Monday, November 19, 2007

တခါတရံ(သို့)အမြဲတမ်း ကြည့်မရံကြည့်မရတဲ့သူများ

biggest တစ်ယောက် ကြည်လို့မရတဲ့ သူသိပ်များတယ်။ တခါတရံ ကိုယ့်ကိုကိုယ်တောင် ကြည့်မရလို မှန်တောင်မကြည့်ဘူး။ မနာလိုတာလား ကြည့်မရတာလား ကိုယ့်ကိုကိုယ်တောင် မသိတော့ဘူး။

► ရုပ်ချောတဲ့သူတွေကို ကြည့်မရဘူး။ ( ရည်စားများလို )
► ရုပ်ဆိုးပေမဲ့ စန်းပွင့်တဲ့လူတွေကို ကြည့်မရဘူး။ ( ရုပ်ဆိုးတာခြင်းအတူတူ သူတို့ကစန်းတခုပိုနေတယ် )
► အရပ်ရှည်တဲ့လူတွေကို ကြည့်မရဘူး။ ( သူတို့နဲ့ ယှဉ်လျှောက်ရင် ဂျပုလို့ အမြဲအပြောခံရလို့ )
► အဖေ အမေတောင် သိပ်ကြည့်ရတာမဟုတ်ဘူး။ ( ပွစိပွစိ ပြောလွန်းလို့ )
► post များများရေးတဲ့ blogger တွေကိုလည်း ကြည့်မရဘူး။ ( သူတို့ကိုအားကျလို့ လိုက်ရေးတာ ကံကောင်းလို့ အလုပ်မပြုတ်တယ် )
► template လှလှလေးတွေ လုပ်ထားတဲ့ blogger တွေကိုလည်း ကြည့်မရဘူး။ ( သူတို့လို့ လိုက်ပြောင်းတာ ကိုယ့်က မတောက်တခေါက်နဲ့ ဆိုတော့ ဖြစ်ချင်တိုင်းကိုဖြစ်နေတာ )
► ကိုယ်ကိုလာကြည့်တဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( ရုပ်ချောလို့ကြည့်တာ မဟုတ်မှန်း ကိုယ်ကိုကိုယ့်သိတယ် )
► ရုံးကလူကြီးတွေကိုလည်း ကြည့်မရဘူး။ ( မပြောရဲလို့သာ ဟီးဟီး )
► အိမ်နားက ခွေးလည်း ကြည့်မရဘူး။ ( သူများဆို့ မဟောင်ဘူး အနော်လာပြီဆို ဟောင်ပြီ နှုတ်ဆက်တာလား ကြည့်မရတာလားမသိဘူး )
► အိမ်မှာနေတဲ့ ကြောင်ကိုလည်း ကြည့်မရဘူး။ ( တညောင်ညောင်နဲ့ စားပြီးလည်းအော် မစားရသေးလည်းအော်နေတာ )
► စကားချိုချို ပြောတဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( အဲ့ဒီလူက အဆိုးဆုံးဘဲ ပညာသားပါပါနဲ့ ခိုင်းတာခံရ အခက်ဆုံးဘဲ )
► စကားပြော ကြမ်းတဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( နားဖြတ်ပစ်ချင်လောက်အောင်ကို အပြောကြမ်းတာ )
► ရေသာခိုတဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( သူတို့က ရေသာခိုနေတော့ ကိုယ်ကနှစ်ဆ ပင်ပန်းတာပေါ့ )
► ဟန်ဆောင်တဲ့ လူတွေကိုလည်း ကြည့်မရဘူး။ ( ညာပြီးဟန်လုပ်နေလို့ ပဲများလွန်းလို့ )
► သူများပစ္စည်းခိုးတဲ့လူတွေကိုလည်း ကြည့်မရဘူး။ ( သူတို့ကိုယ်ချင်းစာအောင်သူတို့ပစ္စည်းကိုပြန်ခိုးချင်စိတ်ပေါက်ပေါက်လာလို့ )

2 comments:

Chaos said...

အင်းနော်
biggest ကိုလဲကြည့်လို့မရဘူး
ပိုစ့်လေးကို ချစ်စရာကောင်းအောင်ရေးထားလို့
ဟတ်ဟတ်

နိုင်းနိုင်းစနေ said...

ဖြစ်ရမယ် ညည်းကတော့လေ..
အေ့... တွေးပဲ တွေးတတ်တယ်..း)