Showing posts with label ကျေးဇူးဥပကရ. Show all posts
Showing posts with label ကျေးဇူးဥပကရ. Show all posts

Monday, December 17, 2007

ကိုစပ်မိစပ်ရာကို ကျေးဇူးအထူးတင်ရှိပါတယ်။ သူနဲ့ စကားစပ်မိ၍ အနော် ကလိတက်မှန်းသိလို့ အနော်ကို အိမ်တစ်လုံးဌားပေးထားတယ်။ စပေါ်မပေးရဘူး။ ပျော်လိုက်တာ။ တစ်ခုက wordpress မှာ ကိုယ်ဘာသာကို ကလိဖို့ ယူထားတာ။ သူက နောက်တစ်ခုထက်ပေးတယ်။ iblogger မှာ ငှားပေးထားတယ်။ ကြည့်ရတာ သူ iblogger ကို ကြွေနေပုံရတယ်။ အိမ်ရှင်တွေက အပျိုကြီးတွေလားမသိဘူး။ အပျိုကြီးဆိုမှာတော့ ဇီဇာကြောင်တက်ပုံဘဲ။ ကြည့်နေမှ။ အိမ်ရှင်တွေမှာ ဘာဆိုးတယ် ဘာကောင်းတယ်ဆိုတာတော့ အနော် စမ်းသပ်ဆဲကာလမို့ မသိသေးပါ။ အိမ်ရှင်တွေ အစမ်းသပ်ခံနိုင် မခံနိုင် ကလိကြည့်ရမှာဘဲ။ ဗျို့ ကိုစပ်မိစပ်ရာရေ အနော်ကတိပေးပါတယ်။ အိမ်ရှင်တွေ မောင်းမထုတ်အောင် လုပ်ပါမယ်လို့။ တော်ကြာ အစ်ကို မျက်နှာပျက်မှာစိုးလို့ပါ။ အစ်ကိုကိုလည်းမျက်နှာမပျက်အောင် အိမ်ရှင်နဲ့လည်း တည့်အောင်နေပါမယ် သည်းခံပါမယ်။ ကြည့်ကလိပါမယ်လို့။ အိမ်လခလည်း မှန်မှန်ပေးနိုင်အောင် ကြိုးစားပါမယ်။ အာမတော့မခံဘူးနော် ကြိုးစားမယ်ဘဲပြောတာ။ နောက်လည်း စပေါ်ပျောက်များ ရှိသေးရင်မျှပါအုံး။ လောဘကကြီးလာပြီ။ ရမ္မက်ကတက်လာပြီ။ ဟီး ဟီး စတာနော်။

Read More...