Thursday, April 10, 2008

*ဧပြီလ(၁၀)ရက်နေ့တွင်ထိုင်းနိုင်ငံတောင်ပိုင်း၌သေဆုံးသွားခဲ့သော မြန်မာရွှေပြောင်းအလုပ်သမား ၅၄ ဦးသို့ *


ဘာနဲ့ပြန်ပေးဆပ်မှာလဲ ???


အမေ့ဆေးဖိုးအတွက်

အလုပ်သွားလုပ်နေတဲ့

သမီးငယ်လေးရဲ့ စကားသံချို ...


အမေ့ကို

တင့်တောင်းတင့်တယ်ထားချင်တဲ့

သားငယ်လေးရဲ့ရုပ်ရည် ...


ညီငယ်လေးကျောင်းနေနိုင်အောင်

ကြိုးစားနေတဲ့

အစ်ကိုကြီးရဲ့သတ္တိ ...


မောင်ငယ်လေးကို

ကျောင်းထားပေးချင်တဲ့

အစ်မကြီးရဲ့ဟန် ...


တီတီတာတာသမီးငယ်လေးအတွက်

အဝေးကြီးမှာမုန့်တွေအများကြီးသွားဝယ်အုံးမယ်ဆိုတဲ့

မျက်ရည်တွေကြားကအမေ့ဆိုနင့်သောအသံ ...

………………………………………………..

……………………………………………….

………………………………………………..

နာတာရှည်ရောဂါနဲ့

သမီးရဲ့အသံကိုကြားယောင်နေသော

အမေ့နှလုံးသား !!!


ဆန်ပြုတ်သောက်ရင်း

သားငယ်ရဲ့ရုပ်ရည်ကိုမြင်ယောင်နေသော

အမေ့မျက်ဝန်း !!!


ကျောင်းစာသင်ခန်းမှ

အစ်ကိုကြီးရဲ့အရိပ်ကိုရှာနေသော

ညီငယ်လေး !!!


ကျောင်းဖွင့်ချိန်တိုင်း

အစ်မကြီးပြန်လာစေကြောင်းဆုတောင်းနေတဲ့

မောင်ငယ်လေး !!!


မေမေမုန့်တပွေ့တပိုက်နဲ့

ပြန်လာချိန်ကိုမျှော်နေတဲ့

တီတီတာတာသမီးငယ်လေး !!!


အခုတော့ ဒါတွေ ဒါတွေ

ဘာတွေနဲ့ပြန်ပေးဆပ်မှာလဲ ???

………………………………………………..

………………………………………………..
………………………………………………..


သားကိုမျှော်နေတဲ့ အမေ

သမီးကိုစောင့်နေတဲ့ အမေ

အစ်ကိုကြီးကိုတွေ့ချင်နေတဲ့ ညီငယ်

အစ်မကြီကိုပြန်လာစေချင်နေတဲ့ မောင်ငယ်

အမေနို့စာနေတဲ့ တီတီတာတာသမီးငယ်

သူတို့လိုချင်ကြတာက ငွေလား ???

8 comments:

ပန်းခရေ said...

သူငယ်ချင်းရေ
အဓိကကငွေပဲကွာ
အရာအားလုံးငွေပဲ
ကောင်းလိုက်တဲ့ကဗျာ

Anonymous said...

လာလည်မူအားလုံးကို ကျေးဇူးတင်ပါသည်။

ပန်းခရေ said...

သူငယ်ချင်းရေ
အမှန်တရားပဲ
လောကမှာ
အဓိကကငွေပဲ
အင်းကွာ
အားလုံးစိတ်ချမ်းသာကြပါစေကွာ

ယုန်ကလေး said...

ကောင်းပါတယ် အခုလို ကဗျာတွေ ဆပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

NatShinNaung said...

Biggest လေး။ ဒါလေးဖတ်ပြီးတော့ တစ်မျိုးခံစားလိုက်ရတယ်။ ကောင်းတယ်ဗျာ။

Tea said...

good one! :D i like it..

ကိုရီး{ကိုကြီး} said...

တစ်ကယ့်အဖြစ်ပျက်တွေက ရင်နာစရာတွေပါပဲဗျာ။

ကိုရီး{ကိုကြီး} said...

တစ်ကယ့်အဖြစ်ပျက်တွေက ရင်နာစရာတွေပါပဲဗျာ။