ဟဲလို biggest ၏ဘော်ဒါ ဘော်ကျွတ် သူငယ်ချင်း ရောင်ရင်း နောင်တော် ဘကြီး ဖွားကြီး ကြီးဒေါ် ဒေါ်ကြီး အဒေါ် ဦးလေး ကုန်လောက်ပြီ ထင်ပါတယ် biggest ဘလော့ကိုလာကြည့်သော အချိန်မှာ ကိုယ် စိတ် နှလုံး သုံးပါးလုံး တစ်နေရာထဲ ရှိပါစေလို့ ဆုတောင်းပေးပါတယ်။ အရင်ဆုံးနှုတ်ဆက်ထားတာ လူလိမ္မာလေးမှန်းသိအောင်လို့ပါ။ ဒီလူတွေကို မကျေနပ်ဘူး။ ဇာတိကပြလာပြီ။ ဘယ်လောက်မှတောင်မကြာလိုက်ဘူး။ Heart ကို တည့်တည့်ထိတာ။ ဘယ်သူတွေလဲပြောပြမယ်။ ဒီလူတွေ . . .
၁။ နိုင်းနိုင်းစနေ # သူက “အသည်းတွေ ပလူပျံနေတာဘဲတဲ့” ဆိုလိုတာက လူကတော့ အသည်းပလူမပျံနိုင်ဘူးဆိုတဲ့သဘောပေါ့ ဟုတ်တော့ဟုတ်ပါတယ် ရှိထားတဲ့တစ်ခုတောင် ဘယ်ချောင်ကပ်နေလည်း မသိဘူး။
၂။ ဝကာင်္ပါ # သူက “အနော့်ဘလော့ကပြောင်းတိုင်း လှနေတာဘဲတဲ့” ဆိုလိုတာက လူကပုံစံပြောင်းရင်မလှဘူးဆိုတဲ့သဘောပေါ့။ ဟုတ်တော့လည်းဟုတ်ပါတယ် လူကပုံစံပြောင်းလိုက်ရင် သရဲကတောင်ပြန်ကြောက်ရတဲ့ရုပ်မျိုးပိုင်ဆိုင်တာ။
၃။ လေးမ # သူက “template လှလှလေးဘဲ လိုချင်တယ်တဲ့” ဆိုလိုတာက အနော်ကိုတော့ မလှလို့ မလိုချင်ဘူး ဆိုတဲ့ သဘောပေါ့။
၎။ အလွမ်းအိမ် # သူက “အဲဒီလောက်တောင်ရုပ်ဆိုးတာလားတဲ့” ဆိုလိုတာက တော်တော်ရုပ်ဆိုးပါလားလို့ မပြောချင်လို့ မေးခွန်း မေးသလိုနဲ့ သရဲမလို့ပြောလိုက်သလိုဘဲ။
၅။ မျှားပြား # သူက “အဆင်ပြေပါစေတဲ့” ဆိုလိုတာက လူကကြည့်ရအဆင်မပြေဖြစ်နေလို့ ဆုတောင်းပေးနေသလိုဘဲ။
၆။ မာန်လှိုင်းငယ် # သူက “ဘလော့လေးက လှလိုက်တာတဲ့” ဆိုလိုတာက လူကတော့ ချာတူးလန်ဘဲလို့ပြောလိုက်သလိုဘဲ။
၇။ ကောင်းကင်ကို # သူက “စာတွေကဟာသမြောက်လှချည်လားတဲ့” ဆိုလိုတာက လူက မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုတ်နေတာဘဲလို့ ပြောနေသလိုဘဲ။
၈။ ထားဝယ်သား # သူက “စာရေးကောင်းလှချည်လားတဲ့” ဆိုလိုတာက စာဘဲအရေးကောင်းတယ် ကျန်တာမကောင်းဘူး ဆိုတဲ့သဘောပဲ။
၉။ နေမိုးကြယ် # သူက “စာတွေရေးနေရလို့ မအားဘူးတဲ့” ဆိုလိုတာက အနော်က ၁၀၉ ၁၁၀ ပေါ့။ အနော်မှာအလုပ်ရှိတယ်။ အနော်က လယ်ယာပြန်စားရေးဌာနမှာ အကောင်ဘဲ အနော်ကို ဘယ်သူမှ မကျော်နိုင်ဘူး။ အကူအညီလိုရင်လည်းပြော ကူညီပေးနိုင်တယ်။
၁၀။ ဒီဝိုင်း # သူက “နာမည်မြင်တာနဲ့တင် ဖြုံသွားပြီတဲ့” ဆိုလိုတာက လူမြင်ရင် ကြောက်ပြီးထွက်ပြေးမယ်လို့ ပြောလိုက်သလိုဘဲ။ အနော်က ရုပ်ကလေးဆိုးတာနဲ့ စိတ်ကလေးပုတ်တာက လွဲရင် ကျန်တာအကုန်ကောင်းပါတယ်။
* အားလုံး ခေတ္တာခဏ ပြုံရွှင်နိုင်ကြပါစေ *
Showing posts with label ပေါက်ကရစကားစ. Show all posts
Showing posts with label ပေါက်ကရစကားစ. Show all posts
Thursday, November 29, 2007
Subscribe to:
Posts (Atom)