အညောင်းပြေ အညာပြေ ဟိုနား ဒီနား မတ်တက်ရပ်စေပြီး (အစောကြီးကတည်းကလည်း မတ်တက်ဘဲ ရပ်နေရတဲ့ဥစ္စာ) ရေရောထားသော ရေသန့်များကို တစ်ယောက်ကို တစ်ငုံ အဲအဲ မှားလို့ တစ်ခွက်အလှည့်ကျ (ပိုသောက်၍မရ) ဖြင့် မသောက်မနေရ သောက်ကြရပါသည်။ အင်မတန်မှ အိပ်လို့ကောင်းသော နေခင်းပိုင်း အချိန်ကြမှ မျက်လုံးမှိတ် ခေါင်းညိမ့် ထောက်ခံနိုင်ရန်ဆိုသော အကြံဖြင့် မြူဆွယ် မှုကြီးကို စတင်ပါတော့သည်။ သူကြီးက သူကိုထောက်ခံပါက သူအဓ္ဓမ သိမ်းယူထားသောဆိုင်ရာပိုင်ရာများမှ နွားမ တစ်ကောင်စီ ပေးမည်ဖြစ်ပြီး၊ မထောက်ခံပါက ရှိသမျှ(ခွေးမ ပါမကျန်) အကုန်သိမ်းမည်ဟု ရာဇာသံပေးလိုက်သည်။ ကဲ ကဲ စဉ်းစားချိန် ၁၅ မိနစ်ပေးလိုက်သည်။ ထိုနောက် ဟိုနားတစ်စု ဒီနားတစ်စုနှင့် ခေါင်းခြင်းရိုက်(ကွဲမတက်) တိုင်ပင်နေကြသည်။ ထိုအချိန်တွင် သူကြီး၏ဘက်တော်သား ပါးကွက်ကြားများနှင့့်် နေရာတစ်ကာစပ်စပ်စုစုပါတက်သော ရွာသားများ၏ ချဉ်ဘတ်အသေးစားလေးများက ဟိုထောက် ဒီထောက် ဟိုနားကပ် ဒီနားကပ် ဟိုချောင်း ဒီချောင်း လုပ်နေရပါတော့တယ်။ မထောက်ခံသူများကို သူကြီးဆီ အစီရင်ခံ ပြီးရင် လုပ်ချင်သလိုလုပ် အဲအဲ မှားလို့ အထက်ကအမိန့်အရဟု (ကောင်းကင်လား၊ ခေါင်းမိုးလား) ညင်သာစွာ (အသက် ထွက်မတက်) ထိပ်တုံးခတ်ခြင်း၊ ရှိစုမဲ့စု ပါသမျှပစ္စည်း များကိုအမိန့်အရဟုဆိုကာ စာတွေ့မဟုတ်၊ လက်တွေ့ သိမ်းခြင်းများကို ပြုလုပ်နေကြပါတော့သည်။

ဆက်လက်ဖော်ပြပါမည်။

Read More...

Tuesday, February 26, 2008

အဆုံးမရှိညီလာခံ အပိုင်း(၁)

သရဲကုန်းရွာမှာ သူကြီးဦးရွှေက အဆုံးမရှိသော ညီလာခံသို့ တက်ရောက်ရန် ရွာသူ ရွာသားများကို ခေါင်းခေါက် အဲ မှားလို့ မောင်းခေါက်ပြီး တစ်အိမ်တစ်ယောက်မဟုတ်ဘဲ ရှိသမျှလူအကုန် ညီလာခံမြေကွက်ကို မလာမနေရ လိုက်လံ၍ ဆော်အော်နေပါသည်။ ရွာထဲက လူတွေကလည်း ကြောက်တော့ စိတ်မပါဘဲ သွားရတာပေါ့။ သူကြီးရဲ့ အိမ်ရှေ့ညီလာခံကွက်လပ်အပြည့်ဘဲ။ သူကြီးရဲ့ လက်ပါးစေ အာဏာပါးကွက်ကြားတွေကလဲ နေရာအပြည့်ဘဲ။ ကဲညီလာခံကြီးစတော့မယ် ကိုယ်နေရာမှာကိုရပ် ပါးကွက်ကြားတွေကလည်း ဟိုတစ်ယောက် ဒီတစ်ယောက်နဲ့ပေါ့။ ထူးခြားမှုကို အတင်းပို့ဖို အဲအဲ မှားလို့ သတင်းပို့ဖို့ ဝေါ်ကီတော်ကီ နံပါတ်ဒုတ်တွေနဲ့ ရယ်ဒီလုပ်ထားကြတာပေါ့။ တချိုကလည်း မသိမသာ သူလျှို ကိုက်အပြည့်နဲ့လျှိုဝှက်လှမ်းထောက်ပို့ဖို့ အဆင်သင့် အနေအထားမျိုးတွေနဲ့ပေါ့။ ဟော့ အိမ်အပေါ်ထက်ကနေ ရှေ့တော်ပြေး၊ နောက်တော်ပြေး၊ ညာတော်ပြေး၊ ဘယ်တော်ပြေး ပြေးမဲ့လူများစွာ ခြံရံလျှက် သေမင်းဆီသွားသော ခြေလှမ်းမျိုးဖြင့် ကျက်သရေကင်းမဲ့ ကြည်ညိုစရာကင်းမဲ့လှသော ရုပ်ရည်ရူပကာနှင့် ဆင်းလာသူကတော့ တိုများရဲ့ ပြည်သူချဉ်ဘတ် သရဲကုန်းရွာရဲ့ ခေါင်းဆောင် သရဲကြီး အဲမှားလို့ ရွာသူကြီး ဦးရွှေက သူရဲ့သက်တမ်းကို တိုးချဲ့ရန်အတွက် ပြည်သူတွေစီက မေတ္တာဂဲမိုး အဲ အဲမှားလို့ တရားနည်းလမ်းတကျ အတင်းအဓမ္မထောက်ခံခိုင်းရန် ညီလာခံခေါ်တယ်ဆိုတာ ခွေးကအစသိပြီးသားတွေပါ။ ထိုနောက် နူနေသောလက်ဖြင့် အဲအဲ မှားလို့ တုန်ယင်နေသော လက်ဖြင့် မိုက်ခွက်ကိုကိုင်ပြီး ဟဲလို ဟဲလို ...သွားပြီနော် သွားပြီနော် အဲအဲ မှားလို့ တက်ကစီ တက်ကစီ ကတုန်ကယင် မသာမယာအသံလေး အသံညောင်နဲ့ ပြောတာကတော့ ခွေးချီရင်တောင် မှတ်မိနေတဲ့ရုပ်ရည် မျိုးပိုင်ဆိုင်သူ တို့များရဲ့ ခေါင်းချောင် မင်းသားကြီး သူကြီးဦးရွှေဆိုတာ ဗေဒင်ဟောစရာမလို ပြေးကြည့်စရာမလို သွေးထွက်အောင်မှန်ပါကောလား။ သူကြီးက ဘာစကားမှစမပြောခင် ရွာသူရွာသားများရဲ့ ရူံမဲ့နေတဲ့ မျက်နှာများကို အကဲခတ်နေပါတယ်။ ဘယ်သူကပိုရူံမဲ့လဲလို့ပေါ့။ တွေရင် သူရဲ့ မသိမသာ ဟိုလျှို ဒီလျှိုကောင်ကို လှမ်းအချက်ပြနိုင်အောင်လို့ပေါ့။ ထိုနောက်သူကြီးရဲ့ နောက်တော်ပြေးတစ်ယောက်က အနောက်ကို ပြေးသွားပြီး အရက်သွားခိုးသောက် အအဲမှားလို့ စိတ်မပါဘဲ လာသော ရွာသူရွာသားများကို ရေအဝတိုက်ဖို့ စီစဉ်နေတဲ့ အဖွဲ့ကိုသွားပြီး မှာထားတဲ့ ရေသန့် မလောက်တဲ့အတွက် ရေသန့်ကိုရေနှင့်ရောရန် သူကြီး၏ အမိန့်ညွှန်ကြားချက်ကို သွားပြောနေရပါသည်။ ထိုနောက်နောက်တော်ပြေး ပြန်လာသောအခါ ဘယ်တော်ပြေးကသွားရပြီး သူကြီး၏ အသည်းကြော် သူကြီးကတော် ဒေါ်ကြောင်ကြောင်နှင့် သမီးကြောင် မြေးကြောင် အပေါင်းကို ကြိုတင်ကာကွယ်မှုပြုတဲ့ အနေနဲ့ လုံခြုံသော အန္တရာယ်မဖြစ်နိုင်သော အခြားတရွာဖြစ်သော ငရဲရွာသို့ ချက်ချင်းပြောင်းရွှေ့ရန် သူကြီး၏ အောက်စလွတ် အဲအဲမှားလို့ တချက်လွတ် ကြိုးအမိန့်ကို အဲအဲမှားလို့ ကြေးနန်းစာကို မဆိုင်းမတွ အပြေးချက်ချင်း သွားရောက်၍ ပြောကြားရပါသည်။ လူတစ်ယောက်လျှော့သွားတဲ့ အတွက် ကျန်သက်တော်ပြေး များမှာ သူကြီးနားတွင် အထူးဂရုစိုက်တောင်ကြည့် မြောက်ကြည့် ချောင်းရိုက်သူရှိက အသာအယာ ရှောင်ပေးရန် အဲအဲမှားလို့ အပြင်းအထန် တုံပြန်ရန် အသင့်အနေအထား ရှိနေကြပါသည်။

ဆက်လက်ဖော်ပြပါမည်။

Read More...