အနော်တို့ငယ်ငယ်တုန်းက အလွတ်ကျက်မှတ်သင်ခဲ့ရတဲ့ကဗျာလေးတွေပါ။ အမှတ်တရလေးအနေနဲ့ပြန်တင်ပေးလိုက်ပါတယ်။ အားလုံးလည်း မှတ်မိကြမယ်လိုထင်ပါတယ်။
တို့ဖေဖေ
စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။
ကိစ္စများဖြင့် ပေါ်ပေါက်လျှင်
စီရင်တက်ပေ တို့ဖေဖေ။
အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။
စဉ်းစားမြော်မြင် ဥာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။
နိုင်ငံအကျိုး တို့အကျိုး
သယ်ပိုးနိုင်ပေ တို့ဖေဖေ။
.....................................
တို့မေမေ
ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။
ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။
အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။
ကျမ်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တို့မေမေ။
ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ။
Showing posts with label တို့ဖေဖေ တို့မေမေ. Show all posts
Showing posts with label တို့ဖေဖေ တို့မေမေ. Show all posts
Monday, December 10, 2007
Subscribe to:
Posts (Atom)