*ဧပြီလ(၁၀)ရက်နေ့တွင်ထိုင်းနိုင်ငံတောင်ပိုင်း၌သေဆုံးသွားခဲ့သော မြန်မာရွှေပြောင်းအလုပ်သမား ၅၄ ဦးသို့ *
ဘာနဲ့ပြန်ပေးဆပ်မှာလဲ ???
အမေ့ဆေးဖိုးအတွက်
အလုပ်သွားလုပ်နေတဲ့
သမီးငယ်လေးရဲ့ စကားသံချို ...
အမေ့ကို
တင့်တောင်းတင့်တယ်ထားချင်တဲ့
သားငယ်လေးရဲ့ရုပ်ရည် ...
ညီငယ်လေးကျောင်းနေနိုင်အောင်
ကြိုးစားနေတဲ့
အစ်ကိုကြီးရဲ့သတ္တိ ...
မောင်ငယ်လေးကို
ကျောင်းထားပေးချင်တဲ့
အစ်မကြီးရဲ့ဟန် ...
တီတီတာတာသမီးငယ်လေးအတွက်
အဝေးကြီးမှာမုန့်တွေအများကြီးသွားဝယ်အုံးမယ်ဆိုတဲ့
မျက်ရည်တွေကြားကအမေ့ဆိုနင့်သောအသံ ...
………………………………………………..
……………………………………………….
………………………………………………..
နာတာရှည်ရောဂါနဲ့
သမီးရဲ့အသံကိုကြားယောင်နေသော
အမေ့နှလုံးသား !!!
ဆန်ပြုတ်သောက်ရင်း
သားငယ်ရဲ့ရုပ်ရည်ကိုမြင်ယောင်နေသော
အမေ့မျက်ဝန်း !!!
ကျောင်းစာသင်ခန်းမှ
အစ်ကိုကြီးရဲ့အရိပ်ကိုရှာနေသော
ညီငယ်လေး !!!
ကျောင်းဖွင့်ချိန်တိုင်း
အစ်မကြီးပြန်လာစေကြောင်းဆုတောင်းနေတဲ့
မောင်ငယ်လေး !!!
မေမေမုန့်တပွေ့တပိုက်နဲ့
ပြန်လာချိန်ကိုမျှော်နေတဲ့
တီတီတာတာသမီးငယ်လေး !!!
အခုတော့ ဒါတွေ ဒါတွေ
ဘာတွေနဲ့ပြန်ပေးဆပ်မှာလဲ ???
………………………………………………..
………………………………………………..
………………………………………………..
သားကိုမျှော်နေတဲ့ အမေ
သမီးကိုစောင့်နေတဲ့ အမေ
အစ်ကိုကြီးကိုတွေ့ချင်နေတဲ့ ညီငယ်
အစ်မကြီကိုပြန်လာစေချင်နေတဲ့ မောင်ငယ်
အမေနို့စာနေတဲ့ တီတီတာတာသမီးငယ်
သူတို့လိုချင်ကြတာက ငွေလား ???
Thursday, April 10, 2008
Tuesday, April 8, 2008
အဆုံးမရှိ ညီလာခံ အပိုင်း(၃)
ထိုအချိန်မှာ ကြောင်စီစီဖြစ်နေသော သူကြီးကတော်ဒေါ်ကြောင်ကြောင်ခမျာ မှီရာလှမ်းဆွဲ အဲအဲ မှားလို့ လက်လှမ်းမှီသမျှ အတွင်း၊ အပြင် ရှိသမျှပိုင်ရာဆိုင်ရာများအားလုံးကို တိုင်တည်အဓိဋ္ဌာန်ပြု သမီပေးမှု အဲအဲ မှားလို့ ပူဇော်ပသမှုကို ပုန်းခိုရာကြွက်ကျွင်း အဲအဲ မှားလို့ ဂလုတ်ကျွင်းမှာနေ၍ သူကြီးကတော် ဆက်ဖြစ်စေရန်အတွက် ဗေဒင်ဆရာများ၏ မသေ၊မကျ လိမ်တာ အဲအဲ မှားလို့ ယတြာ(တန်းလန်းပေါ့)များ၊ ဓါတ်ရိုက် ဓါတ်ဆင်များ(ဓါတ်သွားပြီးသေပါစေတော်)ကို ပြုလုပ်နေပါသည်။ သူကြီး ကြာကြာစံရအောင်ဆိုပြီး ကြာဇံအစိမ်းလိုက်ဝါးစားခြင်း(ပေါက်သွားအောင် ပေါက်ပေါက်လေးပါထည့်စားပါလား)၊ မပြောင်းရအောင်ဆိုပြီး ပြောင်းဖူးများ အစိမ်းလိုက်ဝါးစားခြင်း(အုန်းခနဲပြုတ်ကျအောင် အုန်းသီးပါစားပါလား)၊ အမြဲတမ်းတည်နေအောင် တယ်သီးပင်စိုက်ခြင်း(မာလကီးယားသွားအောင် မာလကာပင်လေးပါစိုက်ပါလား)၊ ဖိန်းဖိန်းတောက်ဖြစ်စေရန် စိန်ပန်းပင်များခင်းအိပ်ခြင်း(ပိန်းပေါက်သွားအောင် ပိန်းပင်ပါခင်းအိပ်ပါလား) ထိုကဲ့သို့ မျိုးစုံလှသောယတြာများအပြင်၊ အဆက်မပြတ်စေရန် အဆက်ဟောင်းကိုပြန်ပေါင်းခြင်း(ဓါတ်ဆင်တာလား အကွက်ဆင်တာလား)၊ လူမင်းကတော်ဖြစ်စေရန် လူမင်းနှင့်လက်ထက်ခြင်း(ဓါတ်ရိုက်တာလား လူရိုက်တာလား)၊ ကိုးနဝင်းကြေစေရန် ကိုးလပိုင်း ကိုးရက်နေ့ ကိုးနာရီတွင် ကုက္ကိုလ်ပင်ရွာမှ ကိုဦးဆိုသောသူ၏ ကုတ်မဲ့နေရာကို ကွက်၍ ကောင်းကောင်း ကုန်းကိုက်ခြင်း(ဓါတ်ပေါက်တာလား စိတ်ဖောက်တာလား)၊ ထိုကဲ့သိုသော ဓါတ်တွေ အပြင် ဟန်ဆောင်အလှူအတန်းပြုလုပ်ခြင်း၊ ပြုလုပ်ပြီးပါက လှူဖွယ်ပစ္စည်းများကို အတည် ပြန်သိမ်းခြင်း၊ ထိုကဲ့သို့ အမျိုးမျိုးသော ပေါက်ကရ အဲအဲ မှားလို့ ပြုဖွယ်ကိစ္စများကို ပြီးမြောက်အောင် နေ့မအား ညမအား မသေမချင်း အဲအဲ မှားလို့ မနားမနေ ဟိုကုတ် ဒီကုတ် အဲအဲ မှားလို့ အပတ်တကုတ် ကြိုးစားနေပါသည်။ပုန်းခိုရာသချိုင်္င်းမှ အဲအဲ မှားလို့ နေရာမှအခြေနေများကို စောင်ကြည့်(တိုင်နှင့်) လျှက်ရှိပြီး၊ လက်မြန်တော် ခြေမြန်တော်များကို သူကြီး အခြေအနေ ကောင်းမကောင်း သေမသေကို လောင်းလျှက် အဲအဲ မှားလို့ နာရီမပျက် သတင်းပို့စေလျှက်ရှိပါသည်။
ဆက်လက်ဖော်ပြပါမည်။
Posted by
biggest
| Permalink
|
| 0
comments
Labels: အဆုံးမရှိညီလာခံ
ပိုစ့်မတင်ဖြစ်တဲ့ အတွက် စီဗောက်ကနေတစ်မျိုး၊ ဂျီတော့ကနေတစ်မျိုး၊ လူကိုယ်တိုင်တစ်မျိုး လာအော်နေကြတဲ့ သူငယ်ချင်းများကို တောင်းပန်အပ်ပါသည်။
ကွန်ပျုတာကို share ကိုင်နေရတာက တစ်ကြောင်း--------
အပျင်းထူနေတာက တစ်ကြောင်း--------
စက်ကစုတ်နေတာက တစ်ကြောင်း--------
ကွန်နက်ရှင်မကောင်းတာက တစ်ကြောင်း--------
အလုပ်များနေသလိုဖြစ်နေတာက တစ်ကြောင်း--------
ရာသီဥတုပူတာက တစ်ကြောင်း--------
--------
--------
လာလည်သော သူငယ်ချင်းများ၊ လာမလည်သော သူငယ်ချင်းများ အားလုံး နှစ်ကူးမှာ အချစ်ထူးပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Posted by
biggest
| Permalink
|
| 0
comments
Labels: တောင်းပန်စာ
Friday, February 29, 2008
ထိုနောက် သူကြီး၏ပြေးတော်ဘက် အားလုံးပြန်လည် ရောက်ရှိသော အချိန်ကျမှ သူကြီးဦးရွှေခမျာ လုံခြုံမှု အသင့်အတင့် ရှိသွားဟန်ဖြင့် အတွင်းလူအပြင်မထွက်၊ အတွင်းမဝင်ချင်သောအပြင်လူ အပြင်မှာနေ(သူနဲ့ဝေးလေကောင်းလေ) စေပြီး သူ့သက်တမ်း တိုးမြင့်ရန်အတွက် ခြံဝန်းတံခါးပိတ် ညီလာခံကို စတင်ဖွင့်လှစ်ပါတော့သည်။ ထိုနောက် ဘာမှမသိ လူကြီးမင်းများက အဲအဲ မှားလို့ သဘာပတိကြီးများဖြစ်ကြသော သူကြီး၏ ခြံစောင့် အဲအဲ မှားလို့ သက်တော်စောင့်များက ဦးစွာပထမ နှုတ်ခွန်းဆက် မိန့်ခွန်း အာ ပြီးတော့ သူကြီးပြောခို်င်းသော အကြောင်းအရာများကို ပဝါမကူရေမရှုအောင် ပြောကြားသွားပြီး မနက်ပိုင်း အစီအစဉ် ပြီးဆုံးကြောင်းပါ တခါတည်းကြေငြာ သွားပါသည်။ ထိုနောက် အညောင်းပြေ အညာပြေ ဟိုနား ဒီနား မတ်တက်ရပ်စေပြီး (အစောကြီးကတည်းကလည်း မတ်တက်ဘဲ ရပ်နေရတဲ့ဥစ္စာ) ရေရောထားသော ရေသန့်များကို တစ်ယောက်ကို တစ်ငုံ အဲအဲ မှားလို့ တစ်ခွက်အလှည့်ကျ (ပိုသောက်၍မရ) ဖြင့် မသောက်မနေရ သောက်ကြရပါသည်။ အင်မတန်မှ အိပ်လို့ကောင်းသော နေခင်းပိုင်း အချိန်ကြမှ မျက်လုံးမှိတ် ခေါင်းညိမ့် ထောက်ခံနိုင်ရန်ဆိုသော အကြံဖြင့် မြူဆွယ် မှုကြီးကို စတင်ပါတော့သည်။ သူကြီးက သူကိုထောက်ခံပါက သူအဓ္ဓမ သိမ်းယူထားသောဆိုင်ရာပိုင်ရာများမှ နွားမ တစ်ကောင်စီ ပေးမည်ဖြစ်ပြီး၊ မထောက်ခံပါက ရှိသမျှ(ခွေးမ ပါမကျန်) အကုန်သိမ်းမည်ဟု ရာဇာသံပေးလိုက်သည်။ ကဲ ကဲ စဉ်းစားချိန် ၁၅ မိနစ်ပေးလိုက်သည်။ ထိုနောက် ဟိုနားတစ်စု ဒီနားတစ်စုနှင့် ခေါင်းခြင်းရိုက်(ကွဲမတက်) တိုင်ပင်နေကြသည်။ ထိုအချိန်တွင် သူကြီး၏ဘက်တော်သား ပါးကွက်ကြားများနှင့့်် နေရာတစ်ကာစပ်စပ်စုစုပါတက်သော ရွာသားများ၏ ချဉ်ဘတ်အသေးစားလေးများက ဟိုထောက် ဒီထောက် ဟိုနားကပ် ဒီနားကပ် ဟိုချောင်း ဒီချောင်း လုပ်နေရပါတော့တယ်။ မထောက်ခံသူများကို သူကြီးဆီ အစီရင်ခံ ပြီးရင် လုပ်ချင်သလိုလုပ် အဲအဲ မှားလို့ အထက်ကအမိန့်အရဟု (ကောင်းကင်လား၊ ခေါင်းမိုးလား) ညင်သာစွာ (အသက် ထွက်မတက်) ထိပ်တုံးခတ်ခြင်း၊ ရှိစုမဲ့စု ပါသမျှပစ္စည်း များကိုအမိန့်အရဟုဆိုကာ စာတွေ့မဟုတ်၊ လက်တွေ့ သိမ်းခြင်းများကို ပြုလုပ်နေကြပါတော့သည်။
ဆက်လက်ဖော်ပြပါမည်။
Posted by
biggest
| Permalink
|
| 0
comments
Labels: အဆုံးမရှိ ညီလာခံ
Tuesday, February 26, 2008
အဆုံးမရှိညီလာခံ အပိုင်း(၁)
သရဲကုန်းရွာမှာ သူကြီးဦးရွှေက အဆုံးမရှိသော ညီလာခံသို့ တက်ရောက်ရန် ရွာသူ ရွာသားများကို ခေါင်းခေါက် အဲ မှားလို့ မောင်းခေါက်ပြီး တစ်အိမ်တစ်ယောက်မဟုတ်ဘဲ ရှိသမျှလူအကုန် ညီလာခံမြေကွက်ကို မလာမနေရ လိုက်လံ၍ ဆော်အော်နေပါသည်။ ရွာထဲက လူတွေကလည်း ကြောက်တော့ စိတ်မပါဘဲ သွားရတာပေါ့။ သူကြီးရဲ့ အိမ်ရှေ့ညီလာခံကွက်လပ်အပြည့်ဘဲ။ သူကြီးရဲ့ လက်ပါးစေ အာဏာပါးကွက်ကြားတွေကလဲ နေရာအပြည့်ဘဲ။ ကဲညီလာခံကြီးစတော့မယ် ကိုယ်နေရာမှာကိုရပ် ပါးကွက်ကြားတွေကလည်း ဟိုတစ်ယောက် ဒီတစ်ယောက်နဲ့ပေါ့။ ထူးခြားမှုကို အတင်းပို့ဖို အဲအဲ မှားလို့ သတင်းပို့ဖို့ ဝေါ်ကီတော်ကီ နံပါတ်ဒုတ်တွေနဲ့ ရယ်ဒီလုပ်ထားကြတာပေါ့။ တချိုကလည်း မသိမသာ သူလျှို ကိုက်အပြည့်နဲ့လျှိုဝှက်လှမ်းထောက်ပို့ဖို့ အဆင်သင့် အနေအထားမျိုးတွေနဲ့ပေါ့။ ဟော့ အိမ်အပေါ်ထက်ကနေ ရှေ့တော်ပြေး၊ နောက်တော်ပြေး၊ ညာတော်ပြေး၊ ဘယ်တော်ပြေး ပြေးမဲ့လူများစွာ ခြံရံလျှက် သေမင်းဆီသွားသော ခြေလှမ်းမျိုးဖြင့် ကျက်သရေကင်းမဲ့ ကြည်ညိုစရာကင်းမဲ့လှသော ရုပ်ရည်ရူပကာနှင့် ဆင်းလာသူကတော့ တိုများရဲ့ ပြည်သူချဉ်ဘတ် သရဲကုန်းရွာရဲ့ ခေါင်းဆောင် သရဲကြီး အဲမှားလို့ ရွာသူကြီး ဦးရွှေက သူရဲ့သက်တမ်းကို တိုးချဲ့ရန်အတွက် ပြည်သူတွေစီက မေတ္တာဂဲမိုး အဲ အဲမှားလို့ တရားနည်းလမ်းတကျ အတင်းအဓမ္မထောက်ခံခိုင်းရန် ညီလာခံခေါ်တယ်ဆိုတာ ခွေးကအစသိပြီးသားတွေပါ။ ထိုနောက် နူနေသောလက်ဖြင့် အဲအဲ မှားလို့ တုန်ယင်နေသော လက်ဖြင့် မိုက်ခွက်ကိုကိုင်ပြီး ဟဲလို ဟဲလို ...သွားပြီနော် သွားပြီနော် အဲအဲ မှားလို့ တက်ကစီ တက်ကစီ ကတုန်ကယင် မသာမယာအသံလေး အသံညောင်နဲ့ ပြောတာကတော့ ခွေးချီရင်တောင် မှတ်မိနေတဲ့ရုပ်ရည် မျိုးပိုင်ဆိုင်သူ တို့များရဲ့ ခေါင်းချောင် မင်းသားကြီး သူကြီးဦးရွှေဆိုတာ ဗေဒင်ဟောစရာမလို ပြေးကြည့်စရာမလို သွေးထွက်အောင်မှန်ပါကောလား။ သူကြီးက ဘာစကားမှစမပြောခင် ရွာသူရွာသားများရဲ့ ရူံမဲ့နေတဲ့ မျက်နှာများကို အကဲခတ်နေပါတယ်။ ဘယ်သူကပိုရူံမဲ့လဲလို့ပေါ့။ တွေရင် သူရဲ့ မသိမသာ ဟိုလျှို ဒီလျှိုကောင်ကို လှမ်းအချက်ပြနိုင်အောင်လို့ပေါ့။ ထိုနောက်သူကြီးရဲ့ နောက်တော်ပြေးတစ်ယောက်က အနောက်ကို ပြေးသွားပြီး အရက်သွားခိုးသောက် အအဲမှားလို့ စိတ်မပါဘဲ လာသော ရွာသူရွာသားများကို ရေအဝတိုက်ဖို့ စီစဉ်နေတဲ့ အဖွဲ့ကိုသွားပြီး မှာထားတဲ့ ရေသန့် မလောက်တဲ့အတွက် ရေသန့်ကိုရေနှင့်ရောရန် သူကြီး၏ အမိန့်ညွှန်ကြားချက်ကို သွားပြောနေရပါသည်။ ထိုနောက်နောက်တော်ပြေး ပြန်လာသောအခါ ဘယ်တော်ပြေးကသွားရပြီး သူကြီး၏ အသည်းကြော် သူကြီးကတော် ဒေါ်ကြောင်ကြောင်နှင့် သမီးကြောင် မြေးကြောင် အပေါင်းကို ကြိုတင်ကာကွယ်မှုပြုတဲ့ အနေနဲ့ လုံခြုံသော အန္တရာယ်မဖြစ်နိုင်သော အခြားတရွာဖြစ်သော ငရဲရွာသို့ ချက်ချင်းပြောင်းရွှေ့ရန် သူကြီး၏ အောက်စလွတ် အဲအဲမှားလို့ တချက်လွတ် ကြိုးအမိန့်ကို အဲအဲမှားလို့ ကြေးနန်းစာကို မဆိုင်းမတွ အပြေးချက်ချင်း သွားရောက်၍ ပြောကြားရပါသည်။ လူတစ်ယောက်လျှော့သွားတဲ့ အတွက် ကျန်သက်တော်ပြေး များမှာ သူကြီးနားတွင် အထူးဂရုစိုက်တောင်ကြည့် မြောက်ကြည့် ချောင်းရိုက်သူရှိက အသာအယာ ရှောင်ပေးရန် အဲအဲမှားလို့ အပြင်းအထန် တုံပြန်ရန် အသင့်အနေအထား ရှိနေကြပါသည်။
ဆက်လက်ဖော်ပြပါမည်။
Posted by
biggest
| Permalink
|
| 1 comment
Labels: အဆုံးမရှိ ညီလာခံ
Tuesday, February 19, 2008
Friday, February 15, 2008
ငါမဟုတ်ဘူး ငါတို့
ငါတို့ဘာလုပ်ကြမလဲ ?
ငါတို့အခုဘာလုပ်နေကြလဲ ?
ငါတို့ရှေ့ဘာဆက်လုပ်ကြမလဲ ?
ငါတို့ရဲ့ရည်မှန်းချက်ကဘာလဲ ?
ငါတို့ရဲ့အဓိကရန်သူကဘယ်သူလဲ ?
ငါတို့ဘာတွေလုပ်နေလဲ ?
ငါတို့ရဲ့အနာဂတ်ဆိုတာကို ဘယ်တော့ရောက်မှာလဲ ?
ငါတို့ရဲ့ဦးတည်ချက်ကိုဘယ်တော့ရောက်မှာလဲ ?
ငါတို့မျိုးဆက်သစ်တွေကိုပေးဖို့ ဘယ်မှာလဲရောင်ခြည် ?
မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ
အနှစ် ၂၀ ရှိပြီ ဆိုတာသိကြလား
မြန်မာပြည်လူဦးရေ ၅၄ သန်းမှာ
စစ်အစိုးရ ၁၄ သန်းမရှိပါဘူး
ဘယ်သူကညံနေတာလဲ
ဘယ်သူကသာနေတာလဲ
ဘယ်သူကစည်းလုံးမှု မရှိနေတာလဲ
ဒါတွေဒါတွေ ငါတို့ပြန်သုံးသပ်ဖို့ အရမ်းလိုအပ်နေပြီ
Wednesday, February 13, 2008

လွဲနေ့တဲ့ချစ်သူများနေ့
သြော် ချစ်သူများနေ့တဲ့
ပေးရမဲ့သူကတော့ အများသား
သူလေးကို နှင်းဆီပန်းပေးချင်ပါသည်
သို့ပေမဲ့ ပိုက်ဆံရှိဘူး ...
သူလေးကို ချောကလတ်ကျွေးချင်ပါသည်
သို့ပေမဲ့ ကိုယ်ဘာသာကိုယ်တောင် ၀ယ်မစားနိုင်ဘူး ....
သူလေးကို ချစ်တဲ့အကြောင်းစာဖွဲ့ရေးပြီးပေးချင်ပါသည်
သူလေးဆီကိုသွားပြီး ရင်ဘတ်ပေါက်မတက် ချစ်တဲ့အကြောင်းက သွားပြောချင်ပါသည်
သူလေးဆီသွားပြီ ............. အရာအားလုံးဖြည့်ပေးချင်ပါသည် သို့ပေမဲ့ ...............
အဖြစ်တွေက ဒီလိုပါဘဲ
လောကကြီးရဲ့အလွဲတွေ ကြားထဲမှာ
သူနဲ့စတွေ့ကထဲက လွဲမှားစွာတွေ့ခဲ့မှုဘဲ
အခုသူလေးနဲ့လွဲသွားခဲ့တာမဆန်းတော့ပါဘူး
လွဲပြီးရင်လွဲနေတဲ့ ဒီလူဘ၀အလွဲသံသရာကြီးမှာ
ငါတစ်ယောက်လည်းလွဲမှားမှုအတွက် လွဲမှားမှုတွေဖြစ်ပေါ်ဖို့ ပေါက်ဖွားခဲ့လားမသိတော့ပါ ...
Posted by
biggest
| Permalink
|
| 1 comment
Labels: ချစ်သူများနေ့
ဟဲလို အနော်ရဲ့ ဘလော့ ဘော်ဒါ ဘော်ကျွတ် သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါသည်။ အရှုတ်သံသရာထဲမှာ ရှုတ်နေတဲ့လူတွေနဲ့တွဲပြီး ရှုတ်ပွနေတဲ့အလုပ်တွေကို ခေါင်းရှုတ်အောင် လုပ်နေရတဲ့အတွက် ပိုစ့်မတင်နိုင်မှုကို တောင်းပန်အပ်ပါတယ်။ အရှုတ်ထဲက နေပြီး ပိုစ့်အရှုတ်တွေ တင်နိုင်အောင် ကြိုးစားနေပါတယ်။
၁၂ ရက်နေ့က တို့တိုင်းပြည်ရဲ့ ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့
တိုင်းရင်းသားအားလုံး စည်းလုံးကြရင် သိပ်ပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ပေါ့
၁၃ ရက်နေ့ကတော့ တို့တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၃ နှစ်မြောက်မွေးနေ့
ဝမ်းနည်းစရာဘဲ သိတဲ့သူတောင်နည်းလာပါရောလား တိုင်းရင်းသားတိုင်းမမေ့သင့်တဲ့ နေ့တစ်နေ့ပါဘဲ
ဒီလိုနေ့ထူးနေ့မြတ်တွေမှာတောင် အထိမ်းအမှတ် ပိုစ့်လေးတောင် မတင်နိုင်မှုအတွက် ငါကိုငါခွင့်မလွှတ်နိုင်ဘူး
၆၁ နှစ်မြောက်ပြည်ထောင်စုနေ့နဲ့ ၉၃ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ အေးချမ်းပြီး စည်းလုံးတဲ့ ပြည်ထောင်စုကြီးမှာ ဗိုလ်ချုပ်လို ထူးချွန်၊ ထက်မြက်၊ ကိုယ်ကျိုးမဖက်တဲ့သူ များစွာ ပေါ်ပေါက်လာပါစေလို့..........
Posted by
biggest
| Permalink
|
| 0
comments
Labels: အသိပေးစာ
Monday, January 28, 2008
ဒီနေ့ဟာဆိုရင် သူငယ်ချင်း စိန်မမ ရဲ့ ၂၃ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။ သူငယ်ချင်းနဲ့
ချက်တင်မှာတွေ့လို့ ဘာလိုချင်လဲလို့ မေးကြည့်တော့ ဖတ်လို့ ရတဲ့အရုပ်လိုချင်တယ်တဲ့။ အဲဒါကြောင့် ဖတ်လို့ ရတာကော ဆော့လို့ရတာတွေကောကို မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။
ရော့ဒါလေးက ဖက်လို့ အဆင်ပြေမယ်နဲ့တူတယ်။

နင်အမျိုးဆို ပိုဖက်ချင်မလားလို့ ဆိုပြီးတင်ပေးလိုက်တယ်။
ဒါက လက်အငြိမ်မနေတက်တဲ့ နင်အတွက် လက်တည့်ပြီး ဆော့ဖို့
သူလေးက ကြောက်တက်တယ် ဖြည်းဖြည်းရဖက်နော်.....
လွတ်နေတဲ့ နောက်လက်တစ်ဖက်ကို ထည့်လိုက်... ဒါမှ ငြိမ်မှာ
သူလေးကလည်း ဖက်ကောင်းတဲ့အထဲမှာ ပါတယ်
နင်သူကိုရော ဖက်ချင်လား။ သိပ်မဖက်ပါနဲ့ဟာ သူဟာနဲ့သူတောင် အိုနာကျိုးကန်းနဲ့
သူလေးကိုလည်း ဖက်ရင်သတိထား... ရောဂါကူတက်တယ်။
Posted by
biggest
| Permalink
|
| 2
comments
Labels: မွေးနေ့လက်ဆောင်
