




အနော်အတွက်နှစ်သစ်
သြော် နှစ်သစ်တောင်ရောက်ပြီ။ ဒါဆိုအားလုံး ဟိုနေရာကိုရောက်ဖို့ တစ်နှစ်ပိုနီးသွားပြီပေါ့နော်။ အင်း အနော်လည်းပါပါတယ်။ နှစ်သစ်မှာ အနော်တစ်ယောက် ဘာတွေလုပ်မှာလည်း လို့မေးနေကြတယ်။ သေချာတာတွေကတော့ စာသင်တဲ့ဆရာပြန်လာမှာမို့ စာပြန် သင်ရတော့မယ်။ နောက်သေချာတာတစ်ခုက အနော်က ယောင်တောင်တောင် စာရင်းကိုင်ဆိုတော့ နှစ်ကုန်ပြီလေ စာရင်းတွေ ရီပိုတွေ တင်ရတော့မယ်။ ဘယ်ပြေးရင်ကောင်းမလဲ မသိဘူး။ နှစ်သစ်မှာ ဧည့်သည် အသစ်လိုချင်ရင်ပြောနော် အနော်က အိမ်အသစ်ဆို အရမ်းအလည်ချင်တာ။ နှစ်သစ်မှာ စိတ်သစ်နဲ့ ထမင်းလည်းသိပ်မစားတော့ဘူး တစ်နေ့ကို တပြည်လောက်ဘဲ ပုံမှန်စားတော့မယ်။ နောက်မသေချာ မရေရာတာတွေက အကျီိင်္အသစ်မရနိုင်ဘူး ပြောလို့တော့မရဘူး။ ဒါပေမဲ့ သေချာတာကအဟောင်းတော့ ထွက်တယ်။
နောက်မသေချာတာက အိမ်မပြောင်းရနိုင်ဘူး ပြောလို့တော့မရဘူး။ ဒါပေမဲ့ လောလောဆယ် သေချာတာက အိမ်ဟောင်းကိုဘဲ အသစ်ဖြစ်အောင် လုပ်နေရတယ်။ နောက်မသေချာတာက အချစ်သစ်မရနိုင်ဘူး ပြောလို့တော့မရဘူး။ သေချာနေတာက အချစ်ဟောင်းတောင်မရှိခဲ့တာ။ အသစ်ဆိုတာ ဘယ်ဂျောင်ကသွားရှာရမှာလည်း။ နောက်မသေချာတာက နှစ်သစ်မှာ လူသစ်တော့ မဖြစ်နိုင်ဘူး။ သေချာတာကတော့ အသက်သစ်တော့ ဖြစ်လာပြီ။ နောက်မသေချာတာက နှစ်သစ်မှာ စိတ်သစ်တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သေချာတာက စိတ်ဟောင်းကတော့ အနည်းနဲ့အများတော့ ရှိနေအုံးမှာဘဲ။ နောက်. . . . . . သေချာမှု မသေချာမှု တွေ အများကြီး ရှိတဲ့ နှစ်သစ် ကို အနော်တို့တွေ ရောက်တော့မှာပါလား။
Showing posts with label အနော်နဲ့နှစ်သစ်. Show all posts
Showing posts with label အနော်နဲ့နှစ်သစ်. Show all posts
Monday, December 31, 2007
Subscribe to:
Posts (Atom)