Showing posts with label အိမ်ပြောင်းရန်ကြံနေသည်. Show all posts
Showing posts with label အိမ်ပြောင်းရန်ကြံနေသည်. Show all posts

Sunday, December 16, 2007

အနော်ရဲ့ သယ်ရင်းများ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အခုတလော ဒီ blogspot အိမ်နဲ့ အဆင်မပြေ ငြီးငွေ့ လာတဲ့ အတွက် အိမ်ပြောင်ရန် ကြိုးစားနေပါသည်။ ထိုကြောင့် ပိုစ်များလည်း သိပ်မတင်နိုင်ဖြစ်နေပါသည်။ အိမ်ရှင်က အပေါက်ဆိုးတာလား အနော်ကဘဲဆိုးတာလား တော့ မသိဘူး။ template အသစ်ပြောင်းရင် သူလက်ပါးစေ error ကိုလွှတ်လွှတ်ပြီး ပြဿနာရှာနေတော့ ခက်နေတယ်။ ကိုယ်ကလည်း ပညာသား မဝဆိုတော့ သူညာတာတွေချည်းဘဲ လှိမ့်ခံနေရတယ်။ ငါးရက်လောက် ချလိုက်ရပြီး တော်တော် စိတ်ဆိုးသွားတယ်။ ဘလော့ပါးလာဝပြနေတယ်။ တချို့ XHTML တွေကို သူကခွင့်မပြုဘူး ဖြစ်နေတယ်။ သူလက်ပါးစေ error ကိုဖြေရှင်းလို့ မပြီးသေးဘူး နောက်လက်ပါးစေ error တစ်ကောင်ရောက်လာပြန်ရော့။ အနော်လို့ အငြိမ်မနေတဲ့သူနဲ့က ကီးမကိုက်တော့ဘူး။ ဘလော့ထဲက နောင်တော်ကြီးတွေရဲ့ အကူအညီနဲ့ သူကို ကန်ဖို့ကြိုးစားနေပါတယ်။ ထိုအပြင် နောက်အိမ်ကိုလည်း စမ်းသပ်ဆဲပါ။ သူကိုယ်ဒဏ် ဘယ်လောက်ခံနိုင်လဲဆိုပြီးတော့။ သူက အိမ်ပေါ် မတက်ခင်ထဲက အထာကြီးလာကိုင်နေတယ်။ ဈေးကိုင်နေတယ်။ စပေါ်အရင်ပေးတွေ ဘာတွေနဲ့။ ရေ မီး ကလည်း သူရှိတာတွေက မကောင်းတော့ ကိုယ်ဘာသာကိုယ် ပြန်ပြီး ပြုပြင်ရမှာတွေ အများကြီးဘဲ။ ဟာ အနော်ကို စပေါ်ပျောက်အိမ် တလုံးလောက်ရှာပေးကြပါ။ Internet Explorer မှာ ဇော်ဂျီ ကို မြင်ရရင် သေပျော်ပါပြီ။ ဟား ဟား ဟား။ အနော်မှာ အိမ်လိပ်စာဘဲ ရှိသေးတယ်။ လာလည်ရင် ဧည့်ခံဖို့အတွက် ဖျာလေးတစ်ချပ်တောင် မရှိသေးဘူး။ နောက်မှဘဲ လိပ်စာပြောတော့မယ်။ အခုလောလောဆယ်တော့။ ဒီချစ်ချစ် blogspot နဲ့ဘဲ မခွဲခင် တဝကြီးပျော်လိုက်အုံးမယ်။ ဒါပေမဲ့ အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ မပစ်ရက်တာ အမှန်ပါဘဲ။ ငယ်ကချစ် အနှစ်တရာမမေ့ ဆိုတာ တော်တော်မှန်တာဘဲနော်။

အားလုံးကျမ်းမာချမ်းသာပျော်ရွှင်ရယ်မောနိုင်ကြပါစေ။

Read More...