ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့မှုများ နောက်ပိုင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဆက်လက် တက်မှုများ ရှိသလို ကျဆင်း သွားမှုများလည်း ဖြစ်ပေါ်လျှက်ရှိ
(မဇ္ဈိမသတင်း)
အင်တာနက် ပြန်လာပါပြီ၊ သို့သော် ပြတ်တောင်း ပြတ်တောင်း ပေါ်တလှည့် ပျောက်တလှည့် ဖြစ်ရခြင်းသည် ဆာဗာ ပျက်သွားခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ တယ်လီပို့ထ်ဌာနကဆို လတ်တလောတွင် အင်တာနက် ကဖေးများ၌ တနာရီကို ၅ဝဝ ကျပ်ဖြင့် သုံးစွဲနိုင်ပြီး၊ ည ၉ နာရီ နောက်ပိုင်း ကျပ်ငွေ ၃ဝဝ ဈေးလျှော့ချပေးမှုများ ဖြစ်ထွန်းနေ
(မဇ္ဈိမသတင်း)
နအဖ စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲ အသစ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကေအိုင်အို၏ လက်အောက်ခံ စစ်တပ် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ခြေလှမ်းပြင်နေ
(မဇ္ဈိမသတင်း)
မြန်မာနိုင်ငံအဝှမ်း ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် အဖမ်းခံထားရသည့် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၃ဝ ကျော်သွားပြီ ဖြစ် (တိုင်းစည်းရုံးရေး အဖွဲ့ဝင် ၆ ဦး၊ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ၂၅ ဦး) သူတို့အထဲတွင် အမျိုးသမီး ၅ ဦး ပါဝင်သည်ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းရပ်ကွက်က ပြောသည်။နောက်ဆုံး အဖမ်းခံရသူမှာ အန်အယ်ဒီ တိုင်းအတွင်းရေးမှူး ဦးကံထွန်း
(မဇ္ဈိမသတင်း)
စစ်အစိုးရ စစ်သားများက သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင် ဘုန်းကြီးကျောင်းကို တနင်္လာနေ့ညက စတုတ္ထအကြိမ် ၀င်ရောက် စီးနင်းရှာဖွေရာတွင် စစ်သားများက ကွန်ပျူတာ တလုံးနှင့် ငွေသား ကျပ် ငွေ ၃၆၀၀၀၀ ကို သိမ်းယူသွားသည်ဟု ၎င်း ကျောင်းတွင် တည်းခိုခဲ့သည့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်တဦးက ပြော
(ဧရာဝတီ)


ဖမ်းဆီးခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စစ်အစိုးရက အလုပ်သမား ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် အောင်ကြည်ကို ခန့်အပ်လိုက်ကြောင်း စစ်အစိုးရ ရုပ်သံနှင့် ရေဒီယိုက ယနေ့ည ကြေညာသည်။ ဗိုလ်ချုပ်အောင်ကြည်၏ တာဝန်ကို ညှိနှိုင်းဆက်သွယ်ရေးတာဝန်ခံ (Manager fro relations) ဟု သုံးနှုန်းထားသည်။
(ဟစ်တိုင်)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၇ရက်နေ့က နအဖစစ်တပ်မှ ပစ်သတ်လို့ သေဆုံးသွားခဲ့ရတဲ့ အေအက်ဖ်ပီ သတင်းထောက် နာဂါအိခန်းဂျိရဲ့ဈာပနကို ယမန်နေ့က မိနာမိ အအိုးယာမ မှာ တခမ်းတနားကျင်းပပြုလုပ်ခဲ့ပါတယ်၊ ဂျပန်ရှိ မြန်မာသံရုံးရုံးရှေ့မှာတော့ နေ့စဉ်ရက်ဆက် ဆန့်ကျင်ဆန္ဒပြနေကြသလို အဲဒီ ဆန္ဒပြတောင်းဆိုပွဲတွေကို ဂျပန် ဘုန်း တော်ကြီးများ၊ သီလရှင်များအပါအ၀င် ဂျပန်ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဆန္ဒပြလျက်ရှိပြီး မြန်မာသံရုံးကို ဂျပန်မြေကနေ ထွက်သွားဖို့ကိုလည်း တောင်းဆိုနေကြတယ်လို့လည်း သတင်းရရှိပါတယ်။
(ဟစ်တိုင်)

အောက်တိုဘာ (၁၂) ရက်မှစတင်ကာ (၃) ရက်တိတိ နေ့လည် (၁၂) နာရီအချိန်တွင် မြန်မာပြည်သူပြည်သားများအနေဖြင့် ၀မ်းနည်းခြင်းအထိမ်းအမှတ်ကို ပြသရန် မိမိတို့၏နေအိမ်များတွင် (၁၂) မိနစ်တိတိနေပေးကြပါရန် စာပေ၊ ဂီတအနုပညာရှင်များ၊ ၀န်ထမ်းများ၊ ကွန်ပျူတာ ပညာရှင်လူငယ်များနှင့် ကျောင်းသားလူငယ်များပါဝင်သည့် Generation Wave ခေါ် အကြမ်းမဖက်အမျိုးသားရေးလှုပ်ရှားမှု လူငယ် အင်အားစု (မြန်မာနိုင်ငံ) က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ရက်စက်စွာ ပစ်ခတ်ရိုက်နှက် ဖြိုခွင်းမှုကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်များ၊ စစ်ကြောရေးစခန်းများတွင် ရိုက်နှက်ညှင်းပမ်းမှုများကြောင့် သေဆုံးသွားကြရသူ များအတွက် ရည်စူး၍ မြန်မာပြည်သူပြည်သားများအနေဖြင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ရန် ပန်ကြားရခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိ
(ဟစ်တိုင်)
ယနေ့နံနက်က စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံပါသည့် မိုးပျံပူဖောင်းများကို သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူငယ်တစုက လွှတ်တင်ခဲ့ရာ လူအများအပြား အုံဖွဲ့ကြည့်ရှုခဲ့ကြ သည်။“(၈) နာရီ (၄၅) ငါးမိနစ်လောက်က စံပြဈေးရှေ့မှာ ဖြစ်သွားတာ၊ ထိပ်ပိုင်းမှာ လူသတ်ကောင် လို့ ရေးထားတယ်၊ သန်းရွှေဓါတ်ပုံပေါ်မှာ နာဇီတံဆိပ်စင်္ကြာပုံ ကပ်ထားတယ်၊ ထူးခြားတာက အနီးကလူတွေ ရှောင်မသွားပဲကို ၀ိုင်းအုံပြီး ကြည့်ခဲ့ကြတာ”ဟု မျက်မြင်သက်သေတဦးက ပြောသည်။ ပူဖောင်းနှစ်လုံးတွင် တပုံကျ ချိတ်ဆွဲကာ အလုံးပေါင်း ၁၂၀ ဖြင့် ပုံ ၆၀ အား ချိတ်ဆွဲလွှတ်တင် လိုက်သဖြင့် အာဏာပိုင်များ၏ လိုက်လံဖျက်ဆီး၍ မရနိုင်အောင် ပြုလုပ်ခဲ့ခြင်းမှာလည်း စိတ်ဝင် စားဖွယ်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
(ရိုးမ၃)
တရုတ်ဦးဆောင်၍ ကုလသမဂ္ဂတွင် မြန်မာ့အရေး ပျော့ပြောင်းညင်သာစေရန်ကြိုးပမ်း . . . တရုတ်နိုင်ငံက ဦးဆောင်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အနောက်နိုင်ငံများမှ ကမကထလုပ် အဆိုပြုထားသော မြန်မာစစ်အစိုးရ၏ ဖိနှိပ်နေမှုများကို အပြစ်ပေးအရေးယူရန် အဆိုပြုချက်ကို ယမန်နေ့က ၃ နာရီကြာ ကျင်းပခဲ့သည်။
(ရိုးမ၃)
တာမွေကျောင်းရှေ့တွင် ပြည်သူ ၇ ဦးခန့် သေဆုံးခဲ့. . . ပြီးခဲ့သည်လ (၂၇) ရက်နေ့က တာမွေ အ.ထ.က (၃) ရှေ့တွင် ဆန္ဒပြသူများအား စစ်တပ်မှ ပစ်ခတ်ဖြိုခွဲခဲ့ရာ ပြည်သူ ၇ ဦး သေဆုံးခဲ့သည်။ အဆိုပါကျောင်းရှေ့တွင် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာ သူတဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ “တပ်မ (၂၂) နဲ့ ရဲတွေက ပစ်တာ၊ ၇ ယောက်ကျော်လောက် သေမယ်၊ ဒဏ်ရာရတဲ့ လူတွေက တော့ အများကြီးပဲ၊ အရိုက်ခံရတဲ့လူတွေဆီက ငွေတွေ၊ လက်ဝတ်ရတနာတွေ၊ ဖုန်းတွေ အကုန်လုံးကို လုယူတာ”ဟု ဖမ်းဆီးခံရသူတဦးက ဆိုသည်။
(ရိုးမ၃)

တောင်ကုတ်မြို့တကိုယ်တော်ဆန္ဒပြသူမိသားစုနှင့်တွေ့ခွင့်မရ. . . ကိုစိုးဝင်းသည် ဆားစင်ကျေးရွာဇာတိဖြစ်ပြီး ပခုက္ကူသံဃာတော်များအား စစ်အစိုးရစစ်တပ်မှ အကြမ်းဖက် ရိုက်နှက်ခဲ့သဖြင့် နိုင်ငံအနှံ့ သဃာများမကျေမနပ်ဖြစ်နေချိန် ဗိုလ်ချူပ်မှူးကြီး သန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ရန် တကိုယ်တော်ဆန္ဒပြခဲ့သူဖြစ်သည်
(ရိုးမ၃)
Read More...
Summary only...
ဗိုလ်မှူးဌေးဝင်း

ကျဆုံးလေပြီးသောရဟန်းရှင်၊လူအာဇာနည်အပေါင်းတို့အားလေးစားစွာဦးညွှတ်ဂုဏ်ပြုပါသည်။
ထိုကဲ့သို့ပင်ပြည်သူ့တပ်မတော်သားစစ်စစ်ဗိုလ်မှူးဌေးဝင်းအားလည်းလေးစားစွာဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
မကြာမီလာမည်။ မျှော် .....

အခေါင်းလုပ်မနေပါနဲ့တော့။ ဖျာလိပ်နဲ့သာချလိုက်ပါတော့လား။
(၁) (တစ်ယောက်ကတော့ပြောသွားတယ်။ ခွေးကျွေးလိုက်တဲ့။ မကျွေးရက်ပါဘူးဗျာ။ ခွေးပါပျက်စီးသွားလိမ့်မယ်ထင်တယ်)
ဒုတိယတစ်ယောက်ထပ်ပြောပါတယ် ဒီလိုပါတဲ့ ....... ခင်ဗျာ .....
(၂) (ကိုလျှာရည် ... ရေးထားတာတွေက တော်တော်လေးကို ထိရောက်အောင်ရည်ရွယ်ထားတဲ့ သဘောရှိတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တစ်ခုပြောချင်တာ .. အကုန်လုံးကို သိမ်းကြုံးပြီးမပြောပါနဲ့။ ကိုယ့်တစ်ယောက်ရဲ့ယုံကြည်ချက်ကို အများလက်ခံလာအောင် တပါးသူကိုမတိုက်ခိုက်ပါနဲ့ဗျာ။ ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ခင်ဗျားတို့အဲလိုရေးတာများလာရင် အာမီ(ဂရုပ်)နဲ့ မြန်မာနဲ့ ကွဲပြီး၊ အကုန်အချင်းချင်းပြန်သတ်ကုန်လိမ့်မယ်ဗျာ။ အခုလိုအချိန်မှာ .. စည်းရုံးပါ။ လူငယ်အများစုက အဖြစ်မှန်ကိုသဘောပေါက်ပြီး သားလူတွေပါဗျာ။ ဖြစ်စေချင်တာလေးပါဗျာ။ ..... )
Read More...
Summary only...

အမှန်တရားမြတ်နိုးသူတိုင်း မိမိတို့ရဲ့ ရင်ထဲက အမှန်တရားဆီမီးတိုင်ကို နိုင်ငံအနှံ့ အလင်းလက်ဆုံးဖြစ်အောင် ထွန်းညှိသွားကြဖို့ကို (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဌေးကြွယ်က အခုလို ရဲရဲတောက်မိန့်ခွန်းခြွေခဲ့ပါတယ်…
တန်ခိုးကြီးဘုရားများ၊ ဗလီများ၊ ဘုရားကျောင်းများ အားလုံးမှာ ၀တ်ပြုဆုတောင်းမှုတွေကို ကျွန်တော်တို့ ပြုလုပ်ကြပါမယ်. ဖယောင်းတိုင်တွေကို ထွန်းညှိပြီးတော့ ဆုတောင်းကြမှာ ဖြစ်ပါတယ်.
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယူနီဖောင်းဝတ်ပြီးတော့ ဘယ်လိုရာဇ၀တ်မှုမျိုးကိုမဆို ကျူးလွန်လို့ရတယ်ဆိုတဲ့ စနစ်၊ မုဒိန်းမှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ လုယက်မှုတွေ ကြိုက်တဲ့ရာဇ၀တ်မှု မှန်သမျှကို ကျူးလွန်လို့ရတယ်ဆိုတဲ့ စနစ်ကို ကျွန်တော်တို့ လက်မခံတော့ဘူး။
နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြည်သူတွေ ခံစားခဲ့ရတဲ့ဒုက္ခတွေ၊ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက်မှာ ပြည်သူတွေရဲ့ မျက်ရည်တွေ၊ ငိုရှိုက်သံတွေနဲ့ နာကြည်းတောက်ခေါက်သံတွေ၊ သံဃာတွေရဲ့သွေးတွေ အားလုံးအတွက်ကို ကျွန်တော်တို့ တုံ့ပြန်ကြရပါတော့မယ်။
အဲဒီ့ကြေကွဲမှုကို ကျွန်တော်တို့ ယုံကြည်မှုနဲ့ တုံ့ပြန်ပါမယ်။
မြန်မာနိုင်ငံရဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ ယုံကြည်မှုနဲ့ တုံ့ပြန်ပါမယ်.
(ကိုဌေးကြွယ်)
Read More...
Summary only...
ဲပြည်သူအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင် နေသူများ အားလုံးကို လေးစားဂုဏ်ပြုပါတယ်
၈.၈.၈၈ အထိမ်းအမှတ်တုံးက ကဗျာဆရာတစ်ဦးရွတ်ဆိုသောကဗျာ
အိမ်ရှေ့ကလမ်း
လမင်းကြီးလို့ပဲ
အိမ်ရှေ့ကလမ်းကို သာစေချင်တယ်
ဒီလမ်းကို ငါမပိုင်ဘူး
ဒီလမ်းကို မဖြတ်ဘဲလည်း
ငါ့အိမ်ကို မရောက်နိုင်ဘူး
ငါ့စိတ်သန်ရှင်းဖို့ ဒီလမ်းကို
လှည်းရ ကျင်းရပေအုံးမယ်။
* * * * *
လူတွေ….. လူတွေ…..
လူတွေ….. လူတွေ…..
အားလုံးကတော့ လိမ်နေလိမ်နေ
လိမ်နေလိမ်နေကြတာပါပဲ
မင်းလည်းလူလိမ် ငါလည်းလူလိမ်
ဒီလိုပါပဲ…..
လူလိမ်ကောင်လေးရဲ့ မင်းတယောက်ထဲကိုပဲ
ချစ်ပါတယ်ဆိုတဲ့ စကားကို
လူလိမ်ကောင်မလေးကလည်း သိပ်ချစ်ပါတယ်တဲ့
တယ်လည်းဟုတ်နေကြပါလား။
* * * * *
Biggest
အရွယ်မတူ ရင့်ကျက်မှု
ငယ်စဉ်အရွယ် ကျောင်းနေစတွင်
အမေကျောင်းလိုက်ပို့ပြီး ပြန်သွားခဲ့လို့
ငိုခဲ့ရသေး
တဖြည်းဖြည်းနဲ့ ……
သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ရလို့
အမေကိုလည်း သတိမရအားတော့ပါ
ဒီလို့နဲ့ပဲ…..
University စတက်ချိန်မှာတော့
ဘတ်ငွေ၊ တွမ်ငွေ၊ လိမ်ငွေတွေနဲ့
ရည်းစားတွေက များလှသောကြောင့်
အမေလိုက်မှာစိုးရိမ်မိတယ်။
* * * * *
Biggest
လွတ်လပ်မှု . . .
မင်းလိုချင်တဲ့ လွတ်လပ်မှုက ဘာလဲ . . . ?
ငါလိုချင်တဲ့ လွတ်လပ်မှုကရော ဘာလဲ . . . ?
မင်းတို့ ငါတို့ တွေးမိရဲ့လား . . . ?
လွတ်လပ်တယ်ဆိုတာကရော တကယ်လွတ်လပ်ရဲ့လား . . . ?
လွတ်လပ်မှုဆိုတာနီးနီးလေးရှိပါလျှက် ဘာလို့မရသေးတာလဲ . . . ?
* * * * *
Biggest
လွတ်မြောက်မှုအရသာ
ငါတို့လွတ်မြောက်အောင် ကြိုးစားနေတယ်
ဒါပေမဲ့ မလွတ်မြောက်သေးဘူး
လွတ်မြောက်သူလူတစ်စုက တော်လို့လား
မဖြစ်နိုင်ဘူး
အဖြေတော့ထွက်ခဲ့ပြီ
ငါတို့စိတ်ထဲ ထက်သန်တဲ့အစွဲက
လွတ်မြောက်မှုဘက်ကို မထက်သန်သေးလို့ပါ
ဒါပေမဲ့ ငါယုံကြည်ပါတယ်
တချိန်ချိန် လွတ်မြောက်မှုအရသာ
ခံစားရဖို့ ငါတို့ကိုထက်သန်တဲ့အစွဲက
ကူညီပါလိမ်မယ်။
* * * * *
Biggest
မကျက်သေးသောအနာ
74 မှာအနာစလို့
88 မှာသွေးမြေကျခဲ့
96 မှာရောင်ကိုင်းခဲ့ပြီး
2003 မှာအနာရင်း၍
ယခု၌လည်း အနာမကျက်
ငါ၏အနာ ဘယ်တော့ပျောက်အံ့။
* * * * *
Biggest
လမ်းလျှောက်သူများသို့
ကျမ်းမာရေးအတွက်
စောစောထလို့လမ်းလျှောက်ရာက
ငွေရေးကြေးရေး
လောင်စာဆီကြောင့် လမ်းလျှောက်ခဲ့ရ
တို့ပြည်သူများ ဘဝမှာကား
ဆိုးရွားလွန်းလှ သုံညအောက်သို့ရောက်ရှိခဲ့၍
ဆူးခင်းကြမ်းကို လျှောက်လှမ်းရင်းနဲ့
ပေးဆပ်ခဲ့ရ သွေးမြေကျမှုဏနှင့်
ဘယ်အရာက တူညီသော
ထိုက်တန်မှုမျိုးဖြစ်အံပါနည်း။
* * * * *
Biggest
ဖြူနေကြည်မင်းယုသို့ . . .
ညီမငယ်အရွယ်သိပ်ငယ်သေးတော့
ဒီအချိန်မှာတော့ သိမှာမဟုတ်
ရဲရဲတောက်ဇာနည် မိနှင့်ဘရဲ့
သွေးတွေနဲ့မို့
ဖြစ်ရကြိုးနပ် ပွဲလယ်တင့်၍
နောင်တချိန် ဒီမိုကရစီရောင်ခြည်အောက်မှာ
မိဘအမွေ ကောင်းစွာဆက်ခံ
နာယူနိုင်ပါစေလို့
လက်နဲ့မရေး
နှလုံးသားနှင့်ရေး၍
ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။
* * * * *
Biggest
ငါ့ရည်းစား
ငါ့ရည်းစားက . . .
လူပုစိတ်တို
ရန်ဖြစ်ရတာ
ခဏခဏ။ျ
ငါ့ရည်းစားက . . .
ဆံပင်အရှည်
ကြိုက်တယ်ဆိုလို့
ငါ့မှာတော့ဖြင့်
ထားလိုက်ရတာ
ဒူးခေါင်းကျော်ပဲ
သူကတော့ဖြင့်
မပြောချင်ဘူး
ဂတုံးကြီးနဲ့။
ငါ့ရည်းစားက . . .
စာကြိုးစား၍
အခြားစုံတွဲ
တွေလိုမျိုးတော့
မနေရပါ
နှစ်ယောက်တွေရာ
နေရာလေးက
စာသင်ခန်းပေါ့
နှစ်ယောက်တွေရာ
အချိန်လေးက
စာသင်ချိန်ပေါ့ . . .
နားရက်လေးများ
မချိန်းလိုက်နဲ့
တပိဿလောက်
စာအုပ်ကြီးနဲ့
ရောက်ရောက်လာတယ် . . .
ငါ့မှာတော့လေ
ဒီရည်းစားကို
ဖြတ်ချင်သော်လည်း . . .
သူကပြော၏
“မင်းတယောက်သာ
ဒီကမ္ဘာမှာ
မောင်အချစ်ဆုံး
ပါရယ်တဲ့လေ” . . .
အဲဒီအပြော
တွေရယ်ကြောင့်ပဲ
မေဘဝနဲ့
မေကံရယ်သာ
ရှိပါစေတော့။
Biggest
Read More...
Summary only...