အနော်ဘလော့ကို လာလည်ကြတဲ့သူများ စိတ်အနှောင့် အယှက် မဖြစ်အောင်လို့ ရင်နာနာနှင့် အသည်းကို စွန့်လွှတ်လိုက်ပါသည်။ တချို့တွေကပြောကြတယ် လူကမျက်စိနောက်ရုံတင်မဟုတ်ဘူး ဘလော့ကလည်း ရှုတ်ရှက်ခတ် မျက်စိနောက်နေတာဘဲတဲ့။ တချို့ကလည်း အသည်းစားဘီလူးကြီးတဲ့။ အသည်းမျိုးစုံကို ဖမ်းစားနေတယ်တဲ့။ အနော်က အသည်းမကြိုက်ဘူး အမြစ်ဘဲကြိုက်တယ်။ ဟင့် အနော်ကသရဲလောက်မလှပေမဲ့ ဘီလူးလောက်တော့ ရုပ်မဆိုးသေးပါဘူး။ ပြောရက်လိုက်ကြတာ သူများသားပျို သမီးပျိုကို။ တချို့ကလည်း အသည်းတွေပေါလှချည်လားတဲ့ ပလူပျံနေတာဘဲတဲ့။ အသည်းသာ ပလူပျံနေတာ တစ်ခုမှ ဖမ်းမစားနိုင်သေးပါဘူး ဟဲဟဲ ကြေငြာဝင်တာ။ အသည်းနဲ့စိတ်အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်အပ်ပါတယ်။ တချို့ကတော့ကြိုက်ကြပါတယ်။ ဒါပေမဲ့ တဝက်လောက်ကတော့ မကြိုက်တဲ့သူဖြစ်နေတဲ့အတွက် အသည်းကို ဖြုတ်ပစ်လိုက်ခြင်းပါ။ အားလုံး မျက်စိအေးအေးနှင့် ပျော်ရွှင်စွာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးအပ်ပါသည်။ အားလုံးချမ်းမြေ့ကြပါစေ. . .
Showing posts with label သူတို့မျက်စိရှင်းရှင်းနှင့် ပျော်ကြလေပြီ. Show all posts
Showing posts with label သူတို့မျက်စိရှင်းရှင်းနှင့် ပျော်ကြလေပြီ. Show all posts
Sunday, December 16, 2007
Subscribe to:
Posts (Atom)