http://www.allmymagic.com/wizcard/view/s_6811
ကျေးဇူးပြု၍
ကျေးဇူးပြု၍ ငါကို လောကကြီးက ထွက်ခွာခွင့်ပြုပါ ရှုတ်ထွေးပွေလီ ကြမ်းတမ်းမှုတွေကြား ငါမနေချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါကို ဆုပ်ကိုင်ထားသော လက်များလွှတ်ပေးကြပါ နှောင်ကြိုးဖွဲ့ ကမ္ဘာထဲက ငါလွတ်မြောက်ချင်လို့ပါ။ကျေးဇူးပြု၍ ငါဦးနောက်တွေကို ဖျက်စီးပေးကြပါ အရာအားလုံးကို ငါမေ့ပျောက်ချင်လို့ပါ။ကျေးဇူးပြု၍ ငါရင်ဘတ်ထဲက နှလုံးသားကို ထုတ်ပေးကြပါ အလွမ်း အဆွေး ကြေကွဲမှု သံသရာကို ငါမလိုချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့မျက်လုံးကို ဖောက်ထုတ်ပေးကြပါ ရိုင်းစိုင်းစွာ ရက်စက်မှု၊ ဆိုးဝါးစွာ သတ်ဖြတ်မှု တွေကို ငါမမြင်ချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ အစာအိမ်ကို ထုတ်ပေးကြပါ ဆာလောင် ငတ်မွတ်မှု ဒဏ်ကို ငါမခံစားနိုင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ နားစည်ကို ထုတ်ပေးကြပါ ငိုကြွေးမှု ညည်းတွားမှုတွေကို ငါမကြားချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ ခြေထောက်တွေကို ရိုက်ချိုးပေးကြပါ ခြေသလုံးအိမ်တိုင် အတည်တကျ မရှိတဲ့ ငါဘဝကြီးကို ရပ်နားချင်လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ လက်တွေကို ရိုက်ချိုးပေးကြပါ မလုပ်ချင်ဘဲ လုပ်နေရသော အလုပ်များကို ငါမလုပ်ချင်တော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ ခန္ဓာကိုယ်ကြီးကို ဖယ်ရှားပေးကြပါ ပုတ်ပွမှု အပေါင်း သရဖူဆောင်းတဲ့ ဒီကိုယ်ကြီးကို ငါအလိုမရှိတော့လို့ပါ။ကျေးဇူးပြု၍ ငါရဲ့ လျှာကို ဖြတ်ပေးကြပါ ရိုးသားတဲ့မုသားစကားတွေကို ငါမပြောချင်တော့လို့ပါ။ကျေးဇူးပြု၍....... ငါကို.......... အေးချမ်းတဲ့နေရာလေး တနေရာကို ပို့ပေးကြပါ။
Read More...
Summary only...
ဒါ တို့မြေရဲ့သရုပ်
မဟုတ်မမှန်
လုပ်ကြံစရာမလိုတဲ့
ပကတိ သရုပ်ပေါ့
အိပ်မက်မဟုတ်
ပစ္စုပ္ပန်နဲ့ အတိတ်
ဒီအရိပ်တွေက
အနာဂါတ်အတွက်
ငါတို့ရဲ့------
ရင်ဘတ်တွေကို ခါးသက်
သွေးစက်လက်နဲ့
အမိမြေရဲ့လက်မှာ
သားသေ လင်ဆုံး
ကုန်ရှုံး ကြွေးတင်
ဝမ်းမ၀မလင်နဲ့
မိခင်တွေရဲ့-----
ငိုညဉ်းသံက
ဘ၀ဂ်ကို ဟိန်းညံ
ငါ့ရင်ကိုလှိုင်းထန်ခဲ့
အရိုင်းဆန်တဲ့ညတွေအတွက်
ဒါဟာတိုက်ပွဲရဲ့ခေါ်သံလား
ဒါမှမဟုတ်----
အောင်ပွဲအတွက် ကျည်ဆံလား။
သေချာတာက
အမေ့မျက်ရည်ဟာ---ငါရဲ့
နောင်တမဲ့ခြေတစုံအတွက်
အားဆေးတခွက်ပေါ့။
နွေဦးဝေ
(အမေနဲ့ အမေများ၊ အနှိမ်ခံများ ထမင်းဝကြပါစေ)
Read More...
Summary only...
မဇၹ်ိမက ဓါတ္ပံုပါ။ ဓါတ်ပုံကို ကြိုက်လွန်းလို့။ တော်ကြာ အနော်သူငယ်ချင်းတွေ နောက်နောင် မင်းသားကြီးကို မတွေတော့မှာစိုးလို့ တင်ပေးလိုက်တာ။ အရှေ့က ဟိုဟာကြီးကို အနောက်က လိုက်ပို့နေကြသလို့ဘဲ။ ခန့်ခန့်ကြီးက မကြာခင် ဆန့်ဆန့်ကြီး ဖြစ်လာတော့မှာပါ။ တွဲတဲ့လူကလည်း မဝေးတော့တဲ့တစ်နေ့မှာ ထမ်းတဲ့သူ ဖြစ်လာတော့မှာပါ။ ခန့်ခန့်ကြီးနောက် ကလိုက်လာတဲ့သူတွေကလည်း မျက်နှာတွေက ဝမ်းနည်းတဲ့ပုံတွေနဲ့ အင်း နမိတ်တွေကတော့ ပြလာပြီ... ဒီနေ့တော့ ဒီလောက်ဘဲ ဓါတ်ပုံကြည့်ပြီး အနော်တစ်ယောက် ဝမ်းသာလုံးဆို့ပြီး ဘာမှ မရေးချင်တော့ဘူး။ တော်ကြာ ခန့်ခန့်ကြီးအရင် ဂန့်သွားမှာစိုးလို့ ဒီနေ့တော့ ဒီလောက်ဘဲ။ ခန့်ခန့်ကြီး ဆန့်ဆန့်ကြီးဖြစ်ပြီး ဂန့်ဂန့်ကြီးဖြစ်တာ ကြည့်ချင်သေးလို့ ။ ဤမျှလောက်သာ တော်အံ.............
Read More...
Summary only...
အနော်တစ်ယောက် အပျင်းကြီးပြီး ဘာမှမရေးချင်ဘူးဖြစ်နေတယ်။ ဆောင်းတွင်းဆိုတော့ အေးအေးလေးနဲ့ ကွေးကွေးလေးပေါ့။ အသည်းကွဲတဲ့ လူတွေအတွက်တော့ အေးလေဆွေးလေပေါ့။ အနော်ဘလော့သူငယ်ချင်း ဘော်ဒါတွေကလည်း အလွမ်းသမား အဆွေးသမားတွေက အများသားဘဲ။ ဆောင်းတွင်းနဲ့ဆိုတော့ ဟန်ကိုကျနေတာဘဲ။... အနော်နဖူးပေါ်လက်တင်၊ လက်ပေါ်နဖူးတင်၊ လက်ဘေးချ၊ ခေါင်းအုံးပေါ် ခေါင်းတင်၊ မျက်နှာပေါ် ခေါင်းအုံးတင် တစ်ယောက်ထဲပုံစံမျိုးစုံ ရှုထောင့်တစ်နေရာ ထဲကနေပြီးတော့ စဉ်းစားကြည့်တယ်။ (ရှုထောင့်=အိပ်ယာ) ဆောင်းတွင်းကြမှ ဘာလို့ဆွေးတက် လွမ်းတက်တာလဲလို့ နွေတို့ မိုးတိုကြတော့ ဘာလို့ မလွမ်းကြ မဆွေးကြတာလဲ မသိဘူး။ တော်တော်များများ အလွမ်းကဗျာတွေဟာ ဆောင်းတွင်းမှာဘဲ ပေါ်ပေါက်လာကြပြီး ပိုကောင်းကြတယ်။ အခုလည်း ဘလော့တော်တော်များများကို လိုက်ကြည့်မိတယ် အလွမ်းကဗျာတွေ နည်းတာမဟုတ်ဘူး။ သူတို့ကဘဲ အရေးကောင်းတာလား အလွမ်းကောင်းတာလာမသိဘူး။ ဖတ်ရင်းမျက်ရည်နဲ့ နှပ်ချီးတောင်ထွက်တယ်။ လွမ်းတဲ့သူနေရာမှာ ကိုယ်စားဝင်ချင်တဲ့ စိတ်တောင် တစ်ခါတစ်ခါ ပေါက်ပေါက်လာတယ်။ Heart ကိုတော်တော်ထိတယ် ကြာရင် Heart ရောဂါတောင်ရနိုင်တယ်။ ... အနော်ကို လူတစ်ယောက်ကလာမေးတယ် Heart မကွဲဘူးဘူးလားတဲ့။ အနော်ကပြန်ဖြေပေးလိုက်ပါတယ် Heart ကွဲရင် သေသွားမှာပေါ့လို့ ။ ဒါလေးဘဲ အရေးကြီးတဲ့ဥစ္စာ။ အမေမွေးထဲက တစ်ခုဘဲပါတာကို(Heart ကိုပြောတာနော်)။ အနော်မသိလို့Heartပါရဂူများကို မေးပါရစေ။ Heart ဆိုတာနှလုံးလား အသည်းလားဟင်။ အနော် dictionary မှာရှာတာတော့ နှလုံးလို့ဘဲပါတယ်။ အဲဒါဆို အသည်းကိုဘယ်လိုခေါ်ရမလဲဟင်။ သူလေးကို အင်္ဂလိပ်လို့ ခေါ်ချင်လို့ ကူညီကြပါအုံး။
Read More...
Summary only...
အနော်တို့ရဲ့ နိုင်ငံမှာ မြစ်ကြီး ၄ စင်းရှိတယ်။
အနော်တို့ရဲ့ နိုင်ငံမှာ ပြည်ပရန်ကို ကာကွယ်ဖို့ သဘာဝကပေးထားတဲ့ ရိုးမတောင်တန်းကြီး တွေရှိတယ်။
အနော်တိုရဲ့ နိုင်ငံမှာ သဘာဝတွင်းထွက်တွေ များစွာရှိတယ်။
အနော်တို့ရဲ့ နိုင်ငံမှာ သဘာဝကပေးထားတဲ့ ရာသီဥတုကိုထိန်းသိမ်းနိုင်တဲ့ အမြဲစိမ်းသစ်တောတွေရှိတယ်။
အနော်တို့ရဲ့ နိုင်ငံမှာ သဘာဝကပေးတဲ့ လှပတဲ့ ပင်လယ်ကမ်းရိုးတန်းတွေရှိတယ်။
အနော်တို့ရဲ့ နိုင်ငံမှာ စေတီ၊ ပုထိုး နဲ့ ရှေးဟောင်းအနုပညာတွေ မြောက်များစွာရှိတယ်။
အနော်တို့ရဲ့ နိုင်ငံမှာ ကမ္ဘာကျော်လောက်အောင် ထူးချွန်ထက်မြက်တဲ့သူ များစွာပေါ်ပေါက်ခဲ့တယ်။
ဒီလို ဒီလို ........................................... ပေါများလှတဲ့ နိုင်ငံဟာ ............ ဘာဖြစ်လို့ အဆိုးဆုံး ဖြစ်နေတာလဲ မင်းတို့တွေးမိရဲ့လား။ ?????????? တို့နိုင်ငံရဲ့ မြောက်ပိုင်းမှာ ကချင်၊ အရှေ့ဘက်မှာ ရှမ်း၊ ကယား၊ ကရင်၊ တောင်ပိုင်းမှာ မွန်၊ အနောက်ပိုင်းမှာ ရခိုင်၊ ချင်း နေရာတော်တော်များများမှာ ဗမာ။ ........................ ဒီလောက်ရှိနေတာတောင် အလယ်ကောင်က လက်တစ်ဆုပ်စာ လူတစ်စုကို ဘာလို့ မနိုင်ရတာလဲ ???????????????? ငါတို့တွေ ထင်းစည်း ပြည်နေပြီနော်။ တစ်ချောင်းချင်း မသိမသာ အချိုးခံနေရပြီ။ စည်းလုံးတယ် ဆိုတာ တစ်စုထဲ စည်းလုံးနေလို့ မရဘူး။ ငါအမျိုး၊ ငါလူမျိုးတစ်စုသာဟုတ်တယ် တော်တယ် သိတယ် လိုအပ်တယ် ဆိုတဲ့ ငါစွဲရှိနေတာဟာ နဝဖနဲ့ဘာကွာလို့လဲ။ ငါတို့တွေဟာ နဝဖထက် ဘာ သာလည်း ပြန်စဉ်းစား လူ..... ငွေ....... စိတ်ဓါတ်........ ကြံခိုင်မှု........ အတွေအကြုံ......... နည်းပညာ.......... တက်ကျွမ်းမှု........ စည်းရုံးနိုင်မှု....... ရိုးစားမှု............ ရဲရင့်မှု............ ဘာတွေငါတို့မှာရှိလဲ ငါဘာတွေလုပ်နေလဲ ငါကိုငါ ပြန်စဉ်းစား ဆုံးဖြတ် ဝေဖန် အမှား အမှန် အားလုံး အားလုံး ..............
Read More...
Summary only...
အောင်မလေး ကယ်ကြပါအုံး။ အနော်တော့ဝဋ်လည်ပြီ။ အကြောင်းရင်းကို ပြောပြမယ်။ အနော်တစ်ယောက် စာလည်းမရေးချင် ပျင်းပျင်း ရှိတာနဲ့ အင်တာနက် ဆိုဒ်တွေထိုင်ကြည့်နေတာ။ အဲဒါ ကိုယ်ဘလော့က လင့်နဲ့ ဒီဇင်ဘာလထုတ် ရတီမဂ္ဂဇင်းကို ကြည့်မိလိုက်တာ။ ဟာဗြုန်းဆို အမွှာညီအစ်မ(အေးအေးငြိမ်း၊ အိအိငြိမ်း)ပုံကို တွေလိုက်ရတယ်။ အနော်အံသြသွားတယ်။ နောက်သံဝေကလည်းရတယ်။ (တောတော့ မထွက်နိုင်သေးဘူး။ သူလေးကိုမခွဲနိုင်လို့။)ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုမြင်လိုက်တော့ ငါတော်တော် အသက်ကြီးနေပြီဘဲ လို့ခံစားရလိုက်လို့။ သြော် သူတို့လေးတွေတောင် ဒီအရွယ်ရောက်နေပြီ။ ဟီး ဟီး. . . အနော်သူတို့ ညီအစ်မ ခွဲစိတ်တာကို ၅ တန်းလား ၆ တန်းလား သိပ်တောင်မမှတ်မိတော့ဘူး တီဗွီမှာ ကြည့်ဖူးတယ်။ အနော် အဒေါ်က နှလုံးရောဂါရှိလို့ မကြည့်ဘူး။ အနော်စိတ်ထင် သူတို့အခုနေ အလွန်အလွန်ရှိလှ ၇ နှစ် ၈ နှစ်ပေါ့။ ကိုယ်က ခုနှစ်မတွက်မိတာ။ အမယ်လေး အခုတော့ မယ်မင်းကြီးမတွေက ၁၆ နှစ်တောင် ရောက်နေပြီ။ ကိုယ်စိတ်ထင် သူတို့လေးတွေ ငယ်ငယ်လေးတွေဘဲ ရှိအုံးမယ် ထင်နေတာ။ သူတို့လေးတွေ ဒီအသက်လောက်ရှိနေတော့ ငါတော်တော် အသက်ကြီးနေပြီဘဲလို့ ခံစားမိတယ်။ အနော်ကို လူကြီးတွေက ဟင်ဒီအရွယ်တောင် ရောက်နေပြီလို့ပြောရင် အနော်က ကိုယ်အသက်လည်း ပြန်တွက်ကြည့်ပါအုံးလို့ နောက်နောက်ပြီး ပြောနေကြ။ အခုတော့ ကိုယ်ကိုယ်တိုင်ဝဋ်လည်နေပြီ။ ဘော်ဒါတို့လည်း ကိုယ်အသက်ကို တွက်လို့ရအောင် အမွှာညီအစ်မပုံကို တင်ပေးလိုက်တယ်။


Read More...
Summary only...